Skip to main content

``မတူညီသော အမြင်များ´´

(လူနှစ်ယောက်လား? ဖန်ခွက်တစ်ခွက်လား? လူနှစ်ယောက်နဲ. ဖန်ခွက်တစ်ခွက်လား? ......???)

အင်း။ လူတွေက ကိုယ့်အကြောင်းကိုယ် အပြောချင်ဆုံး သတ္တ၀ါတွေတဲ့.. ကျမလည်း အရင်ကတော့ ကိုယ်ကြိုက်တဲ့စာတွေ စုစည်းထားဖို. စိတ်ကူးပြီး ဘလောက်ဂ်လေး တစ်ခု စမ်းလုပ်ကြည့်ရင်းနဲ့ .... အခုတော့ ကိုယ်ပြောချင်တာတွေကို (ဘယ်သူ နားထောင်ထောင်ချင်ချင် ၊ နားမထောင်ချင်ချင်) ရေးချင်တာတွေ ရေးလို.ရနေတဲ့ ကိုယ်ပိုင်စာမျက်နှာလေးတစ်ခု ဖြစ်လာရတယ်။ ကိုယ့်တွေးမိတာ၊ ထင်မြင်ယူဆမိတာလေးတွေ၊ ကိုယ့်ခံစားချက်တွေပေါ့။ ကိုယ့်အတွေးနဲ. ကိုယ်ရေးတာဆိုတော့ ကိုယ်ဘက်ကမှန်မယ်ထင်တာလေးတွေ။ တယောက်နဲ. တယောက် အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ တယောက်ထဲတောင် အခုမှန်တယ်ထင်ထားတာလေး နောက်တော့ မမှန်တော့ပါလား ဆိုပြီး အမြင်တွေ ပြောင်းတတ်ကြသေးတာပဲ။

အရင်ကတော့ အကြောင်းအရာတစ်ခုကို ကြည့်ရင် ကိုယ်မြင်သလို သူများတွေမြင်မယ် လို. ထင်မှတ်နေခဲ့မိတာ။ ပထမဦးဆုံး အကြောင်းအရာတစ်ခုအပေါ် အမြင်မတူတာကို သတိထားမိတာက ကျမတို. အဆောင်မှာ နေတုန်းကပေါ့။ နောက်ဆုံးနှစ်ထင်ပါတယ်။ ကျမတို. ရေချိုးခန်း ရေပုံးထဲက ရေပေါ်မှာ ပုရွက်ဆိတ်တွေ အုံလိုက် ကျင်းလိုက် ပေါလောပေါ်နေတဲ့ အချိန်ကစတာပါပဲ။

ကျမကတော့ ရေမကူးတတ်တဲ့ သူမို. ရေထဲ ကြာကြာနေရမှာ ကြောက်ပါတယ်။ အဲဒီလို ပုရွက်ဆိတ်တွေ တွေ.လို.ကတော့ ကျမ အကုန်ဆယ်ပစ်တာပဲ။ သူတို.ရေထဲမှာ ရေနစ်နေတယ်၊ ဒုက္ခရောက်နေတယ် ထင်တာကိုး။ နောက် ရွတ်တတ်သေးတယ်။ `နင့်အသက် တစ်ခါဆယ်၊ ငါ့အသက် ဆယ်ခါဆယ်´ ဆိုပြီး ရွတ်သေးတယ်။ ကိုယ့်ကိုကိုယ်တော့ ကယ်တင်ရှင်ကြီးပေါ့။

အဲ. နောက် ဒီအကြောင်းကို သူငယ်ချင်းတယောက်ကို ပြောပြမိလို. သူ.အမြင်တမျိုးကို သိလိုက်ရတော့ ကျမ အံ့သြသွားတယ်။ သူထင်တာက ပုရွက်ဆိတ်တွေ ရေနစ်တယ်လို. မထင်ဘူးတဲ့။ အိုက်လို. ရေစိမ်ချိုးနေကြတာတဲ့။ သူကတော့ ရေတခါချိုး နာရီဝက်လောက်ကြာအောင် ရေကို စိမ်ပြေနပြေ ချိုးတတ်သူကိုး။ (သူ.အမြင် အတိုင်းဆိုရင်တော့ ကျမက သူများရေချိုးနေတာကို နှောင့်ယှက်တဲ့သူ ဖြစ်သွားပြီပေါ့)

ဒါနဲ. ကျမလည်း သူများတွေအမြင်ကို နဲနဲ ပိုသိချင်တာနဲ. နောက်တယောက်ကို ဗျူးကြည့်မိတယ်။ သူ.ကို မေးကြည့်တော့ သူကတော့ ပုရွက်ဆိတ်တွေ ရေဆာလို. ရေဆင်းသောက်တယ်လို. ထင်တာပဲတဲ့။ ရေနစ်နေတယ်လို.တော့မထင်ပါဘူးတဲ့။ သူကတော့ ရေဆိုတာ ဆေးတပါးဆိုပြီး တချိန်လုံး အားတိုင်း ရေသောက်နေတတ်သူတစ်ယောက်ကိုး။ ( ဒီလိုဆိုရင်တော့ ကျမ သူများရေသောက်နေတာကို ပိတ်ပင်တားဆီးသူ တစ်ယောက်...)

အဲဒီမှာတင် ကျမ သဘောပေါက်သွားရတယ်။ လူတွေက ကိုယ်ထုံခဲ့တဲ့ အကျင့်ဗီဇတွေ၊ နေထိုင်ကျက်စားခဲ့တဲ့ ပတ်ဝန်းကျင်က သူတို.အတွေးအမြင်တွေကို ထင်ဟပ် ပြောင်းလဲတတ်တယ်ဆိုတာကို သတိထားမိသွားခဲ့တယ်။ အဲဒီနောက်ပိုင်းတော့ ကျမ အငြင်းသန်တဲ့ အကျင့်လျော့ပါးသွားရပါတယ်။ သူများတွေအမြင်ကိုလည်း သူတို.ရှုထောင့်ကနေ ကြည့်ဖြစ်ဖို. ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အချို.သောသူတွေကတော့ ကျမအမြင်တွေကို ပြောမိတဲ့အခါတိုင်း ဆရာကြီးလုပ်တယ်လို. ယူဆပြီး အမြင်ချင်းဖလှယ်ဖို.ဆိုတာထက် ကျမကို ဆန်.ကျင်ဘက်ဖြစ်မယ့်အရာတွေကိုပဲ တမင်ရွေးပြီး ပြောဆိုတိုက်ခိုက် လာပါတယ်။ အဲဒီအခါမျိုးမှာတော့ ကျမ စိတ်မကောင်းဖြစ်စွာနဲ့ပဲ သူတို.ကို ရှောင်ဖြစ်သွားပါတယ်။ သိပ်ရင်းနှီးတဲ့သူတွေနဲ့ပဲ လွတ်လွတ်လပ်လပ် စကားပြောဖြစ်ပါတော့တယ်။ ပြောရင်းနဲ. ငြင်းရတော့မယ် အနေအထားမျိုးရောက်ရင် ကျမ မဆက်ဖြစ်တော့ပါဘူး။ ကျမ မှားတာ မှန်တာထက် အမြင်ချင်းမတူတဲ့အကြောင်းနဲ. ဘာဖြစ်လို. ဒီလို မြင်တာလဲဆိုတာကိုသိချင်တာပါ။ ကျမကတော့ ကိလေသာကုန်ခမ်းတဲ့ အရိယာပုဂ္ဂိုလ်များမှ တပါး ကျန်သူတွေကတော့ ပရမတ်တရားထက် ပညတ်တွေကိုသာစွဲနေလို. အမှားတွေတော့ ရှိနေဦးမယ်လို. ထင်တာပါပဲ။ အစွဲတွေလည်း ရှိနေမှာပေါ့လေ။

ကျမပြောချင်တာကတော့ လူတွေကြည့်တဲ့ရှုထောင့်မတူရင် သူ.အတွေးအခေါ် အယူအဆချင်းကတော့ ထပ်တူကျဖို.ခက်ပါလိမ့်မယ်။ ပုဂံ ရွှေစည်းခုံ ဘုရားရောက်ဖူးကြတဲ့သူဆိုရင်တော့ အခု ကျမပြောမှာကို သိပါလိမ့်မယ်။ ကျန်စစ်သား လှံထောက်ထားခဲ့တယ်ဆိုတဲ့ ရေပြည့်နေတဲ့ ချိုင့်ခွက်ထဲကနေ ရွှေစည်းခုံဘုရားရဲ. စိန်ဖူးတော်ကို မြင်အောင် ကြည့်ဖို.ဆိုရင် တနေရာထဲကနေပဲ ကြည့်မှ ရပါလိမ့်မယ်။ သူ.limit ကကျော်ပြီး နေရာနဲနဲ ပြောင်းလိုက်တာနဲ. မတွေ.ရတော့ပါဘူး။ ဒါပေမယ့် စိန်ဖူးတော်ကို ဖူးမြင်ရခြင်းဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲပဲ ဆိုရင်တော့ မှန်ပြောင်းနဲ.၊ ဒါမှ မဟုတ် တခြားတနည်းနည်းနဲ. ကြည့်ရင်လည်း မြင်ရပါလိမ့်မယ်။ အဲဒီ တနေရာထဲကပဲ ကြည့်နေပြီး သူများဘက်ကကြည့်တာကို မဟုတ်ဘူး ငြင်းနေရင်တော့ အချိန်ကုန် လူပမ်းဖြစ်မယ့်အပြင် ရန်ပါများရပါလိမ့်မယ်။ အဖြေလည်းထွက်လာမှာမဟုတ်ပါဘူး။

(ပညာရှင်မဟုတ်တဲ့) ကျမတဦးတည်းအနေနဲ.ဆိုရင်တော့

  • လူတဦးချင်းစီဟာ သူဖြတ်သန်းခဲ့တဲ့ အတွေ.အကြုံ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်တွေကနေ သူ.အတွေးအမြင်တွေ ဖြစ်လာစေတယ်လို. လက်ခံပါတယ်။
  • သူဖတ်ခဲ့တဲ့စာပေ၊ သူလက်ခံခဲ့တဲ့ သူ.ကို လွှမ်းမိုးစေနိုင်တဲ့ အထင်ကြီးလေးစားတဲ့ လူတွေရဲ. သက်ရောက်မှုတွေကနေလဲ ဆက်နွယ်ဖြစ်ပေါ်စေတယ်လို.လဲ ယုံပါတယ်။
  • ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေကနေလဲ ဆင့်ပွားကြီးထွားစေနိုင်သလို တခြား သူ.အသိ ဆင်ခြင်နိုင်စွမ်းက လက်ခံနိုင်တဲ့ အဆင့်အလိုက်ကိုလည်း သူ လက်ခံနိုင်ပါလိမ့်မယ် လို.လည်း ယူဆပါတယ်။


အဲဒီတော့ တကယ်တမ်း အပြုသဘောဆောင်တဲ့ စကားဝိုင်းတစ်ခုဖြစ်ဖို.ဆိုရင်တော့ သူရှုထောင့်နဲ. သူ.အမြင်ပြောတာကို လက်ခံနားလည်ပေးနိုင်စွမ်းရှိရပါမယ်။ သူများတွေကတော့ လက်ဖမိုးနဲ. လက်ဖ၀ါး၊ ခေါင်းနဲ.ပန်းတွေနဲ. ဥပမာ ပေးခဲ့ဖူးပါတယ်။ နောက်ပြီး မျက်မမြင် ပုဏ္ဏား ၆-ယောက် ဥပမာလည်း ရှိပါသေးတယ်။ တကယ်တမ်းကျတော့ ဒီထက်ပိုလည်း ကွဲနိုင်ပါသေးတယ်။ မျက်မမြင်ပုဏ္ဏားတွေကတော့ အမြင်မရှိပဲ ကိုယ်ထင်တာ ကိုယ်လျှောက်ပြောပြီး တကယ့်အဖြစ်မှန်နဲ.ကွာခြားခဲ့ပါတယ်။ အဲဒီတော့ သူမမြင်လို. ပြောတာကို ကဲ့ရဲ.အပြစ်တင်နေမဲ့အစား အမှန်မြင်အောင် ကူညီပေးဖို.တာဝန်ရှိပါတယ်။ ပြောရရင်တော့ ထောင့်စေ့လေ၊ အဖြေမှန်နဲ.ပိုနီးလေဖြစ်မယ်လို. ကျမတော့ ယုံကြည်ပါတယ်။ လူဆိုတာတော့ ကိုယ်အမှန်ထင်တဲ့အရာကို မှားတယ်လို. တော်တန်ရုံလက်ခံမယ်မထင်ပါဘူး။ စေတနာမှန်မယ်၊ ဦးတည်ချက်ချင်းလည်းတူမယ်၊ ဆင်ခြင်တုံတရားနဲ.ပြည့်စုံတယ် ဆိုရင်တော့ အမြင်ချင်းမတူတာနဲ. ပုတ်ခတ်နေတာမျိုး၊ ငါမှ မှန်တယ်ဆိုတဲ့ တရားသေဆုပ်ကိုင်ထားတာမျိုး ရှိလိမ့်မယ် မဟုတ်ပါဘူး။ ပန်းတိုင်က တစ်ခုတည်းဆိုရင်၊ ဦးတည်ချက်ကလည်း တူနေတယ်ဆိုရင် စိတ်ကိုဖွင့်ထားပြီး အဖြေမရှာနိုင်စရာအကြောင်း မရှိလောက်ပါဘူးလို.ထင်ပါတယ်။

ဒါကတော့ ကျမတယောက်တည်းရဲ. ပုဂ္ဂလိက ခံစားထင်မြင်ချက်သက်သက်ပါ။ မှန်ချင်မှလည်း မှန်မယ်။ ပြည့်စုံချင်မှလည်းပြည့်စုံမယ်။ ဒါပေမယ့် ကျမရဲ. တခုတည်း သော စေတနာကတော့ မှန်ပါတယ်။ ကျမတို. မြန်မာပြည်နဲ. မြန်မာပြည်သူပြည်သားတွေကို ငြိမ်းချမ်းသာယာစေချင်တယ်။ မှန်သော သစ္စာစကားပါ။

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ