Tuesday, March 4, 2008

ခံစားမှုတွေပြည့်လာတဲ့အခါ ကဗျာတပုဒ်၊ စာတပုဒ်ဖြစ်သွားတယ်တဲ့။ ဘယ်သူ.ကိုမှ ပြောပြတိုင်ပင်လို.မဖြစ်တဲ့အခါ ဒိုင်ယာရီတွေ တစ်အုပ်ပြီး တစ်အုပ် ရေးခဲ့မိတဲ့ အကျင့်က မပျောက်သေးလေတော့.....ဒီ notebook လေးဟာပဲ ကျမရဲ. တိုင်တည်ရာဖြစ်လာခဲ့ပြန်ပေါ့။

ငါဟာ.......



ငါဟာ မမှားမိအောင် ကြိုးစားနေရင်းနဲ.ကို
မှားပြီးရင်း မှားနေတတ်တဲ့ အမှားစက်ဝန်းထဲက လူ။

ငါဟာ သူတပါး မထိခိုက်ဖို. ထိန်းသိမ်းနေထိုင်ရင်းနဲ.ကို
ထိခိုက်နာကျင်အောင် လုပ်မိနေတတ်တဲ့ လူ။


ငါဟာ ပွင့်လင်းဖြောင့်မတ်ဖို. ကြိုးစားနေရင်းနဲ.ကို
ထိန်ချန်ဖုံးကွယ်တတ်နေတဲ့ လူ။

ငါဟာ ရိုးသားမှုတွေကို ပေးဆပ်ချင်နေပေမယ့်
ကောက်ကွေ.ခြင်းတွေ.နဲ.သာ ပြည့်နှက်နေတဲ့ လူ။

ငါဟာ စိတ်ထင်တာလုပ်
ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူ၊

ငါဟာ ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက်
စဉ်းစားဉာဏ်မဲ့ ထင်ရာ ဇွတ်လုပ်တတ်တဲ့ လူ၊

ငါဟာ ကိုယ့်အမြီးကိုယ် ပြန်မြိုနေမိတဲ့
မြွေတစ်ကောင်လို လူ။

ငါဟာ ကိုယ့်အသွေးအသားကို မြိန်ရေရှက်ရေစားနေမိတဲ့
ကြောင်စုန်းမ လို လူ။

ငါဟာ အသိခေါက်ခက်
အ၀င်နက်အောင် မိုက်တွင်းနက်နက်တူးတတ်တဲ့ လူ။

ကြည်နေတာကို နှောက်၊
မရှင်းတတ်တာကို ရှုပ်၊
လွယ်နေတာကို ခက်၊
ဖြူနေတာကို အမဲရောင်ဆိုး၊
အေးချမ်းနေတာကို ပူလောင်အောင်လုပ်....ပြီး
ကိုယ့်သိက္ခာကိုယ် စော်ကား၊
ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့တဲ့ လူ။

အဟားဟား ...
ကဲ။ မုန်းစရာ မကောင်းဘူးလား။ အဲဒီလူဟာ ငါပါပဲ။
အဲဒီအပြစ်များစွာနဲ. လူဟာ ငါကိုယ်တိုင်ပါပဲ... လေ။


သိင်္ဂီနွယ်

1 comment:

မိုးခါး said...

မမရေ
ညီမထင်တာတော့ ကိုယ့်ကိုအဲလိုဖြစ်နေပါသလားလို့ တွေးမိနေသေးတာ တော်ပါသေးတယ် ..
တချို့ဆို ....
ဘာပဲဖြစ်ဖြစ် ညီမလည်း ကိုယ့်ကိုဘယ်လိုပါလိမ့်လို့ တွေးမိသွားတယ် ..
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ

ချစ်ခင်စွာဖြင့်
မိုးခါး