Tuesday, March 11, 2008

Happy 40th Birthday To You, Ko Nge!

HAPPY BIRTHDAY !!!
ဒီနေ့ မတ်လ-၁၁-ရက်နေ.၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀-က မွေးဖွားခဲ့လို. အခု ကိုငယ့်ဘ၀ စဖို. အချိန်ရောက်လာခဲ့ပြီပေါ့။ ကျမကတော့ ကျမရဲ. ဘ၀လက်တွဲဖော် ချစ်သူကို ဘာအကောင်းဆုံးပေးရရင် ကောင်းမလဲ စဉ်းစားလို.မရဘူး။ အကောင်းဆုံးတွေက ပေးတာကုန်သွားပြီလေ။ :) ကိုငယ့်မွေးနေ.က စပြီး စိတ်တို စိတ်ကောက်၊ ဒေါသတွေ လျှော့ပါ့မယ်လို.ပဲ ကတိပေးရရင်ကောင်းမလား။ အကောင်းဆုံးပါရမီဖြည့်ဖက်ဖြစ်အောင် ကြိုးစားပါ့မယ် ပြောရင်ကောင်းမလား။ ကိုငယ် ကျမဆီက ဘာကိုလိုချင်မလဲ အခုထက်ထိမသိသေးဘူးနော်။ ကျမ သူ.မွေးနေ. မှတ်မှတ်ရရပေးဖြစ်ခဲ့တာက... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သွေးလှူရှင် တံဆိပ်ကလေးတစ်ခု (ကိုငယ့်မွေးနေ.အတွက်ရည်စူးပြီး တသက်မှာ တစ်ခါသာ လှုဖူးတဲ့ အလှူ)၊ သူ.ရဲ.အကျင့်အတိုင်း ရည်းစားဘ၀မတိုင်ခင်က ပေးထားခဲ့တဲ့ အဲဒီတံဆိပ်ကလေးရော၊ ရည်းစားဘ၀က ဓာတ်ပုံတွေ၊ စာတွေ၊ လက်ဆောင်ပစ္စည်းတွေ ဘာတစ်ခုမှ ကျမလက်ထဲ ပြန်မရောက်လာတော့ပါဘူး။ အဲဒီအသက်မဲ့တဲ့ ပစ္စည်းတွေက တချိန်ကတော့ ကျမရဲ.ခံစားမှုတစိတ်တပိုင်းကို ကိုယ်စားပြုလေတော့ မြတ်နိုးတန်ဖိုးထားခဲ့တာတွေပေမယ့် ကျမဘ၀ရဲ. မရှိမဖြစ် “ကိုငယ်” ကို ပိုင်ဆိုင်ခွင့်ရနေမှတော့ ဘာမှ အရေးမကြီးတော့ပါဘူး။ အဟဲ။

အော်... သိပြီ။ ကျမ ကိုငယ် လို.ခေါ်တာ အမြတ်တနိုးနဲ.ပေမယ့် ခုကျတော့ သူ သိပ်မကြိုက်ချင်တော့ဘူး။ တကယ်တမ်း ကျမတို. ခုချိန်မှာ “ကိုငယ်၊ မေလေး ” မလုပ်နိုင်ခဲ့တာ ကြာပါပြီ။ “ဖေကြီး၊ မေကြီး” ဒါမှမဟုတ် “ခင်ဗျား/ရှင်၊ ကျူပ်” နဲ. အော်ဟစ်ပြောဆိုနေကြတာပါပဲ။ ခုမှပဲ အကြံရတော့တယ်။ ကျမ ဘယ်သူ.ကိုမှ မခေါ်ဖူးခဲ့တဲ့ နာမ်စား။ ကြိုက်မှာပါ....“မောင်ကြီး” လို.။ ဟဲဟဲ

မောင်ကြီး သက်တော်ရာကျော်ရှည်ပါစေ၊ မောင်ကြီးချစ်တဲ့ မိသားစုနဲ.အတူတူ ဘ၀ရဲ. သာယာချမ်းမြေ့မှုတွေကို ရောင့်ရဲကျေနပ်စွာ ငြိမ်းအေးတဲ့ ဘ၀လေးတစ်ခု သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေ။ ပြီး မောင်ကြီးချစ်တဲ့ မေကြီးနဲ.အတူတူ ကျမတို.ရဲ. ရည်မှန်းချက် ပန်းတိုင်ကို တဦးကို တဦး အမှီသဟဲပြုရင်း သံသရာရဲ. နောက်ဆုံး အချိန်ထိ အတူတူ လက်တွဲမပြုတ်စတမ်း ရှိနေပါရစေ။

No comments: