
မင်္ဂလာအပေါင်းနဲ. ပြည့်စုံတဲ့ မွေးနေ.ဖြစ်ပါစေ...ဖေဖေ။
ဒီနေ.ဆို ဖေဖေ အသက် -၇၁-နှစ်ပြည့်ပြီပေါ့။ တကယ်တမ်း ကျမဟာ ဖေဖေ့ရဲ. သမီးပါ။ ငယ်စဉ်က ဖေဖေ့ကို မကောင်းပြောတာ မခံနိုင်တဲ့၊ ဖေဖေ လုပ်သမျှ လိုက်လုပ်တတ်၊ ဖေဖေ ကြိုက်နှစ်သက်တတ်တဲ့ တောစာ၊ (ဖား၊ ဖွတ်၊ ဂျီသား၊ လိပ်ဥ... အစရှိတဲ့)တွေကို တခြား ယောကျာင်္းလေး အကိုနဲ.မောင်က မစားရဲပေမယ့် ကျမက လိုက်စားတတ်ခဲ့တဲ့ ဖေဖေ့ရဲ. သမီးပါ။ မေမေကို လှတယ်လို. လူတိုင်းပြောကြပြီး သားတွေက အမေနဲ.တူပြီး သမီးကိုတော့ အဖေနဲ.တူတယ်လို. ပြောခဲ့ကြတယ်။ ဖေဖေနဲ.တူတဲ့အတွက်၊ ဖေဖေ့လို အပေါင်းအသင်းတွေကို ခင်တွယ်တဲ့ အတွက် မေမေနဲ. စကားပြောအဆင်မပြေတိုင်း ညည်းက အဖေ့သမီးပဲလို. အပြောခံထိခဲ့ဖူးတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ သမီးတို.ကို အောက်တန်းမကျအောင် အမြဲတမ်း ကြိုးစားပေးခဲ့တဲံ့ ကျမတို.ရဲ.ဖေဖေ၊ သားသမီးတွေကို မျက်နှာ မညှိုးအောင် ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေ၊ သားသမီးတွေ အပေါ် သံယောဇဉ်ကြီးရှာတဲ့ဖေဖေ၊ ကျမတို.ရဲ. ကျေးဇူးရှင် ဖေဖေပါ။ ကျမမှတ်မိသလောက် ဖေဖေအရက်သောက်လာတိုင်း မေမေရော၊ကျမတို. မောင်နှမတွေပါ မူးပြီး ရိုက်နှက်တာမျိုး မခံခဲ့ရပါဘူး။ မေမေကသာ ဖေဖေ့ကို တညလုံးဂျီကျခြင်းကိုသာ ဖေဖေခံနေကျပါ။ တကယ်တမ်း ဖေဖေ တတ်နိုင်သလောက် အကောင်းဆုံး ဖြည့်စွမ်းပေးခဲ့တာပါပဲ။
မှတ်မိသေးပါတယ် ဖေဖေ...။ ၈၉ရဲ. ညတစ်ညမှာ...။ ကျမတယောက်တည်း အခန်းထဲမှာ စီးကရက်တွေ တလိပ်ပြီး တလိပ် ထိုင်ရှိုက်ဖွာနေခဲ့တာ နောက်ဆုံးကျတော့ စီးကရက်တစ်ဘူးလဲကုန်ရော ကျမလဲ မူးပြီး မှောက်သွားခဲ့ပါတယ်။ ခြင်ထောင်တောင် မထောင်နိုင်တော့ဘဲ အိပ်ပျော်လုလုဖြစ်နေတဲ့ ကျမကို ဖေဖေက စိတ်ထိခိုက်စွာ လာကြည့်ပြီး ခြင်ထောင်ချ သိပ်ပေးခဲ့တယ်။ အဲဒီတုန်းက ကျမ ဖေဖေ့ကို စိတ်ဆိုးခဲ့တာလေ။
မှတ်မိသေးပါတယ် ဖေဖေ...။ ၈၉ရဲ. ညတစ်ညမှာ...။ ကျမတယောက်တည်း အခန်းထဲမှာ စီးကရက်တွေ တလိပ်ပြီး တလိပ် ထိုင်ရှိုက်ဖွာနေခဲ့တာ နောက်ဆုံးကျတော့ စီးကရက်တစ်ဘူးလဲကုန်ရော ကျမလဲ မူးပြီး မှောက်သွားခဲ့ပါတယ်။ ခြင်ထောင်တောင် မထောင်နိုင်တော့ဘဲ အိပ်ပျော်လုလုဖြစ်နေတဲ့ ကျမကို ဖေဖေက စိတ်ထိခိုက်စွာ လာကြည့်ပြီး ခြင်ထောင်ချ သိပ်ပေးခဲ့တယ်။ အဲဒီတုန်းက ကျမ ဖေဖေ့ကို စိတ်ဆိုးခဲ့တာလေ။
လူသားတယောက်အနေနဲ. ပုထုဇဉ်တစ်ယောက်အနေနဲ. ဖေဖေ့မှာ အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ခင်ပွန်းသည်တယောက်အနေနဲ.လည်း ဖေဖေ မေမေ့အပေါ်မှာ အမှားတွေ ကျူးလွန်ခဲ့ကောင်း ကျူးလွန်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် သားသမီးတွေ အပေါ်မှာ တွယ်တာစွာ ထားခဲ့တဲ့ ဖေဖေ့ရဲ. မေတ္တာနဲ. ကျေးဇူးတရားတွေမှာတော့ မြူမှုံမျှ အပြစ်မရှိခဲ့ပါဘူး။ သားသမီးတွေ အပေါ် ချစ်လွန်း၊ အလိုလိုက်ခဲ့လွန်း၊ အစစအရာရာ ဖြည့်ဆည်းပေးတတ်ခဲ့လွန်းလို.သာ လွဲချော်မှုတွေ ဖြစ်ခဲ့ရတာပါ။ ဖေဖေဟာ ကျမတို. မောင်နှမအတွက်တော့ ဘ၀ရဲ. တသက်တာ ကျေးဇူးရှင်ပါပဲ။ မွေးပေးခဲ့၊ ကျွေးမွေးပြုစု စောင့်ရှောက်ပြီး ပညာတွေ သင်ကြားပေးခဲ့လို. လူတလုံး သူတလုံး နေခွင့်ရခဲ့တာ ဖေဖေနဲ. မေမေ့ကျေးဇူးတွေကို ကျမတို. မောင်နှမတွေ ဆပ်လို.ကျေမယ်မထင်ပါဘူး....။
အရာရာ အားလုံးအတွက် ကျေးဇူးပါ ....ဖေဖေ......။
Comments