မေလဟာ ကျမအတွက် တနှစ်တာ အမှတ်တရ ရှိနေခဲ့တဲ့ လ တစ်လပါ။ ငယ်စဉ်က ဆိုရင်တော့ ပြက္ခဒိန်အသစ်ပြောင်းတိုင်း မေလ ကို အရင်ဆုံး ရှာမိပါတယ်။ ကျမတို. မောင်နှမ ၂-ယောက်က မေ-၂၄ နဲ. မေ ၂၅ မွေးတဲ့သူတွေမို. တလထဲမှာ တခါပဲပေါင်းပြီး မေမေတို.က မွေးနေ.လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ့်မွေးနေ.ကို အရင် စိတ်ဝင်တစား ရှိခဲ့ဖူးပါရဲ.။ အခု ၂၀၀၈ မေလကတော့ ပြည်သူတွေကို ကပြောင်းကပြန် ဖြစ်စေခဲ့ပါပြီ။ ကျမတို.လည်း မမြင်ဖူးခဲ့တဲ့ မြင်ကွင်းတွေ မြင်တွေ.ရ၊ မကြားဖူးခဲ့တဲ့ ကြေကွဲစရာ ဖြစ်ရပ်မှန်တွေ ကြားခဲ့ရ။ ဒီကြားထဲ မေ ၂၄ ရက်နေ.မှာ ကစားပွဲတစ်ခု။ ကျမကတော့ အားကစားစိတ်ဓာတ်မရှိတဲ့သူပါ။ ယှဉ်ပြိုင်ခြင်းသာ ပဓာနလို. မခံယူနိုင်သူ။ ကိုယ်အယုံအကြည်မရှိတဲ့ ကစားပွဲမို. participate မလုပ်ခဲ့ပါဘူး။ ကျန်တာတွေတော့ ကျမနားမလည်ဘူးလေ။ မေ ၂၅- ကျမမွေးနေ.။ အသက် ၄၀ ပြည့်မွေးနေ.မို. ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားခဲ့တာ နှစ်စ လောက်ကတည်းက။ ဒါပေမယ့် နာဂစ်နဲ.အတူ ကျမစိတ်တွေလည်း .... သတင်းတွေကြား၊ ပုံတွေမြင်ခဲ့ရတဲ့နောက်....။ စိတ်အတွေးတွေကလည်း နာဂစ်နှိပ်စက်သွားတဲ့ ကျမရဲ. လူတွေဆီကကို မလွတ်နိုင်ခဲ့ပါဘူး။ ကျမလည်း ပြန်လာကတည်းက ကိုယ်တတ်နိုင်သလောက် ကိုယ့်အနီးအနားက ကိုယ်လက်လှမ်...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!