Skip to main content

မေလရဲ. အမှတ်တရများ (၁)

မေလဟာ ကျမအတွက် တနှစ်တာ အမှတ်တရ ရှိနေခဲ့တဲ့ လ တစ်လပါ။ ငယ်စဉ်က ဆိုရင်တော့ ပြက္ခဒိန်အသစ်ပြောင်းတိုင်း မေလ ကို အရင်ဆုံး ရှာမိပါတယ်။ ကျမတို. မောင်နှမ ၂-ယောက်က မေ-၂၄ နဲ. မေ ၂၅ မွေးတဲ့သူတွေမို. တလထဲမှာ တခါပဲပေါင်းပြီး မေမေတို.က မွေးနေ.လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ့်မွေးနေ.ကို အရင် စိတ်ဝင်တစား ရှိခဲ့ဖူးပါရဲ.။

အခု ၂၀၀၈ မေလကတော့ ပြည်သူတွေကို ကပြောင်းကပြန် ဖြစ်စေခဲ့ပါပြီ။ ကျမတို.လည်း မမြင်ဖူးခဲ့တဲ့ မြင်ကွင်းတွေ မြင်တွေ.ရ၊ မကြားဖူးခဲ့တဲ့ ကြေကွဲစရာ ဖြစ်ရပ်မှန်တွေ ကြားခဲ့ရ။

ဒီကြားထဲ မေ ၂၄ ရက်နေ.မှာ ကစားပွဲတစ်ခု။ ကျမကတော့ အားကစားစိတ်ဓာတ်မရှိတဲ့သူပါ။ ယှဉ်ပြိုင်ခြင်းသာ ပဓာနလို. မခံယူနိုင်သူ။ ကိုယ်အယုံအကြည်မရှိတဲ့ ကစားပွဲမို. participate မလုပ်ခဲ့ပါဘူး။ ကျန်တာတွေတော့ ကျမနားမလည်ဘူးလေ။

မေ ၂၅- ကျမမွေးနေ.။ အသက် ၄၀ ပြည့်မွေးနေ.မို. ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားခဲ့တာ နှစ်စ လောက်ကတည်းက။ ဒါပေမယ့် နာဂစ်နဲ.အတူ ကျမစိတ်တွေလည်း .... သတင်းတွေကြား၊ ပုံတွေမြင်ခဲ့ရတဲ့နောက်....။ စိတ်အတွေးတွေကလည်း နာဂစ်နှိပ်စက်သွားတဲ့ ကျမရဲ. လူတွေဆီကကို မလွတ်နိုင်ခဲ့ပါဘူး။ ကျမလည်း ပြန်လာကတည်းက ကိုယ်တတ်နိုင်သလောက် ကိုယ့်အနီးအနားက ကိုယ်လက်လှမ်းမီသလောက် ကြိုးစားကူညီခဲ့ပါတယ်။ ကုသိုလ်လိုချင်လို.လည်းမဟုတ်၊ ကျေးဇူးတင်ခံချင်လို.လည်းမဟုတ်၊ စေတနာ မေတ္တာရှိတယ်ဆိုတာ ပြချင်လို.လည်းမဟုတ်။ မနေနိုင်လို.ပါ။ ဒါအမှန်တရားပါပဲ။ မိုးတွေရွာလို. ကိုယ်တွေက အမိုးအကာအောက်မှာ နွေးနွေးထွေးထွေး ရှိနေတဲ့အချိန်မှာ မိသားစုတွေပျက်စီး။ အမိုးအကာမလုံခြုံတဲ့ လူတွေ.... စိတ်ရော လူပါ ပင်ပန်းနေတဲ့ ကျမတို. တမြေထဲနေ တရေထဲ သောက် သွေးချင်းတွေ။ ဟုတ်ပါတယ်....။ အရင်ကတည်းက ဒါတွေ ရှိနေခဲ့မှာပါ။ အမှန်ဝန်ခံရရင် ကိုယ်မတတ်နိုင်လို. ဥပေက္ခာပြုခဲ့တာလည်း ပါပါတယ်။

ဒီတခါမွေးနေ.မှာတော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတယောက် ဖုန်းဆက်တာနဲ. ဖျာပုံသွားဖို. အခွင့်ကြုံခဲ့ပါတယ်။ ကျမတို.သွားဖို. စဉ်းစားနေတာတော့ စ ဖြစ်ပြီးကတည်းပါပဲ။ အခြေအနေမပေးတာနဲ. မသွားဖြစ်ခဲ့ပါဘူး။ ကြိုမသိထားခဲ့လို. ကမန်းကတန်း သင့်တော်မယ့် ပစ္စည်းလေးတွေ ၀ယ်ပြီး ထွက်ခဲ့ပါတယ်။ ကျမတို.ကားက ဆလွန်းကား၊ လူကလည်း ၂-ယောက်တည်းပါတာမို. အစစ်အဆေးမခံခဲ့ရပါဘူး။ တနင်္ဂနွေမို.လို. သွားတဲ့ကားတန်းတွေ လူတွေ အများကြီးပါပဲ။ ကျမတို. ထွက်တာနောက်ကျလို. တချို.က ပြန်လာကြပါပြီ။ အပေါ်အင်္ကျီဗလာနဲ. အမျိုးသားလေးတွေတွေ.တော့ .... အော်... အင်္ကျီတောင် ချွတ်လှူခဲ့ရလောက်အောင် သဒ္ဓါတရားတွေ ထက်သန်နေတဲ့ ကျမတို.မြန်မာပြည်သားတွေ။ ကိုယ်မှ မတွေ.သေးတာကိုး။ တကယ်တမ်း ကြုံရတော့ .... ရင်နင့်စရာပါ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော။ ဘယ်သူကမှ လုပ်စရာအလုပ်ရှိရင် အလုပ်ကိုပစ်ထားပြီး သူများပေးစာ ကမ်းစာတွေကို လမ်းဘေးမှာ ထိုင်စောင့်မျှော်နေမဲ့ သူတွေ မဟုတ်ပါဘူး။ နေရတဲ့အခြေအနေတွေကိုလည်း မြင်ခဲ့ရတယ်။ မြန်မာတွေ ပျင်းကောင်းပျင်းမယ်။ ဒါပေမယ့် ဘယ်သူကမှ အရချောင်တယ်ဆိုပြီး သူတောင်းစားလို လက်ဖြန့်တောင်းခံနေရတဲ့ ဘ၀ လိုချင်ပါ့မလဲ။ ဒီလောက် လူအများကြီးလေ......။

တချို.က ရည်စူးထားတဲ့နေရာက တစ်နေရာ။ မရောက်သေးပေမယ့် ဒီလို ဒုက္ခသည်တွေ လမ်းမှာ မြင်ရတော့ ဘယ်လိုမှ မနေနိုင်။ ကားပေါ်က ပစ်ချကြတယ်။ ဒါကလည်း ထိန်းသိမ်းနိုင်စွမ်းနည်းတဲ့ လူတွေလည်း ဒီထဲပါမှာပေါ့။ ဒါပေမယ့် လူတွေကို ပေးချင်တဲ့ စေတနာ၊ ရစေချင်တဲ့ စိတ်ကြောင့်လို.ပဲလို. ကျမမြင်ပါတယ်။ ကိုယ့်လူမျိုးကို နှိမ့်ချအောင် လုပ်ချင်တဲ့ ဆန္ဒကြောင့်တော့ ဟုတ်မယ်မထင်ပါဘူး။

ကလေးတွေကတော့ ပျော်လို.။ လူကြီးတွေကတော့ မျှော်လို..........။ ကွမ်းခြံကုန်းဘက်ကတော့ အဆိုးဆုံးပဲ ထင်တယ်။ ကျမသွားတဲ့ မြင်ခဲ့တဲ့ ခရီးတလျှောက်မှာပါ။ ကျမတို.က ဖျာပုံကို သွားတာပါ။ တခါမှ မရောက်ဖူးသေးတော့ ဟိုမေး သည်စမ်းနဲ. ဖျာပုံမြို.ကို ရောက်ပါတယ်။ ဆရာဇော်ဂျီရဲ. မြို.ပေါ့။ တကယ်ဆို ကျိုက်လတ်ဆိုတာ ကျမအဖွားတွေရဲ. ဇာတိ။ ဒါပေမယ့် ကျမတသက် တခါမှ မရောက်ဖူးသေးပါဘူး။ ဖျာပုံရောက်တော့ ရောက်နှင့်နေတဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်။ သူတို.က လှေဆိပ်ရောက်နေပြီဆိုလို. လိုက်သွားကြပါတယ်။ သူတို.က ကားသုံးစီးနဲ. လူတွေ ပစ္စည်းတွေ အပြည့်နဲ့ပါ။.....
...

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

အမွတ္တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။