Wednesday, May 21, 2008

နာဂစ်ကတော့ လာလည်သွားတာ ခဏပါပဲ။ မြန်မာပြည်သူပြည်သားတွေတော့ ပြောင်းဆန်ကုန်ကြပါတယ်။ လူကို လူလို. မြင်တတ်ပြီး တန်ဖိုးထားတတ်တဲ့ သူတွေအတွက်တော့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ အဖြစ်အပျက်ကြီးပါပဲ။ နဂိုထဲက ဒီလိုနေထိုင်စားသောက်နေတာပဲ၊ ဆင်းရဲတယ်ဆိုတာ တစ်ခုခုတော့ မှားယွင်းနေတယ်ဆိုတဲ့ လူတွေအတွက်တော့ သူ.ထိုက်နဲ.သူ ခံရတာပဲလို. နှလုံးသွင်းပြီး နေနိုင်လေကြမလား။

ဘာပဲ ပြောပြော မြန်မာတွေရဲ. ချစ်စရာကောင်းတဲ့ မျှဝေခံစားမှုတွေ အများကြီး အများကြီး မြင်တွေ.ရတဲ့ အတွက် ကျမ အဖြစ်ဆိုးထဲက မြင်တွေ.ရလိုက်ရတဲ့ ပီတိလေးတွေအတွက် ၀မ်းသာမိပါတယ်။

လူတွေကတော့ မဲပေးဖို.ထက် တတ်အားသမျှ လှူဖို. ဝေမျှဖို. စဉ်းစားနေကြပါတယ်။ ကြုံတဲ့နေရာမှာ တနိုင်တပိုင် ဝေမျှနေကြတာကိုလည်း တွေ.မြင်နေရပါတယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့ အချောင်သမားများရဲ. အကျင့်ဆိုးတွေကိုလည်း မမြင်ချင်အဆုံး တွေ.နိုင်ပါတယ်။ အားနည်းတဲ့သူတွေကို ကူမတဲ့ သူတွေ တွေ.ရသလို သူများတွေရဲ. အလှူကို ပိတ်ပင်တဲ့ သူတွေ၊ ဖြတ်စားတဲ့ သူတွေကလည်း ရှိနေသေးပါတယ်။ ဒါကတော့ ကိုယ့်လမ်းကိုယ်ရွေးကြတာပါပဲ။

အဆိုးထဲက အကောင်းပြောရရင်တော့ ကျမတို. ပြည်သူတွေ ဝေမျှတတ်တဲ့ အကျင့်လေးတွေ ပြန်မြင်လာရပါတယ်။ ကိုယ်တိုင်လည်း ဒီဒုက္ခကို ခံစားလိုက်ရတော့ ကိုယ်ချင်းစာနာစိတ်ပိုမို ဖြစ်ခဲ့တယ်လို.ထင်ပါတယ်။ ရေဆိုလည်းမျှသုံး၊ အစားအသောက်ဆိုလည်း မျှဝေ၊ အ၀တ်အစားတွေဆိုလည်း တတ်နိုင်သလောက် ဝေမျှနေကြတာတွေ တွေ.နေကြရတဲ့အတွက် ကျမတို. မြန်မာပြည်သူ ပြည်သားတွေမှာ ခြစားပြီး ပျက်မသွားသေးတဲ့ စိတ်ဓာတ်ကောင်းလေးတွေနဲ. သာယာဝပြောတဲ့ မြန်မာပြည်သစ်ကြီးကို တနေ.တော့..................။

ပြီးသွားပြီတဲ့။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီတဲ့။ ...

No comments: