Skip to main content

ဦးဆောင်လမ်းပြသူ လိုတယ်

လူထုစိန်ဝင်း

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီး ၁၀ ရက်လောက်အကြာမှာ ပြင်ဦးလွင်က လူငယ်စာရေးဆရာ ကိုဟင်းရာတစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့်ရောက်ချလာပါတယ်။ သူက အကြောင်းမရှိဘဲ ရန်ကုန်ကို မလာတတ်ပါဘူး။ မိဘနှစ်ဦးကို အဖော်ပြုနေရသူဖြစ်တာကြောင့် ညအိပ်ညနေခရီး ထွက်ခဲပါတယ်။

လိပ်ပြာမလုံလို.

“ လူတွေ သိန်းနဲ.ချီပြီး သေကျေပျောက်ဆုံးနေရတဲ့ ကပ်ဆိုး၊ ဘေးဆိုးကြီးမှာ လူတိုင်း တစ်ပိုင်တစ်နိုင် တတ်စွမ်းသမျှ ၀ိုင်းဝန်းကူမနေကြတဲ့ အချိန်မှာ ဒီအတိုင်း ငုတ်တုတ် ထိုင်နေရတာ လိပ်ပြာမလုံ ဖြစ်ရတယ်ဆရာရယ်။ အဲဒါကြောင့် ဆရာတို.နဲ. တိုင်ပင်ပြီး ကိုယ်ထိလက်ရောက် ဘာတွေ လုပ်နိုင်သလဲဆိုတာ စဉ်းစားမယ်။ ဘယ်သွားပြီး ဘာလုပ်ရ လုပ်ရ လုပ်ဖို. ရည်ရွယ်ပြီး ဆင်းလာခဲ့တာပဲ ” ကိုဟင်းရာက စိတ်အားထက်သန်စွာ လာရင်းအကြောင်းကို ရှင်းပြပါတယ်။ အမေ လူထူ ဒေါ်အမာ တစ်နှစ်မှာ ခြောက်လလောက် ပြင်ဦးလွင်မှာ အပူရှောင်နေထိုင်သမျှ ကာလပတ်လုံး အနားမှာ လက်ကသုံးတောင်ဝှေး ပြုစုစောင့်ရှောက်နေရုံမျှမက အမေမာဆီ ရောက်လာသမျှ ရပ်ဝေးရပ်နီး ဧည့်သည်မှန်သမျှကိုလည်း စိတ်ရှည်လက်ရှည်နဲ. စေတနာ့ဝန်ထမ်းဧည့်လမ်းညွှန် လုပ်ပေးနေကျ လူမှုရေးစိတ်ဓာတ်ပြည့်ဝသူတစ်ဦးအနေနဲ. ငြိမ်မနေနိုင်ဘူးဆိုတာ အံ့သြဖွယ်ရာ မဟုတ်ပါဘူး။ ဒါလူငယ်ရဲ. ဗီဇစိတ်ဓာတ်ပဲ ဖြစ်တယ်။ လူငယ်တိုင်းဟာ အများအကျိုးဆောင်ရွက်လိုစိတ် ရှိတယ်။ လိုအပ်ရင် ကိုယ်ကျိုးတောင်စွန်.နိုင်တယ်။

မြန်မာက မြန်မာပါပဲ

မုန်တိုင်းကြီးပြီးလို. လေးငါးရက်အကြာမှာပဲ စင်ကာပူရောက် တပည့်လေးတွေဆီက ပဏာမစုဆောင်းကောက်ခံရရှိလာတဲ့ အလှူငွေ ရောက်လာပါတယ်။ ရပ်ပိုင်းလောက်ခြားပြီးတော့ သြစတြေးလျ၊ အမေရိကန်နိုင်ငံများရောက် တပည့်ကျောင်းသူ၊ ကျောင်းသားများကလည်း တစ်နိုင်တစ်ပိုင် ရောက်လာကြပါတယ်။ ဒီလူငယ်လေးတွေဟာ နိုင်ငံရပ်ခြားမှာ နေ.မအား ညမအား ကြိုးစားပမ်းစား လုပ်ကိုင်ရှာဖွေရရှိတဲ့ ချွေးနည်းစာလေးတွေနဲ. ပို.ပေးရှာကြတာပါ။ အချို.ဆို နိုင်ငံခြားရောက်နေတာ ဆယ့်လေးငါးနှစ်မကတောင် ရှိနေပါပြီ။ ဒါပေမယ့် မြန်မာစိတ်ကတော့ မပျောက်ပါဘူး။ ဘယ်လောက်ဝေးဝေး ဘယ်လောက်ကြာကြာ မြန်မာက မြန်မာပါပဲ။ နိုင်ငံခြားရောက်နေသူတိုင်းကို အမေကျော် ဒွေးတော်လွမ်းသူအဖြစ် ဘယ်သတ်မှတ်လို. ဖြစ်မှာလဲ။ မြန်မာပြည်တွင်းမှာ နေရင်းက ဒွေးတော်လွမ်းသူတွေ၊ နိုင်ငံခြားရူး ရူးနေသူတွေလည်း အများကြီးရှိနေတာ မဟုတ်လား။ တစ်နိုင်ငံလုံး ခြုံပြီး ကြုံတွေ.ရတဲ့ ဒီလို ဘေးဆိုးကပ်ဆိုးကြီး ရင်ဆိုင်ရတဲ့အခါကျတော့ ဘယ်သူတွေဟာ ကရုဏာတရားကြီးမားကြတယ်၊ ဘယ်သူတွေကတော့ ခေါင်းပါးကြတယ်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ.နိုင်ကြပါတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေရဲ. စေတနာကို သာဓုခေါ်ပါတယ်။ ပြည်တွင်းက တပည့်ဟောင်းတွေကလည်း ရနိုင်သမျှ ပစ္စည်းတွေ စုဆောင်းပြီး အခေါက်ခေါက်အခါခါ လေဘေးသင့်ရာအရပ်များကို သွားရောက်လှူဒါန်းကြပါတယ်။ ပြန်လာတဲ့အခါ သူတို.ဆီက ကြားရသမျှ သတင်းများကလည်း ရင်ဆို.စရာချည်းပါပဲ။

အင်္ကျီပါချွတ်ပေးခဲ့ရ

တစ်ခေါက်မှာတော့ သူတို.က ဒုက္ခသည်တွေက ။ထဘီမပါဘူးလား၊ ထဘီမပါဘူးလား၊ လို.ချည်း မေးကြတယ်။ ထဘီတွေ ရှာဝယ်ဦးမှ ဖြစ်မယ်လို. ပြောကြတယ်။ ဟုတ်သားပဲ။ လှူသမျှလူတိုင်းက ပုဆိုးတွေ၊ အင်္ကျီတွေ၊ ဘောင်းဘီတွေချည်းလှူကြမှာ။ ထဘီကို ဘယ်စဉ်းစားမိမှာလဲ။ အဲဒါကြောင့် ထဘီတွေ ရှာပြီး ၀ယ်ခိုင်းရတယ်။ တော်ပါသေးရဲ.။ ထဘီတွေကို အထက်ဆင်တပ်ပြီးသား။ ချုပ်ပြီးသား ရောင်းကြတာတွေ ရှိနေပေလို.။ ယောကျာင်္းလုံချည်တွေချည်းပဲ ချုပ်ပြီးသားရှိတယ် ထင်တာ။ မိန်းမလုံချည်ပါ ချုပ်ပြီးသားရှိတာကိုး၊ ခေတ်ကိုပဲ ကျေးဇူးတင်ရသေးတယ်။ မိုးထဲ၊ ရေထဲ၊ ရွှံ.ထဲ၊ ဗွက်ထဲ ခက်ခက်ခဲခဲနဲ. အခေါက်ခေါက်အခါခါသွားနေကြရပေမယ့် လူငယ်လေးတွေ မညည်းကြဘူး။ တက်တက်ကြွကြွ လှုပ်ရှားနေကြဆဲပါ။ လူငယ်တွေ အားလုံး ကိုယ့်အသိ၊ ကိုယ့်စေတနာနဲ.ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်ခါများ လူငယ်တွေ အားလုံး အင်္ကျီမပါ၊ ကျောဗလာနဲ. ပြန်လာကြတယ်။ ၀တ်စရာမရှိတဲ့ လူတွေအတွက် အင်္ကျီတွေချွတ်ပေးခဲ့ကြရလို.တဲ့လေ။ အာဂလူငယ်တွေပေပဲ။

အဆင့်မြင့်တဲ့ မြန်မာ့စိတ်၊ မြန်မာ့ယဉ်ကျေးမှု

ဒီရက်ပိုင်းအတွင်း ထွက်သမျှ ဂျာနယ်တွေမှာလည်း မုဒိတာပွားစရာ သတင်းဓာတ်ပုံတွေချည်း တွေ.နေရတယ်။ အမြို.မြို.အနယ်နယ်ကို သွားရောက်ပြီး လှူဒါန်းကူညီနေကြသူတွေထဲမှာ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ၊ လူရွှင်တော်တွေ၊ ရုပ်ရှင်ထဲမှာ လူကြမ်းသရုပ်ဆောင်လုပ်သူတွေ နည်းနည်းနောနော မဟုတ်ဘူး။ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ဆရာဝန်လူငယ်ကလည်း ကိုယ့်အိတ်ထဲက ငွေထုတ်ပြီး သွားလှူကြတယ်။ သူတို.လှူတာသိတော့ တခြားဆရာဝန်တွေရော ဆရာဝန်မဟုတ်သူတွေပါ လာရောက်လှူဒါန်းထည့်ဝင်ကြတာကြောင့် သုံးလေးခေါက်လောက်တောင် သူတို.လှူနိုင်ခဲ့ကြပြီလို. သိရတယ်။ လူငယ်တွေသာ မဟုတ်ပါဘူး။ မဟာဂန္ဓာရုံဆရာတော်ကြီးလို။ သီတဂူဆရာတော်ကြီးလို၊ ဓမ္မဒူတရှင်ဆေကိန္ဒလို ဆရာတော်တွေလည်း မနေနိုင်ရှာကြပါဘူး။ စားနပ်ရိက္ခာတွေ၊ အ၀တ်အထည်နဲ. အိုးခွက်ပန်းကန်တွေ စောင် ခြင်ထောင်တွေ ကားကြီးတွေပေါ်တင်ပြီး တစ်ရွာဝင်တစ်ရွာထွက် လိုက်လံဝေငှနေကြပါတယ်။ ဒီလို သတင်းတွေ၊ ဓာတ်ပုံတွေ ဖတ်ရ၊ မြင်ရ၊ ကြားရတဲ့အတွက် မုဒိတာ ပွားရသလို ကရုဏာနဲ. စေတနာ သဒ္ဓါတရားလည်း ပွားများရပါတယ်။ ဒါမြန်မာ့စိတ်ဓာတ်၊ မြန်မာ့ယဉ်ကျေးမှုပဲလို.လည်း ဂုဏ်တက်ရတယ်။ ဒီအတွက် ဂျာနယ်တွေကို ကျေးဇူးတင်ရသေးတော့တယ်။

လူငယ်

တစ်ရက်တော့ မိတ်ဆွေ စာနယ်ဇင်းသမားတစ်ဦး ရောက်လာပြီး လေဘေးဒုက္ခသည်တွေ အကြောင်း ပြောရင်းနဲ. ။ လူငယ်တွေ ဒုက္ခသည်တွေရှိရာ ကိုယ်တိုင်ကိုယ်ကျ သွားပြီး လှူဒါန်းကူညီနေကြတာ ချီးကျူးမိပါတယ်။ လို. ပြောပါတယ်။ မှန်ပါတယ်။ ဒီကလေးတွေ ချီးကျူးစရာကောင်းပါတယ်။ သူတို.ရဲ. အလုပ်အကိုင် သဘောသဘာဝအရ လူသိထင်ရှား ပေါ်ပြူလာဖြစ်အောင် ၀တ်စားပြောဆိုနေကြပေမဲ့ သူတို.လည်း မြန်မာပဲ။ ပြီးတော့ လူငယ်လေးတွေပဲ။ အများအကျိုးဆောင်လိုစိတ်မရှိဘဲ ဘယ်နေပါ့မလဲ။ လိုအပ်ရင် သူတို.လူငယ်တွေဟာ ကိုယ်ကျိုးစွန်.နိုင်ကြပါတယ်။ အနစ်နာခံနိုင်ကြပါတယ်။ ဒါလူငယ်တိုင်းရဲ. သဘာဝပါ။ လူငယ်တွေဟာ ဘယ်ခေတ်မှ မညံ့ခဲ့ပါဘူး။

Weekly Eleven 4-6-2008 မှ

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ