Skip to main content

မေလေးတို့အိမ်


အိမ်လေးတစ်အိမ်ကို
ကိုငယ် နဲ့ မေလေး
နှစ်တနှစ်ရဲ့ ဇွန်လကုန်ခါနီး တစ်ရက်မှာ
တည်ဆောက်ခဲ့ကြတယ်။

အဲဒီအိမ်ထဲမှာ....
ရတဲ့ လခနဲ့ ကုန်တဲ့ အသုံးစရိတ် မကာမိမှာစိုးလို့
ချခဲ့တဲ့ သက်ပြင်းလေးတွေ ရှိခဲ့ဖူးတယ်။
တိုင်ပတ်ဖို့ ဘိုင်ပြတ်လို့ ခေါင်းစားခဲ့ရဖူးတယ်။
ပုဆိုးအဟောင်းကို သုံးထည်စာ အသစ်စရိတ်နဲ့ သူ့ဆီ အရောက်ပို့ပေးခဲ့ရဖူးတယ်။
၅ ဘတ်ဖိုး မှိုသုံးလုံးလည်း မအူမလည် ၀ယ်ခဲ့ရဖူးတယ်။
ဆမ်ယမ် ဆစ်ဘတ် ဟင်းရွက်စုံလည်း ချက်စားခဲ့ဖူးတယ်။
seven-eleven ၀င်ထွက်တိုင်း ခုန်တတ်တဲ့ ရင်အစုံရှိတယ်တဲ့။


အဲဒီအိမ်ထဲမှာ...
ဒူးရင်းသီးတွေ အစားများခဲ့တဲ့ အမေကြောင့် အပူကန်ပြီး မွေးဖွားလာတဲ့
ငိုကြွေးတတ်တဲ့ ကလေးလေးတစ်ယောက် စ ရောက်လာခဲ့တယ်။

မိဘတာဝန်ဆိုတာ သည်းခံခြင်း၊ ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ စိတ်ရှည်ရခြင်းဆိုတဲ့ လက်တွေ့သင်ခန်းစာ တွေအတွက်ပေါ့။
ချစ်ခြင်းနဲ့ အစတည်ခဲ့ပေမယ့်
စွန့်လွှတ်ရတယ်လို့ ထင်လာတဲ့အခါ
မကျေနပ်ချက်တွေ၊ အားငယ်မှုတွေနဲ့
ပေါက်ကွဲသံတွေလည်း ကြားခဲ့ရဖူးတယ်။

မိသားစုဆိုတာ ပီပြင်စေဖို့ နောက်တိုးလေးတွေက အင်အားထပ်ဖြည့်ပြန်တယ်။
ကိုယ့်အားကိုယ်ကိုး ကိုယ်ဝန်ကိုယ်ထမ်း၊
ပင်ပန်းလည်း မျှခံ၊ အဲဒါ မိသားစု စိတ်ဓာတ်လေ။
ဆူပူအော်ဟစ် ရန်ဖြစ်သံတွေလည်း ညံခဲ့ဖူးရဲ့။
ရယ်မောပျော်ရွှင် သီချင်းသံတွေလည်း စီခဲ့ဖူးရဲ့။

အဲဒီအိမ်ထဲမှာ
နွေးထွေးတဲ့ အချစ်တွေ ရှိတယ်။

အဲဒီအိမ်ထဲမှာ
ထွေးပွေ့ပိုက်ပေးတဲ့ လက်တစ်စုံ ရှိနေတယ်။

အဲဒီအိမ်ထဲမှာ
မောလာတဲ့အခါ မှီခိုစရာ ပုခုံးတစ်စုံ ရှိတယ်။

အဲဒီအိမ်ထဲမှာ
ဝမ်းနည်းတဲ့အခါ ရင်ဖွင့်ငိုကြွေးဖို.
လုံခြုံကြိုဆိုနေတဲ့ ရင်ခွင်တစ်ခုရှိနေတယ်။

အဲဒီအိမ်ထဲမှာ
နားလည်ခွင့်လွှတ်တတ်တဲ့
မေတ္တာအပြည့်နဲ့
မေ့ရဲ့ ချစ်သူ ရှိတယ်။
ဆူညံအော်ဟစ်သောင်းကျန်းတတ်တဲ့
မျောက်မူးလဲလေးတွေရှိတယ်။
တီတီတာတာ အကဲပိုတတ်တဲ့
သာလိကာလေးတွေလည်း ရှိတယ်။

ဘယ်လောက်ဝေးအောင် ပြေးပြေး
မလွတ်အောင် ချည်နှောင်ထားတဲ့
သံကြိုးထက်ခိုင်မြဲတဲ့
မမြင်ရတဲ့ ကြိုးလေးတွေ ရှိနေတဲ့....

အဲဒီ....
ကျမတို့ရဲ့ ......ဘယ်အရာနဲ့မှ အစားမထိုးနိုင်တဲ့ အိမ်လေး
ဒီနေ့ဆိုရင်....
တစ်ဆယ့်နှစ်နှစ် ရှိခဲ့ပြီလေ။ ။




Comments

Ko Nge said…
Dear My Love,
I feel your heartbeat with same rhythm,
I feel your feeling with same harmony,
I feel your open mind with same open mind,
I feel safe and sound with your word,
I feel more comfort and stable with your expression,
Most of all I feel your love with this post.
Thanks for encourage, support, stay with me together, share with me your thought and your love.

Your beloved Ko Nge @ Mg Gyi @ Kyaw Nge

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ