8888>......>080808
ကျမ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အနှစ် နှစ်ဆယ်က ပန်းရိုးမ ဒိုင်ယာရီလေးကို ပြန်ဖွင့်ဖတ်မိတဲ့အခါ....လူရော စိတ်ပါ ဒိုင်ယာရီစာအုပ်လေးထက် ပိုနွမ်းသွားခဲ့ရပါတယ်။ ကြာခဲ့ပြီ..နော်..။
တကယ်တမ်း ကျမ ဒီနေ့မှာ အမှတ်တရ ပို့စ်လေးတင်မလို့ပါပဲ။ ဒါပေမယ့် ရေးလို့ကိုမရဘူး..။ အခုတလော... ကျမ အလကားနေရင်း မောပန်းလွယ်နေသလိုပါပဲ..။ အဲဒီ ဒိုင်ယာရီလေးပြန်ဖတ်ပြီး ရလာတဲ့ လတ်တလော ဝေဒနာ...။ ကျမနဲ့ နီးစပ်သူတွေနဲ့ စကားပြောရတာလည်း အဆင်မပြေ။ တွေ့သမျှ ရန်လိုနေတဲ့ ကျမ။ တက်ကြွမှု ကင်းမဲ့နေတဲ့ ၀တ္တရားဆန်တဲ့ လှုပ်ရှားမှုတွေ...။
အနှစ် နှစ်ဆယ်တွင်း ဘာမှ ဖြစ်မလာခဲ့တဲ့ ကျမတို့ တိုင်းပြည်အတွက်လား။
ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေ၊ ပေးဆပ်နေဆဲ လူတွေကို တာဝန်မဲ့စွာ မေ့လျော့နေတဲ့ သူတွေကြောင့်များလား။
အခုတလော ဘလောက်ဂ်တွေမှာ မြင်နေရတဲ့ စည်းလုံးညီညွတ်မှု မရှိတဲ့ သူတွေအတွက်လား။
ငါ မှ ငါ .. ငါ တကောကော ဖြစ်နေတဲ့ ဆရာကြီးသာ လုပ်ပြီး ဘာလုပ်ရမှန်း မသိတဲ့သူတွေ အတွက်လား။
ေ၀၀ါးမှုန်ဝါးနေဆဲ ဖြစ်တဲ့ ကျမတို့ရဲ့ မသေချာ မရေရာတဲ့ အနာဂတ်အတွက်လား။
ပေးဆပ်တဲ့သူတွေက ပေးဆပ်ခဲ့၊ ပေးဆပ်နေဆဲ...ပဲ။ ထောင်ထဲမှာ အမှောင်ထဲမှာ..။
ကျမတို့တွေ တာဝန်ကျေခဲ့ကြရဲ့လား။
ကိုယ်တိုင် အတွက်...
ကိုယ့် နီးစပ်တဲ့ သူတွေ အတွက်..
ကိုယ့် မိသားစု အတွက်...
ကိုယ့် ပတ်ဝန်းကျင်အတွက်...
ကိုယ့် လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက်...
လူသားမျိုးနွယ်စုအတွက်.....
ကမ္ဘာကြီးအတွက်..။
စကားလုံးအကြီးကြီးတွေ ပြောမနေကြပါတော့နဲ့။
ဘာတွေကို ယုံကြည်နေကြသလဲ..။ အဆိပ်ကင်းရဲ့လား။ အပြစ်ကင်းရဲ့လား။ အကျိုးမပြုနိုင်ရင်တော့ ဆန်ကုန်မြေလေး လူတစ်ယောက်အဖြစ် လူဖြစ်ခဲ့တဲ့ အဖြစ် မှိန်မှိန်ဝါးဝါး ကုန်ဆုံးရတော့မှာလားဟင်။
ကျမကတော့.. ကိုယ်တိုင်အတွက်တောင် ဘာသာ တာဝန်မကျေနိုင်ခဲ့..။
ဒီတော့...
ပြောစရာလည်း မရှိတော့ပါဘူးလေ...။ ။
Comments