အားကျမိတယ်....
တချို.ကလည်း ဘယ်နေရာဖြစ်ဖြစ် အံဝင်ဂွင်ကျ...အဆင်ပြေပြေလေး..၊
တချို.ကလည်း နေရာတိုင်း မဟုတ်တောင် နေရာတချို.မှာတော့ အချိုးတကျ ရှိနေနိုင်သေးရဲ့။
တချို့ကျတော့ အဆင်ပြေဖို့ ဟန်ဆောင်ခြင်း မျက်နှာဖုံးစွပ်စရာလိုပေမယ့်. .. တချို့ကျပြန်တော့လည်း ပေါ့ပေါ့ပါးပါး ကိုယ်ပိုင်စတိုင်လ်တွေနဲ့....
ကိုယ့်ကျတော့ အရာရာတိုင်း အံမ၀င် ခွင်မကျအောင် တမင်တကာများ ဘာသာ ဖန်တီးနေမိပြန်သလား....
ဖြစ်ချင်တာ ဖြစ်ကြစတမ်းဆို... ကိုယ် ဂျိုကာ တစ်ကောင်တော့ ဖြစ်စမ်းချင်ရဲ.
ကိုယ်ပိုင်တန်ဖိုး မရှိတောင်မှ လိုနေတဲ့ နေရာ အစားထိုးဖို့...
ကိုယ့်ကို မြင်ရင် ပျော်ရွှင်သွားစေဖို့...
ထိုးထိုးထောင်ထောင် မာန်မယောင်ပဲ လူတွေရဲ့ လိုအင်တွေ ဖြည့်စွမ်းချင်မှာ အလိုလို နေပျော်နေတဲ့ သူ...
ကိုယ်စိတ်ကို ကိုယ်သိမ်း မယိမ်းမယိုင် ထိန်းသိမ်းနိုင်စွမ်းတဲ့သူ...
ခုများတော့လေ....
ကိုယ့်ကိုကိုယ်လည်း နေလို့ မပျော်...
ကိုယ့်ဘေးနားက လူတွေကိုလည်း ပျော်အောင်မထားနိုင်...
မပိုင်ဆိုင်တဲ့ နေရာလေးတောင် စွန့်လွှတ်ရမှာစိုး...
ဘာမဟုတ်တာလေးနဲ့ မာနတွေ ထောင်လွှား..
ဒေါသတွေ ဗလပွ.. မောဟတွေ အနန္တနဲ့... ပုထုဇဉ်ပဲ.. သောတာပန်တောင် ဒေါသ ကျန်သေးတာပဲ... ကိုယ့်ဘာသာ ဖြေတွေးတွေ တွေး.. မသေဆေးပဲ စားထားသလိုလို....
တသက်လုံး ဖတ်ထားတဲ့ စာတွေက ခေါင်းထဲ ရောက်တချို့ရယ်....နှလုံးသားတော့ဖြင့် ကြီးမလာနိုင်သေး..
စဉ်းစားကြည့်လိုက်တော့.. ဘုရားစာအုပ်တွေဖတ်တာ လူကြီးတွေ ငြင်းခုန်သန် အကိုးအကားပြဖို့လား.. ရိပ်သာတွေသွား တရားအားထုတ်တာ ကြွားဝါပြိုင်ဆိုင် အဆင့်ချင်း ယှဉ်ဖို့လား....
လောကစာတွေ ဖတ်တာ... သူတို့ရဲ့ အကောင်းတကာ့ အကောင်းဆုံး အတွေးအခေါ်တွေကို အလွတ်ဆိုပြဖို့ သက်သက်ပဲတော့ မဖြစ်သင့်ပါဘူးလေ...။
ထုဆစ်နေတဲ့ ရုပ်တု ပုံဖော်ဖို့က ခက်ခဲနေဆဲ...
လျှောက်ရမယ့် လမ်းကလည်းေ၀၀ါးနေဆဲ...
ဖြောင့်ရမယ့် စိတ်ထားလည်း ကောက်ကွေ့နေဆဲ...
အပြောနဲ့ အလုပ်.. နှလုံးသွင်းခြင်း တထပ်တည်းကျပါရစေ...

Comments
ကိုယ်လဲ တစ်ခါတစ်ခါ အဲဒီလိုဘဲ တွေးမိတတ်တယ်...
သိင်္ဂီ့ ဆုတောင်းမျိုး တူတူ ဆုတောင်းသွားပါတယ်...
*** Comment ရေးလို့ ရသွားလို့  ၀မ်းသာနေတာ...