Monday, November 10, 2008

အမှတ်တရ သဇင် (၁) သို. ဖြည့်စွက်ခြင်း။

ဒေါ်မမ လာပေးတဲ့ ကွန်မက်လေးကို အမှတ်တရ သဇင်(၁)ရဲ. ဖြည့်စွက်ချက်အဖြစ် တင်လိုက်ပါတယ်။ အဲဒါကြောင့် ပြောတာ.. မမ တို့ကတော့ မပါရင် ပွဲမစည်ဘူးလို့.....ကျေးဇူး သူငယ်ချင်းရေ...

************
သိင်္ဂံရေ... တချို့တွေကို ဖြည့်ရေးလိုက်ပါတယ်။

သူခိုးက တစ်ရက်တည်း မဟုတ်ပါဘူး။ နေ့တိုင်းလာတာပါ။ သူခိုး သူခိုးလို့ အော်ရင် slow motion နဲ့ ပြေးပြပါတယ်။ တခါတလေ စာကျက်နေသူတွေကို ခဲလုံးနဲ့ ပေါက်ပြီး စ တတ်ပါသေးတယ်။ 

ဂုမ္ဘာန်တစ်ထောင် (သော့ခလောက် အထပ်ထပ်ခတ်ပြီး) စောင့်ကြပ်ထားတဲ့ သဇင်ဒေ၀ီ မင်းသမီးလေးများမှာ ဘာမှ မတတ်နိုင်ပဲ သူခိုး ပြောင်ပြတာကိုပဲ ကြည့်နေရတာပေါ့။ 

နောက်နေ့တွေမှာတော့ သူငယ်ချင်း ယောကျာင်္းလေးတွေကို ပြောပြတော့ သူတို့က ငါဟဲ့ ယောကျာင်္း ဆိုပြီး အစွမ်းပြချင်ချင်ဆိုတော့ (သူတို့ ကြိုးစားနေတဲ့ အဆောင်သူ အချောအလှလေးတွေကိုလဲ သူတို့မှာ အားကိုးလောက်တဲ့ အရည်အချင်းတွေ ရှိကြောင်းလည်း ပြရာရောက်တာပေါ့၊  ရန်မျိုးအောင်ရေ.. ဟုတ်တယ် ဟုတ်..  အောင်လွင်ကတော့ ၀န်ခံမှာပါ..) ဟေ့.. ဒီည သူခိုးလာရင် ငါတို့ကို အော်ခေါ်လိုက်။ ငါတို့ ဒူးယား၊ ပုပ္ပား မှာ ရှိတယ်ပေါ့။ သူတို့ အုပ်စုနဲ့ သူ အသီးသီး မှာထားကြတာလေ။ သူခိုးကလဲ မပျက်မကွက် လာတာပါပဲ။

ဘယ်ရမလဲ... သဇင်သူတွေ အော်လိုက်ကြတာ... ဒူးယား၊ ပုပ္ပား၊ အင်းလေး စဉ့်ကူ အဆောင်က မတစ်ထောင်ဘွားတွေ ဆင်းလာကြတာ သဇင်ဆောင်ဘေးက ကွက်လပ်ကြီး ပြည့်သွားပါတယ်။တချို.ကလည်း အဆောင်မှူးကို ဂိတ်တံခါး ဖွင့်ခိုင်းပါတယ်။ အများကတော့ အုတ်တံတိုင်းကို ကျော်ဝင်ကြတာပါ။ ရဲတွေကော.. ရပ်ကွက်ကောင်စီတွေကော... ရောက်လာပါတယ်။

ညီမလေး အဆောင်ကဖြစ်တော့ မောင်နှမဆောင်တွေဖြစ်တဲ့ ပုပ္ပားအဆောင်မှူး ဆရာဦးစိုးလွင်၊ စဉ့်ကူအဆောင်မှူး ဆရာ ဦးခင်မောင်တင့်တို့ မနေရပါဘူး။ အားလုံး ပြေးဆင်းလာကြပါတယ်။

ကုတင်တိုင်တွေ ယူသူအများစုကတော့ ၈၅-ခုနှစ် 1st year Section A-4 ကပါ။ မှတ်မှတ်ရရ Chemistry ဖြေပြီးပေါ့။ RIT ရဲ့ စာမေးပွဲနတ်ကို ပထမဦးဆုံး ဖမ်းစားခြင်းခံရတဲ့ နှစ်ပေါ့။

ဒုတိယနှစ်ကျောင်းတွေ ပြန်ဖွင့်တဲ့ထိ သဇင်အဆောင်မှူး ဒေါ်တင်ဋ္ဌေးမူ ခမျာ သက်သေလိုက်လို့ မပြီးသေးလို့ ညည်းရှာပါတယ်။
(ဖြည့်စွက်သူ... ဒေါ်မမ)

No comments: