သမီးငယ် ရေကျောက်ပေါက်နေတာ သည်နေ့ဆို ငါးရက်မြောက်... အလှကြိုက်သူမို့ သူ့မျက်နှာမှာ အရည်ကြည်ဖုလေးတွေ ကြည့်ပြီး မှန်မကြည့်ချင်တော့ဘူးလို့... စိတ်မချမ်းမသာ ဖြစ်နေရရှာပါတယ်..။ ကောင်းတာတစ်ခုကတော့ အမာရွတ်ကျန်ခဲ့မှာစိုးလို့ မကုတ်နဲ့နော်လို့ ပြောတာကို သည်းခံ အောင့်အည်းနေရှာတာပါပဲ...။ အခုတော့ အနာလေးတွေလည်း ချပ်တဲ့ဟာတွေ ချပ်နဲ့ တော်တော်တော့ သက်သာနေပါပြီ...။ ( မိဘတို့ ထုံးစံအတိုင်းပေါ့... ကိုယ်သာ ဖြစ်လိုက်ချင်တော့တာပါပဲ.. ကလေးတွေ ခံစားနေရတာ ကြည့်ရတာ စိတ်ထဲ မကောင်းလှဘူး...) သက်သာပေမယ့် ဆေးပတ်လည်အောင် သောက်နေရသေးတုန်းပါ...။ ဆေးသောက်ခါနီးဆို သူ့ဘာသာ ဆေးပုလင်းရယ် ဇွန်းတွေ ရေတွေ အဆင်သင့်လုပ်ပြီး အမေ့ကို ဆေးတိုက်ဖို့ သတိပေးပေမယ့် တကယ်တိုက်တော့မယ်ဆို.. ခါးလို့ ထွက်ပြေးနေတတ်တဲ့ ကလေးမ...။ ဒါနဲ့ပဲ... ထုံးစံအတိုင်း အရုပ်ဝယ်ပေးမယ်.. ကြိုက်တာ ၀ယ်ပေးမယ်ဆိုပြီး ချော့မော့တိုက်ထားတာ ငါးရက်မြောက်ဆိုတော့... သူ့ရ ရမယ့် အရုပ်စာရင်းလည်း ငါးခု တောင် ဖြစ်နေပြီ...တဲ့...။ အရင်တပတ်ကမှ အသည်းအသန် ဗိုက်အောင့်လို့ ကျောင်းသုံးရက် ပျက်ထားတဲ့ သားငယ်က ဘေးက နားထောင်ရင်း မကျေမနပ်....။ သူ့ရမယ့် အရုပ်စာရင်းက သုံးခု....။...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!