Thursday, February 12, 2009

၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အား လေးစားစွာ ဦးညွတ်လျှက်....

၁၉၄၇ ခုနှစ်- ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ဖြစ်ပေါ်သတ်မှတ်ခဲ့သော....
အမျိုးသား စည်းလုံးညီညွတ်မှု သရုပ်ကို ဖော်ဆောင်သော...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ.. အမျိုးသား တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ခက်ခက်ခဲခဲ တည်ဆောက်ယူခဲ့ရသော..
ပြည်ထောင်စုနေ့အား လေးစားစွာ ဂုဏ်ပြု ဦးညွတ်အပ်ပါသည်။

၆၂-နှစ်မြောက် ပြည်ထောင်စုနေ့မှသည်... ကမ္ဘာမြေတည်သရွေ့ မြန်မာပြည်သူ ပြည်သား အချင်းချင်း၊ မြန်မာပြည်ထောင်စုဝင် တိုင်းရင်းသားအချင်းချင်း ရင်းနှီး ချစ်ခင်စွာဖြင့် တိုင်းပြည်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေနိုင်ကြပါစေ...။
 တဦးကို တဦး မေတ္တာထားကာ အမုန်းပွားမှုများ အဆုံးသတ်နိုင်ကြပါစေ...။

(မြန်မာပြည်အလံတော် ဓာတ်ပုံကို ဒီကနေ ရယူခဲ့ပါတယ်)

2 comments:

ဖိုးဂျယ် said...

၆၂-နှစ်မြောက် ပြည်ထောင်စုနေ့မှသည်... ကမ္ဘာမြေတည်သရွေ့ မြန်မာပြည်သူ ပြည်သား အချင်းချင်း၊ မြန်မာပြည်ထောင်စုဝင် တိုင်းရင်းသားအချင်းချင်း ရင်းနှီး ချစ်ခင်စွာဖြင့် တိုင်းပြည်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေနိုင်ကြပါစေ...။

တဦးကို တဦး မေတ္တာထားကာ အမုန်းပွားမှုများ အဆုံးသတ်နိုင်ကြပါစေ။

တီတီရေ ဟုတ်ပါတယ်။

သင်းနွယ်ဇင် said...

မြန်မာပြည်ကို လွမ်းနေတာ အလံလွှင့်ထားတာတွေ့လို့ ပိုလွမ်းသွားပြီ်။