၁၉၄၇ ခုနှစ်- ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ဖြစ်ပေါ်သတ်မှတ်ခဲ့သော....
အမျိုးသား စည်းလုံးညီညွတ်မှု သရုပ်ကို ဖော်ဆောင်သော...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ.. အမျိုးသား တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ခက်ခက်ခဲခဲ တည်ဆောက်ယူခဲ့ရသော..
ပြည်ထောင်စုနေ့အား လေးစားစွာ ဂုဏ်ပြု ဦးညွတ်အပ်ပါသည်။
၆၂-နှစ်မြောက် ပြည်ထောင်စုနေ့မှသည်... ကမ္ဘာမြေတည်သရွေ့ မြန်မာပြည်သူ ပြည်သား အချင်းချင်း၊ မြန်မာပြည်ထောင်စုဝင် တိုင်းရင်းသားအချင်းချင်း ရင်းနှီး ချစ်ခင်စွာဖြင့် တိုင်းပြည်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေနိုင်ကြပါစေ...။
တဦးကို တဦး မေတ္တာထားကာ အမုန်းပွားမှုများ အဆုံးသတ်နိုင်ကြပါစေ...။
(မြန်မာပြည်အလံတော် ဓာတ်ပုံကို ဒီကနေ ရယူခဲ့ပါတယ်)
Comments
တဦးကို တဦး မေတ္တာထားကာ အမုန်းပွားမှုများ အဆုံးသတ်နိုင်ကြပါစေ။
တီတီရေ ဟုတ်ပါတယ်။