သမီးငယ် ရေကျောက်ပေါက်နေတာ သည်နေ့ဆို ငါးရက်မြောက်...
အလှကြိုက်သူမို့ သူ့မျက်နှာမှာ အရည်ကြည်ဖုလေးတွေ ကြည့်ပြီး မှန်မကြည့်ချင်တော့ဘူးလို့... စိတ်မချမ်းမသာ ဖြစ်နေရရှာပါတယ်..။
ကောင်းတာတစ်ခုကတော့ အမာရွတ်ကျန်ခဲ့မှာစိုးလို့ မကုတ်နဲ့နော်လို့ ပြောတာကို သည်းခံ အောင့်အည်းနေရှာတာပါပဲ...။ အခုတော့ အနာလေးတွေလည်း ချပ်တဲ့ဟာတွေ ချပ်နဲ့ တော်တော်တော့ သက်သာနေပါပြီ...။ ( မိဘတို့ ထုံးစံအတိုင်းပေါ့... ကိုယ်သာ ဖြစ်လိုက်ချင်တော့တာပါပဲ.. ကလေးတွေ ခံစားနေရတာ ကြည့်ရတာ စိတ်ထဲ မကောင်းလှဘူး...) သက်သာပေမယ့် ဆေးပတ်လည်အောင် သောက်နေရသေးတုန်းပါ...။ ဆေးသောက်ခါနီးဆို သူ့ဘာသာ ဆေးပုလင်းရယ် ဇွန်းတွေ ရေတွေ အဆင်သင့်လုပ်ပြီး အမေ့ကို ဆေးတိုက်ဖို့ သတိပေးပေမယ့် တကယ်တိုက်တော့မယ်ဆို.. ခါးလို့ ထွက်ပြေးနေတတ်တဲ့ ကလေးမ...။ ဒါနဲ့ပဲ... ထုံးစံအတိုင်း အရုပ်ဝယ်ပေးမယ်.. ကြိုက်တာ ၀ယ်ပေးမယ်ဆိုပြီး ချော့မော့တိုက်ထားတာ ငါးရက်မြောက်ဆိုတော့... သူ့ရ ရမယ့် အရုပ်စာရင်းလည်း ငါးခု တောင် ဖြစ်နေပြီ...တဲ့...။
အရင်တပတ်ကမှ အသည်းအသန် ဗိုက်အောင့်လို့ ကျောင်းသုံးရက် ပျက်ထားတဲ့ သားငယ်က ဘေးက နားထောင်ရင်း မကျေမနပ်....။ သူ့ရမယ့် အရုပ်စာရင်းက သုံးခု....။
“ အင်း..မီးမီးက ငါးခုတောင်မှ... ရဲတောက်က တော့ သုံးခုထဲရယ်.... အဲလိုဆိုရင်......”
“ မီးမီးက ဆေးအကြာကြီးသောက်ရတာကိုး.. တောက်တောက်က သုံးခါပဲ သောက်ရတယ်လေ...”
သားငယ်ကတော့ ဆေးသောက်ရတာချင်းအတူတူ... နေမကောင်းကြတာချင်း အတူတူ....မီးမီးက ပိုရလို့ မကျေနပ်တဲ့သဘော...။ အငယ်မ ကလည်း သူရသင့်လို့ ရတဲ့ အကြောင်း ဆင်ခြေ ဆင်လက်နဲ့ ပြန်ပြောပါတယ်...။
စကားတွေက ဘယ်ကို ဦးတည်လာမလဲ တွေးကြောက်နေတဲ့ သူတို့အမေ... ကျမကပဲ သည်ကိစ္စကို ကမန်းကတန်း ၀င်ဖြတ်ပေးလိုက်ရပါတယ်...။
“ ကဲပါ.... ဆေးသောက်တာ လိမ္မာတဲ့ ကလေးတွေပဲ ဆိုတော့ .. နှစ်ယောက်စလုံး ၅-ခု စီ ၀ယ်ပေးမယ်လေ.... တော်ကြတော့နော်..”
ဟူး... တော်ပါသေးရဲ့... သားကြီးလည်း ဘေးမှာ ရှိမနေပေလို့. ... တယောက်တလှည့်စီ နေမကောင်းဖြစ်ချင်နေကြရင်တော့... ဒီအမေလည်း.......။
Comments
ချန်းချန်းကို ဘယ်တော့မှအရုပ်မ၀ယ်ပေးဖူးဘူး
သင်ခန်းစာယူသွားပါတယ်...
မီးမီးလေးး..အမြန်ဆုံးသက်သာပါစေ.
လို့ကျေးဇူးတင်ပါတယ်။မနော်နေကောင်းပါတယ်။
မနော့်သားလည်းအဲလိုပဲ ငယ်ငယ်က ဆေးတစ်ကြိမ်မှာ
အရုပ်တစ်ခုလေ တစ်နေ့တည်းသုံးခုလောက်တောင်း
ရင်တောင်းတာ။ ဦးသိန်းအောင်ဆေးခန်းကလည်း ဆေး
ခန်းပြစဉ်တည်းက အရုပ်ကိုကြိုပေးစနစ်နဲ့ဝယ်လို့ရအောင်
စီစဉ်ပေးထားတာကိုး...း)
ခုတော့သားကလိမ္မာသွားးပြီ တက်ဘလက်တောင်သောက်
တတ်နေပြီ..
သမီးလေး နေကောင်းသွားပြီလား...
တို့လဲ သိင်္ဂီ တို့လို သူငယ်ချင်းတွေရဲ့ အကြံကောင်းတွေ မေတ္တာ စေတနာတွေကြောင့် ခေါင်းကိုက်တာ သက်သာသွားပါပြီ...
ကျေးဇူးနော်...
ကိုကိုဒေါက်တာက သူများတွေကိုသာ ဆေးကုတတ်တာ... သိင်္ဂီရဲ့ ... တို့ကိုကျရင် ဘယ်လိုပြောပြော မသိချင်ယောင်ဆောင်နေတာ... ဆေးသောက်ဂျီးများပြီး ဆေးတစ်လုံးသောက်ဖို့အရေး မေးခွန်းတွေ တသီကြီးနဲ့ ဆင်ခြေ အထပ်ထပ်နဲ့ ပြီးတော့ နဲနဲလေး ဖြစ်တာကို အများကြီးဖြစ်သလို မူယာမာယာ တွေများလွန်းလို့တဲ့ လေ...
မှတ်ကရော...
မီယာ >> အခုခေတ်က အရုပ်တွေက ပေါများလာတော့ တွေ့သမျှ အကုန်လိုချင်နေတာပါပဲ.. စတစ်ကာလောက်ကတော့ သူတို့ ဘာသာ သူတို့ ၀ယ်နေကြတာ ဆိုတော့ မတိုးဘူး မီယာရဲ့။ ကလေးငယ်တွေဆိုတော့ အရုပ်ဖြစ်ရင် ပြီးရောမို့..တော်သေးတယ်..:)။ လူကြီးတွေကလည်း သူတို့ အသုံးတည့်မယ့် educational toys လေးတွေကို ပိုဦးစားပေးဖြစ်ပါတယ်။
မနော်ရေ...ဘလော့ဂ်ဖတ်ဖို့ အချိန်လေးပေးပြီး ၀င်လည်ဖြစ်ပါတယ်..မနော် သားလေးက tablet တွေတောင် သောက်တတ်နေပြီကိုး။ သားငယ်က အရင်ကသောက်နေကျ..တခါ လည်ပင်းမှာ နင်သွားလို့ မသောက်တော့ပြန်ဘူး.. အမှုန့်ပြန်ကြိတ်နေရတယ်..:(
မမရေ...တကယ်တမ်းကျတော့ အဆောင်အကြောင်းပဲ ရှိသေးတာ..ကျောင်းအကြောင်းတောင် မရောက်သေး..အဟေးဟေး။
ရိန်းလေး>> အရုပ်လိုချင်တာလား...ဟဲဟဲ.ဘူးလေးတွေ လိုချင်တာလား။
သီတာရေ>> နေမကောင်းဖြစ်နေတဲ့
ကလေးတွေပေါ် ပုံချလို့ မရတော့ သိတယ်မဟုတ်လား။ အကြမ်းပညာတွေကို..ဟဲဟဲ
သက်ဝေ>> ခေါင်းကိုက်သက်သာသွားပြီဆိုလို့ တော်သေးရဲ့နော်..။ ဟဲဟဲ..သက်ဝေလည်း ကိုကိုဒေါက်တာရဲ့ ကလေးပဲ နေမှာပေါ့။ ဆေးမသောက်ချင်လို့ ဂျီးများနေတာလေ..ကိုကိုက မုန့်မုန့်ကျွေးပြီး တိုက်မှ ရမှာပေါ့နော့..။
သားသားကိုကျ ဝယ်မပေးဘူး အန်တီtgက..း(
အခု အမရဲ့ သမီးကလေး ဖြစ်တာဆိုတော့ အမအတော်ကို စိတ်ပူပန်နေရမှာပဲဆိုတာ အသေချာပါပဲ။ အမသမီးလေး အမြန်ဆုံး အကောင်းပကတိ လှပသက်သာ ပျောက်ကင်းပါစေ။
နူးညံညင်သာစွာကိုင်တွယ်ပါလေ။