Skip to main content

ဟိုရောက်သည်ရောက် သင်္ကြန်အတွေးများ...။

သင်္ကြန်နီးလာပြီ...။

ကလေးတွေကတော့ ရက်ချိုးရေတွက်ရင်း စောင့်မျှော်နေပြီ။ ဒါကတော့ ကျမတို့ ငယ်ငယ်တုန်းကလိုပါပဲ.. နောက်တော့လည်း သူများပျော်တာတွေကို ငေးကြည့်ရင်း ညနေဖက်မှ အိမ်ရှေ့မှာ ရေပုံးချ.. လာသမျှ ခွေးရော ကြောင်ရောမကျန် ရေတွေလှမ်းပက်.. ပြီး အိမ်နီချင်းချင်း ရေတွေပြန်ပက်ကြရင်း ထပ်တိုးလာမယ့် သင်္ကြန်တခုပဲ ဖြစ်နေမှာပါ...။

သင်္ကြန်ဆို အင်းယားလမ်းထဲက မဖြတ်ဖြစ်ဖို့ သတိထားဖြစ်ရင်းနဲ့ကို ဖြတ်ဖြစ်နေကျ...။ ရေပက်ခံ သင်္ကြန်ကားတွေ ကြားမှာ ရေထိမခံပဲ တံခါးအလုံပိတ် ချွေးတွေအောင်းရင်း ဒုက္ခခံဖြစ်ခဲ့တာကလည်း နှစ်တိုင်းလိုပါပဲ...။

ကိုယ်တိုင်က သင်္ကြန်မှာ ပျော်လေ့ မရှိတော့ သင်္ကြန်ဆိုတာအတွက် အင်တိုက်အားတိုက် သိပ်မရှိတတ်ခဲ့ဘူးလေ..။ ဒါကတော့ သင်္ကြန်နဲ့ ပတ်သက်လို့လည်း တချို့သော တချို့သူတွေလို ဇာတ်လမ်း မှတ်တမ်းလှလှလေးတွေလည်း မပိုင်ဆိုင်ဖူးခဲ့သလို မေ့ထားချင်စရာ အတိတ်ဟောင်းတွေလည်း မရှိခဲ့လို့ ဖြစ်မယ်ထင်တယ်။ : P ကျမ မိဘတွေက သင်္ကြန်ဖူးစာဆိုတော့ သင်္ကြန်ရောက်တိုင်း ဖေဖေက မေမေ့ကို သင်္ကြန်ရေလောင်းလေ့ရှိတယ်..။ မေမေကလည်း စိတ်ဆိုးသလို ပြုံးတုံ့တုံ့လုပ်ရင်း အတိတ်ကို ပြန်အောက်မေ့ တနှစ်လုံး မတည့်ခဲ့သမျှ သင်ပုန်းချေဖြစ်နေသလားတော့ မသိနိုင်....။

တကယ်ဆို အတာ သင်္ကြန်ပွဲရဲ့ အနှစ်သာရက အပျော်သက်သက်ရယ်တော့ မဟုတ်..။ တနှစ်တာရဲ့အပူဆုံးအချိန်၊ မြန်မာ့နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးမယ့် အချိန်မှာ အတာသင်္ကြန်ရေစင်နဲ့ ဖြန်းပက်လို့ တစ်ဦးကိုတစ်ဦး အေးမြစေဖို့ မေတ္တာရေစင်နဲ့ သွန်းလောင်းဆုတောင်းပေးတဲ့ အဓိပ္ပာယ်ဆောင်သလို နှစ်ဟောင်းက အညစ်အကြေးတွေ ကင်းစင်လို့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်စေဖို့ အတာရေစင်နဲ့ သန့်စင်လို့ နှစ်သစ်ကို ကြိုတဲ့ ပွဲပါပဲ..။

နှစ်တွေက ပြောင်းလာသလို ခေတ်တွေကလည်း ပြောင်းလာပါတယ်...။ အရင်က သင်္ကြန်ဆိုတာ ဆုတောင်းမေတ္တာပို့ရင်း အချင်းချင်း ရေပက်ဖျန်းကြမယ်... နောက်တော့ ပျော်ကြရွှင်ကြ... တချို့ကျတော့ သူများတွေ အထိတ်တလန့်ဖြစ်မှ ပျော်တတ်ကြ.. သူများတွေကို အေးချမ်းစေဖို့ဆိုတာထက် ခေါင်းမမော်နိုင်အောင် ရေတွေမွန်းနေအောင် မီးသတ်ပိုက်တွေနဲ့ထိုးလို့...။ ငယ်ငယ်ကတော့ နို့ဆီခွက်နဲ့ ခွက်စောင်းခုပ်တဲ့ ဒဏ်ကို ကျောကော့အောင် ခံခဲ့ဖူးရဲ့။ ရေပူဖောင်းတွေကို မြင်ရင်လည်း အသက်ရှူဖို့တောင် မေ့နေတတ်ခဲ့တာ (ဒါကြောင့်ပဲ သင်္ကြန်ကို ကြောက်ခဲ့သလားမသိ)။

ပျော်ကြပါစေလေ... ပျော်တာတွေမြင်ရင် စိတ်ချမ်းသာရတာပေါ့. လူငယ်တွေ ပျော်နေကြတာကိုလည်း ၀မ်းသာမိပါတယ်..။ လူငယ်တွေဘာဝ ပျော်ကြတာ သဘာဝပဲလေ...။ ဒါပေမယ့် သင်္ကြန်ပြီးရင် ထွက်လာတတ်တဲ့ ပုံတွေ မြင်ရတာတော့ ......။


Comments

ဇနိ said…
သင်္ကြန်ကို သိပ်ပြီးတော့ မလည်ဖူးဘူး။ ဒါပေမယ့် သင်္ကြန်မှာ ကျနော့်အတွက် အမှတ်တရတွေလည်း ရှိတယ်။း)
လာမည့် မြန်မာ နှစ်သစ်မှာလည်း ပျော်ရွှင်ပါစေ အမရေ..
ThuHninSee said…
ဟုတ်တယ်အစ်မရယ်..သင်္ကြန်မှာ ဇာတ်လမ်းမရှိလို့လား. မသိ။
ရွှေရင်အေးတို့။ မုန့်လုံးရေပေါ်ကိုပဲ လွမ်းနေမိတယ်။ နှစ်ဆန်းတစ်ရက်နေ့တော့ ငှက်လွှတ်ဖြစ်မယ်ထင်တယ်။
Sonata Cantata said…
ပို့စ်ထဲက သင်္ကြန်ဖူးစာ အကြောင်းလေး ကြည်ကြည်နူးနူး ဖတ်သွားတယ်။
MANORHARY said…
သင်္ကြန်ဆိုတာ မီးလည်းလာတတ်တော့အိမ်ထဲအောင်း
စာဖတ်၊ရုပ်ရှင်ကြည့်၊သီချင်းနားထောင်၊သားနဲ့ဆော့..
အဲလိုလုပ်ရတဲ့အချိန်...သို့ကလို မသိဂီ င်္လိုပဲ သနားစရာ
ကောင်းစွာအတိတ်ဟောင်းတွေကလည်းမရှိခဲ့လေတော့
(ရှိရအောင်ကလည်းငယ်ငယ်တည်းကသင်္ကြန်ကိုတစ်ခါမှ
အပြင်မထွက်ခဲ့ဖူးလေတော့..)သင်္ကြန် is meaningless for me !! :)
ATN said…
ကျနော်တို့ ခေတ်တုံးက သင်္ကြန်ကို လူကြီးတွေက ပြောလေ့ရှိတယ် - မင်းတို့ သင်္ကြန်ကလည်းကွာ... - ဆိုပြီး....
ခုခေတ် လူငယ်တွေရဲ့ သင်္ကြန်ကိုကြည့်ပြီးတော့... - အင်း.... ဘာမှ မပြောချင်တော့ပါဘူး...း)
ဘာပဲဖြစ်ဖြစ်ဗျာ... ပန်းတောက်ရနံ့လေးတွေကို လွန်းဆွတ်နေခဲ့ရတာကတော့ ၂၁ နှစ် ရှိနေပြီ...
သင်္ကြန်ကို လွမ်းတယ်ဗျာ...
မမtgရေ
သင်္ကြန်မှာ စိတ်ဝင်စားစရာဇာတ်လမ်းတော့ ကျွန်တော့ဆီမှာလည်း မရှိပါဘူး။ ခုနောက်ပိုင်း 3/4 နှစ်လောက်က အဖေနှင့် အမေ တို့နှင့် အတူတူ ဘုန်းကြီးကျောင်းသွားနေကျ။ ခုနှစ်တော့ မသွားနိုင်တော့ဘူး။
အဲဒါတစ်ခုကိုပဲ သတိရနေတယ်...
နောက်တစ်ပိုင်းမျှော်နေတယ်ဗျို့...
ခေါင်းပေါ်မှာဆပ်ပြါမြှုပ်တွေ
ဖွေးဖွေးထတဲ့နှစ်ကိုမှတ်မိသေးလား?? :p
khin oo may said…
ကြင်္ည့ချင်တယ။် မှတိတန်းတင်ထားပေါးပါ။
Unknown said…
Ma TGN,
Are u from Bago? Have u ever been to San daw dwin road during Thingyan? It is so amazing.
I also like to stay at home in Thingyan. Have you been to Shwe Maw Daw Pagoda Festival this year? I miss it.
said…
သင်္ဂီရေ
နင်၊ငါ၊ KN၊ MNK ရယ် ကျောင်းကြီးတွေပိတ်တဲ့အချိန် ရန်ကုန်မှာဆုံတဲ့ အချိန်က ဒီလို အချိန်ပဲလေ ။ ( ငါကိုတောင်ကျေးဇူးတွေတင်ဆိုပဲ ။ ဘာမှမမေးလို့ဆိုလား။ အဲဒီတုန်းကမီးမီးက ဘာမှနားမလည်သေးလို့ ...အဟိ.. အမှန်က MNK ကရိပ်ဖန်းသံဖန်းပြောထားလို့ ။)
သင်္ကြန်အကြိုလို့ထင်တယ် နင်တို့ကားနဲ့ အလည် ဦးက အန်တီကို တနေရာအရောက် “မှတ်မိလား။ ဒီနေရာလေးကို” မေးရော ငါတို့လေးရောက် ခွီးခွီး..ရယ်ကြတာလေ။
ရေခဲအိပ်စာမိတဲ့ အဲဒီနှစ် ကိုတော့ ငါမမေ့ပါ။ ၃-ရက်လောက်ကျောကုန်းမှာ အောင့်နေခဲ့လို့။
PAUK said…
သင်္ကြန်အကြိုရေလာလောင်းတာ..မသိင်္ဂီကို
အပြင်မှာတော့မိုးတွေရွာနေတယ်..
tg.nwai said…
>> ကိုနိရဲ့ သင်္ကြန်အမှတ်တရလေးကို စိတ်ဝင်စားတယ်..အဟဲ..ပျော်စရာလေးနေမှာပဲနော်..

>> မွန်ရေ..မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေး ပို့လိုက်မယ်နော်...။

>> သီတာရေ..ကမ္ဘာပေါ်မှာ လူတိုင်းပြောဖူးတဲ့ စကားလေးတခွန်းပေါ့..အဲဒါ..ဟဲဟဲ..

>> မနော်ရေ.. တူနေပြန်ပါပြီနော်..အဲလိုပဲ..အဲလိုပဲ..

>> ကိုအောင်သာငယ်ရေ..ကွန်မန့်လေးထားခဲ့တဲ့အတွက် ကျေးဇူးပါ..။ ၂၁-နှစ်တောင် ဝေးကွာခဲ့ရတဲ့ မြေကို ဒီအချိန်မှာ ပိုလို့ လွမ်းစရာပဲနော်..မြန်မာ့ရိုးရာ ချစ်စရာအတာသင်္ကြန်ကို အမိမြေနဲ့ ဝေးနေတဲ့ မြန်မာတိုင်း လွမ်းကြမှာပါပဲ..။

>> ကိုသီဟက ဘုန်းကြီးကျောင်း မိဘတွေနဲ့ လိုက်နေကျဆိုလို့ သာဓုပါရှင်..ဒါပေမယ့် ငယ်တုန်းပျော်ရတာမဟုတ်လား။ ပျော်စရာဇာတ်လမ်းလေးတွေ ပြန်လာရှာပါဦး..အဟဲ..

>> Jennifer... နောက်တစ်ပိုင်းမျှော်နေတယ်ဆိုလို့..ချော်လဲရောထိုင် ဆက်ရေးရရင်ကောင်းမလားပဲ..ဟဲဟဲ

>> သင်းနွယ်ဇင်..အဲ..TK ရေ..ငါတော့ သိပ်မမှတ်မိတော့ဘူးဟ..ရေမွှေးလား body spray တွေလားနဲ့ လာဖြန်းတာလေ..နင့်ဆံပင်ရှည်ရှည်တွေကို ခေါင်းလျှော်ရည်တွေလား..ဟားဟား..နင်ပြောမှ..ရေးတေးတေး..

>> မမကွန်..ဘာတွေကြည့်ချင်တာလဲ ..ဒီနှစ်သင်္ကြန်လား..ကြိုးစားပါမည်..:)

>> ဝေရေ.. တို့က ပဲခူးမှာနေခဲ့ဖူးတာက ဖေဖေတို့ တာဝန်ကျလို့ပါ...ကျောင်းနေခဲ့တာကတော့ သူငယ်တန်းမှာ အမှတ်-၁ မှာ..ပဲခူးကိုသိပ်မသိဘူးလေ..။ ကျောင်းကနေ အိမ်ပြန်ရောက်တာနဲ့ အိမ်ထဲမှာပဲ အနေများလို့ပါ..။

>> ကေ-မမရေ..အဲဒီအချိန်တုန်းက အသဲကွဲနေရတာနဲ့ ကြည်နူးစရာအချိန်ရယ်လို့ မထင်မိကြောင်းပါ..ဟားဟား။ နင်တောင်မှတ်မိနေသေးတယ်ပေါ့..ဟုတ်တယ်..ငါတို့တောင် အလွတ်ရနေပြီ..ဟိဟိ..

>> ပေါက်.. အစောကြီးရှိသေးတာ..တယ်ဝီရိယကောင်းပါလား..ဒီမှာတော့ ပူလိုက်တာ ၀ီခေါ်နေရတယ်.(ဘာလို့လဲမမေးနဲ့နော်..တို့လည်း တိဘူးလေ)..
အဲဒီမှာ မိုးရွာတော့ အေးနေမှာပေါ့။
Welcome said…
အစ်မရေ
သင်္ကြန်ပိုးကတော့ သင်္ကြန်မတိုင်ခင် ထွက်လာတဲ့ သင်္ကြန်သီချင်းခွေ နားထောင်ကတည်းက သင်္ကြန်တွင်း လည်ဖို့ တာစူနေကြတယ်။ ခုနှစ်တော့ တောင်ကြီးမှာပဲ နွှဲဖြစ်မယ် ထင်ပါတယ်။
သင်္ကြန်ပုံလှလှလေးတွေ ရရင်တင်ပေးပါ။

လေးစားလျက်
မ ဖေဖေနဲ့ မေမေက သင်္ကြန်ဖူးစာပေါ့… ဇာတ်လမ်းလေး အသေးစိတ်ဖတ်ချင်လိုက်တာ…
ကျွန်မတို့ အိမ်နားလေးက အန်တီနဲ့ အန်ကယ်ကတော့ ကျိုက်ထီးရိုးဖူးစာမို့  နှစ်တိုင်း ကျိုက်ထီးရိုးအတူသွားကြတယ်…
ခုနောက်ပိုင်း သင်္ကြန်ပုံရိပ်တွေကတော့ မ ရယ်… ဟင်းးးးးးးးးးးးးးးးးး… သက်ပြင်းပဲချမိတော့တယ်နော်….
မီယာ said…
မသိင်္ဂီ သင်္ကြန်မှာ မဖတ်ရသေးတဲ့ စာအုပ်တွေ ဖတ်လိုက်ပေါ့... တခါမှတော့ မလည်ဖူးဘူး။ ငယ်ငယ်ကတော့ အမေက မဏ္ဍပ်တွေ လိုက်ပြဖူးတယ်။ လိပ်ခုံးမှာ ညဘက် သီချင်းဆိုတာတွေ ကြည့်ဖူးတယ်။

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ