ဒီနေ့ နေ့လည် မျက်စေ့ရှေ့ရောက်လာတဲ့ မြန်မာတိုင်း(မ်)ကို ဟိုလှန်ဒီလှန် လျှောက်ဖတ်ဖြစ်ပါတယ်။
မျက်နှာစာမှာ လောလောဆယ် မြန်မာပြည်မှာ ရေပန်းစားနေတဲ့ သတင်း.. အဲ.. FC... FC နဲ့ နေရာတကာ ကြားနေရတဲ့ မြန်မာနေရှင်နယ်လိဂ်က ဓာတ်ပုံကြီးတစ်ပုံ ... အင်း.. နိုင်ငံခြားသား အာဖရိကဘောလုံးအားကစားသမားတစ်ဦး စာဖတ်နေတဲ့ပုံ..... ကမ္ဘာ့အားကစား မြန်မာကို လွှမ်းစေရမည်.. အဲ.. မကြားရတာကြားလို့ လွဲသွားတာပါ.. ဆောရီး.. မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေဖို့.. အကြီးအကျယ်အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတဲ့ မြန်မာဘောလုံးအားကစား.. ကောင်း၏။ ခေါင်းထဲ မတွေးပဲ ၀င်လာတဲ့ စကားလေးတစ်ခွန်း.... တူတော်မောင် ငယ်ငယ်တုန်းက အင်တာနယ်ရှင်နယ်ကျောင်းမှာ ကျောင်းသူအသစ်လေး ရောက်လာတော့ သူ့အမေကို ပြန်သတင်းပါတာပါ.. ကလေးတွေ ထုံးစံအတိုင်း... “ မေမေ .. the new one, the black one လေးက ချောတယ် ” ...တဲ့... သဘောတွေ ကျလို့ ။ သူက နိုင်ငံခြားရောက်နေလို့။ နေဦး.. ကျမတို့ သားလေးတွေလည်း မြန်မာပြည်မှာနေရင်းနဲ့ အဲလိုစကားမျိုးပြောနိုင်တော့မယ်။ ဘာရမလဲ...။
နောက် ခေါင်းစဉ်တစ်ခု.. ရန်ကုန်ဈေးကွက်သို့ “ ပေါ်ဆန်း ” ဆန် ၀င်ရောက်မှု လျော့နည်းလာ...တဲ့..။ ဒါဆို ဆန်ဈေးတွေ တက်လာမယ်ထင်တယ်...။ ကိစ္စမရှိပါဘူး... ဆန်မရှိလည်း ပေါင်မုန့်၊ ကိတ်မုန့်တို့ စားပါလားလို့ ပြန်ပြောမှာ သိပြီးသား။
ပြည်တွင်းသတင်း ၃ မှာ ဒေါ်အောင်ဆန်းစုကြည်အမှု တတိယနေ့မြောက်ကြားနားမှုအား ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် သံတမန်များကို တက်ရောက်ခွင့်ပြုခဲ့... ဒါကတော့ ပါရမှာပေါ့။ ခွင့်ပြုပေးထားခဲ့ရတာလေ... ပြောရမှာပေါ့....စိတ်ဝင်စားတယ်.. နေပါဦး။ ဓာတ်ပုံကတော့ ကိုကြက်တောပုံကြီးပါလား။ ရောင်စုံနဲ့ ပုံနှိပ်ထားလို့ ကိုယ်မြင်ချင်တဲ့သူများ တွေ့ရမလားအောက်မေ့တာ စိတ်ညစ်သွား..။ တော်ပြီ.. သတင်းတွေက သိပြီးသား။
ဂျပန်နိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု ဆိုင်းငံ့။ .. သိပ်စိတ်မ၀င်စားဘူး.. စိတ်ပိုင်းဆိုင်ရာပြုပြင်မှုကြောင့် ယာဉ်တိုက်မှုများ ကျဆင်း... ဟုတ်တယ်.. ဒါ ဖတ်ချင်တယ်.. အခုတလော ယာဉ်တိုက်မှု ဆိုးဆိုးဝါးဝါးတွေ မြင်နေကြားနေရတာကိုး.. နောက်မှ အသေးစိတ်ဖတ်မယ်...
အီးမေးလ် မှားယွင်းဖယ်ရှားခံရပါက မြန်မာတယ်လီပို့သို့ ဆက်သွယ်နိုင်... တဲ့။ မြတ်စွာဘုရား.. ဘာကြီးလဲ.. spam တွေကိုကာကွယ်ဖယ်ရှားတားဆီးနိုင်တဲ့ စံနစ်ကို တပ်ဆင်ထားလို့ spam အဖြစ်မှားယွင်းဖယ်ရှားခံရရင်.....ကိုယ့်စာတွေပျောက်ရင် ဆက်သွယ်ရမယ်.. မြန်မာတယ်လီပို့ကို... တညိုးကြီးပဲ...။
နောက်.. မြန်မာပြည်အထက်ပိုင်း သတင်းများ... နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲတွေ..သတင်းတွေ ဝေေ၀ဆာဆာပါပဲ... ရန်ကုန်မြို့မှာ နာမည်ကြီးလုပ်ငန်းတချို့ မန္တလေးသို့ ကူးပြောင်းလာတဲ့... အင်း.. တို့ရန်ကုန်မြို့ကြီးလည်း ရာဇ၀င်ထဲမှာ ရန်ကုန်ကို ထားခဲ့.. ဖြစ်တော့မှာပဲ...။
အောက်မှာ ကပ်ရက်သတင်းတစ်ပုဒ်... ဧရာဝတီလင်းပိုင်တစ်ကောင် ရှော့တိုက်ဒဏ်ရာဖြင့်သေဆုံး.. တဲ့။ ကြားရတာ စိတ်မချမ်းသာပါဘူး.. ဆက်ဖတ်ရင်း “ ဧရာဝတီလင်းပိုင်တစ်ကောင် သေတာက လူတစ်သန်းလောက် သေတာနဲ့ ညီမျှပါတယ် ” ဆိုတဲ့ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်းမ်ကို ပြောသည်..ဆိုတဲ့စကားကတော့.... မြတ်စွာဘုရား...။ လူတစ်သန်း... ကျမတို့ လူသားတွေ အဲဒီလောက်တောင် ပေါများပြီး တန်ဘိုးမဲ့နေပြီလား... လူတစ်သန်းတောင်.... နာဂစ်တုန်းက မြန်မာပြည်သူတွေ သိန်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တာထက်တောင် တန်ဖိုးကြီးနေခဲ့ပြီလား။ ဘာနဲ့များ ညီမျှခြင်းချလိုက်တာပါလိမ့်နော်... ဒီစကားမျိုး ပြောနိုင်တာ ဘယ်လို လူမျိုးပါလိမ့်.. ကျမများ နားလည်မှု လွဲလေရော့သလား..
မြန်မာပြည်သူ ပြည်သားတွေ တန်ဖိုးကြီးလာအောင် နောင် မြန်မာပြည်ကို လူအဖြစ်နဲ့ မလာတော့ပဲ.. ပိုမိုရှားပါး အဖိုးတန်တဲ့ ဧရာဝတီလင်းပိုင် တစ်ကောင်ဖြစ်ရပါလို၏ လို့ပဲ ဆုတောင်းရတော့ မလိုလို...
အော်.. ဧရာဝတီလင်းပိုင်တစ်ကောင်သေတာ လူတစ်သန်းလောက် သေတာနဲ့ ညီမျှပါတယ်... တဲ့...။
Comments
သူ့ခမျာ လျှာများ ခလုတ်တိုက်လေသလားး ဒုက္ခ။
အမရေ
ဒီလိုပို့စ်မျိုးလေး မှန်မှန်တင်ပါလား။ ကောင်းတယ်ဗျ။ သတင်းလေးတွေလည်း သိရတာပေါ့ဗျာ။
နှိုင်းစရာဥပမာ အဲ့လောက်တောင် ရှားသလားးး
လူကို လူလို့ တန်ဖိုးမထားတာ
ဆင်းရဲတဲ့ လူလဲ လူတွေပါပဲ အသက်နဲ့ပါ။
Lucky that this Irrawaddy dolphin might be in good hand.. but unfortunately 1 million Irrawaddians from delta were .....
ဒီလိုတွေတောင်ဖြစ်နေကြပြီလား...
ညီမျှခြင်း မညီမျှခြင်းဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ သိကြသေးရဲ့လား လို့သာ မေးလိုက်ချင်ပါတော့တယ်...
ဗီဟုသုတ အဲလေ ဗဟုသုတ တွေ ရသွားတယ်..
အဲဒီလူက ဟောင်ကောင်က ဘိုးတော်ကြီးလောက် နီးနီး ဆိုးပါ့နော်...
နောက်တခါ ဘန်ကောက်ရောက်ရင် ဆက်သွယ်ပါနော်...
မမ မွေးနေ့ဆိုလို့ မမသက်ဝေဆီက လိုက်လာတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ချမ်းသာစရာ သတင်းတွေသာ ကြားရ ဖတ်ရတဲ့ မွေးနေ့များ ကြုံရပါစေနော်။
ချစ်သော
ချိုသင်း
မွေးနေ့လို့တွေ့ပြီးကတည်းက အပြေးတပိုင်း လာချင်တာပါ။ ရုံးမှာ တနေ့လုံး အစည်းအဝေးခန်းထဲက မထွက်ရလို့ အခု အိမ်ရောက်ရောက်ချင်း လာခဲ့ပါတယ်...။ သူငယ်ချင်းအတွက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းတယ်နော်...။ ကိုယ့်ဆုတောင်းက ဒီအချိန်မှာ နဲနဲတော့ကြောင်နေမှာပါပဲ..။ ဘာပဲဖြစ်ဖြစ် ကိုယ့်မွေးနေ့မှာ ကိုယ့်ကို မွေးတဲ့ မိခင်အပါအဝင် မာတာမိခင်တွေတိုင်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးတွေကို အောက်မေ့ရင်း... ချမ်းသာစွာ ကြိုးစားနေထိုင်ပါနော်...။
ချစ်ခင်စွာဖြင့်
သက်ဝေ
သိပ်တော့မဟုတ်တော့ဘူး ဒါမျိုးတွေများနေတယ်
အင်း..ကိုယ်လည်းလင်းပိုင်ဖြစ်ချင်စိတ်
ကြိတ်မှိတ်မျိုချပြီး ပြန်သွားပါတယ်း)း)