Tuesday, June 2, 2009

မုန်းတယ်...


မုန်းတယ်......
အလကားနေ ကြောက်တတ်တဲ့ စိတ်တွေကို မုန်းတယ်....

မုန်းတယ်...
မြင်ရက်သားနဲ့ ကန်းနေခဲ့ရတဲ့  မျက်လုံးအစုံကို မုန်းတယ်...

မုန်းတယ်...
မထွက်ရဲခဲ့တဲ့ ရင်လှိုင်းခတ်သံတွေအတွက် ဟောဒီနှုတ်ခမ်းတွေကို မုန်းတယ်...
 
မုန်းတယ်...
မကြားရဲလို့ ပိတ်နေခဲ့ရတဲ့ ကြားတတ်တဲ့ နားအစုံကို မုန်းတယ်..

မုန်းတယ်...
မလှမ်းရဲလို့  တုံ့ဆိုင်းနှေးကွေးချိနဲ့နေတဲ့ ခြေအစုံကို မုန်းတယ်...


မုန်းတယ်...
မရပ်ရဲလို့တဲ့... ငုတ်တုတ်ကြီးထိုင် ငူငိုင်နေရတဲ့ ဒီအတ္တဘောကြီးကိုလည်း မုန်းတယ်...

မုန်းတယ်...
အလင်းထဲ လျှောက်နေသူတွေနဲ့မလိုက်ရဲတဲ့ 
အမှောင်ထုထဲက လိပ်ပြာမသန့်ရတဲ့ အဖြစ်မျိုးကို.....
မုန်းနေရတဲ့ အတွက်လည်း.....
မုန်းတယ်...
မုန်းတယ်......

16 comments:

sonata-cantata said...

ဒီပို့စ်နဲ့ ဆီလျော်အောင် ကော်မန့် မရေးနိုင်လို့
ကိုယ့်ကိုကိုယ် မုန်းတယ်...
အဲဟိုနေ့ကတော့လေ ချစ်တဲ့သူရဲ့ နာမည်လေး အသည်းပုံထဲမှာ ရေးခဲ့တယ်...
အသည်းလေးကို အတောင်ပံတစ်စုံလည်း တပ်ပေးခဲ့တယ်...

တန်ခူး said...

မ ရေ… ခံစားချက်တွေ ထပ်တူကျလိုက်တာ… ကျွန်မကတော့လေ တခါတခါ အတ္တတွေကြား နစ်မြုပ် နလံမထူနိုင်တဲ့ ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် မုန်းမိတယ်…

မိုးခါး said...

မုန်စရာကြီးပဲ
ညီမလည်း အမမုန်းတာတွေကို မုန်းတယ်
ဘာလို့ ဒီလောက် မုန်းစရာတွေများပါလိမ့်
ညီမလည်း ကိုယ့်ကိုယ် လိပ်ပြာ မသန့်ဘူး မရယ်

PAUK said...

မနက်ကတည်းက ဖတ်မိတယ်..
မသီတာပြောသလို မမန့်နိုင်လို့
ကိုယ့်ကိုယ်ကို မုန်းတယ်..
အမုန်းကနေ
အပြုံးတွေ ပြောင်းလဲလာပါစေနော်...

KLNG said...

ကဗျာဆရာမကြီး မမဟိဟိ
သာမီးလဲ မုန်းတယ်....
ဘာကိုမုန်းတာလဲမမသိတယ်ဟုတ်

Kay said...

မုန်းတယ်..ဒင်းတို့ကို..မုန်းတယ်။

Moe Cho Thinn said...

မုန်းတယ်..
အာဏာရှင်စနစ်ဆိုးကြီးကို အသေအလဲ မုန်းတယ်။

Moe Cho Thinn said...

ဒါပေမဲ့ မုန်းတယ် ကဗျာရေးတဲ့ မမကိုတော့ ချစ်တယ်။
:)

သင်းနွယ်ဇင် said...

သူငယ်ချင်းရဲ့ အမုန်းတွေမြန်မြန်ကုန်ပါစေ။

Taungoo said...

နှလုံးသားမှာ အမုန်းတရားတွေနဲ့ပါလား အမရယ်

မီယာ said...

မသိင်္ဂီရဲ့ ကဗျာလေး ဖတ်ပြီး ပို့စ်တခုရေးဖို့ အိုင်ဒီယာရသွားပြီ :)

သီဟသစ် said...

မမ TG ရေ...

တွေဝေနေရတဲ့ စိတ်တွေကိုလည်းမုန်းမိပါတယ်ဗျာ..


ခင်မင်စွာဖြင့်
သီဟသစ်

သက်ဝေ said...

အနှစ် နှစ်ဆယ်ကျော် မုန်းလာခဲ့ရတဲ့ အမုန်းတွေ လက်စမသပ် မရပ်တန့်နိုင်သေးတဲ့ အဖြစ်ကြီးကို မုန်းပါတယ်...။
အမုန်းတွေကို ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ဖေါ်ထုတ်ပြတဲ့ မသိင်္ဂီ ကိုတော့ ချစ်ပါတယ်...။

Craton said...

အလင်းဆိုတာသိရက် ဖန်ဆင်းရှင်ဆိုတာသိရက်နဲ့ အမှောင်ထဲမှာလိပ်ပြာမသန့်ရတဲ့ နေ့ရက်တွေကိုမုန်းတယ်

မဆုမွန် said...

မုန်းတယ် ဟုတ်တယ် မုန်းတယ် ကိုယ့်ကိုယ်ကိုယ်လဲ မုန်းတယ် :(

ဖိုးဂျယ် said...

မုန်းတယ် တီရေ ကိုယ့် ကို ကိုယ်လဲ မုန်းတယ်ဗျ