အနီးမှုန်..
“မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..”
“အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..”
“ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..”
“ ဘယ်ဆိုင်မှာလဲ..မောင်..”
“ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..”
“ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..”
“ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်”
ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။
“မောင်..ဘယ်မှာလဲဟင်”
“ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ”
သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်..
“ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့”
“ အဲ..မီလျံကွိုင်မှာ….”
“ သီချင်းသံတွေ ကြားနေရတယ်နော် မောင်..”
သူမ မောင့်ကို ရယ်ဟဟနှင့် စ နောက်နေသည့် ချစ်ကြည်သည့်စိတ်ကလေးသည် ချက်ချင်းပင် နောက်ကျိ မှုန်မှိုင်း လေးလံသွားခဲ့ရလေပြီ။ မောင့်ဘေးမှာ အမျိုးသမီးလေးတစ်ယောက်က မောင့်လက်မောင်းကို တွဲခိုလို့ရယ်…. မိုးကောင်းကင်ကြီးတခုလုံး သူမအပေါ် လဲပြိုပိကျလာခဲ့သလိုပါပဲလေ....။
“ဟုတ်တယ် သီရိ.. အထဲမှာ မကြားရလို့ အပြင်ထွက်ပြောနေတာ… ဟိုဘက်ဆိုင်က အသံတွေပါ…”
မောင် ညာနေသည်ပဲ…။ စိတ်ကို တင်းထားလိုက်စမ်း။ ဒီကိစ္စ ဒီလိုဖြေရှင်းလိုက် လို့မဖြစ်ဘူးနော်…မဖြစ်ဘူးနော်။ မပေါက်ကွဲနဲ့.. ထိန်းထားလိုက်စမ်းပါ။ ကျမ မောင့်ရှေ့မှာ ရှိနေတယ်လေ လို့ ပြောလိုက်ရမလား။ မောင် မြန်မြန်ပြန်လာခဲ့နော်လို့ ဘာမှမဖြစ်သလို ပုံမှန်လေသံနဲ့ပဲ ပြောလိုက်ရမလား။ ပြောနိုင်လိမ့်မည်ဟုလည်း ဘာသာ မယုံရဲပြန်။
လက်ခံလိုက်လေ။ အရှိအတိုင်း လက်ခံလိုက်စမ်းပါ။ တကယ်တမ်းကြုံလာတော့ လက်ခံလိုက်နိုင်ရဲ့လား။ သူမမျက်စေ့အောက်မှာ မြင်နေရသူသည် သူမ တသက်လုံး ယုံကြည်စိတ်ချခဲ့သည့် မောင် သူမရဲ့ မောင် မဟုတ်တော့ပြီပဲ။
ဘာမှ မသိခဲ့၊ မမြင်ခဲ့ရင်လည်း အကောင်းသားရယ်လို့ သူရဲဘောကြောင်စွာ တွေးမိနေပြီ။
ယုလေးနွယ်လို သူမ မတော်ပါ… ပြီး.. ပျော်နိုင်တော့မည်လည်း မဟုတ်ပါ။
မီးစ လေးကိုတော့ (ကံဆိုးစွာ သို့မဟုတ် ကံကောင်းစွာ) သူမ မငြင်းဆန်နိုင်ပဲ တွေ့မြင်လိုက်ရပြီ။ လေအားကြီးကြီးနဲ့ လွင့်သွားအောင် မှုတ်ထုတ်လိုက်ကာမှ မီးလောင်ရာ လေပင့်ဖြစ်သွားလေမလား။ သူ့အလိုလို ငြိမ်းသွားမယ့် မီးလေ မီးလွင့်လေးပဲဖြစ်မလား။ နားလည်ခွင့်လွှတ်ပေးတတ်တဲ့သူတယောက် မဟုတ်ခဲ့တာကိုက သူမရဲ့ အားနည်းချက်.. သေချာပါသည်။ ဒီလောက်လေးနှင့်တော့ (ရင်နာနာနဲ့ ဖော့တွေးလိုက်) သူမတို့ရဲ့ သာယာနေသည်လို့ အမည်တပ်ထားတဲ့ အိမ်ထောင်ရေး နဲ့ အပြစ်မဲ့တဲ့ ကလေးတွေ ထိခိုက်အနာတရ ပျက်စီးသွားမှာမျိုးကိုတော့ မဖြစ်စေချင်ပါ။ ဒီတော့ မီးပွားလေးရေ.. ဘယ်တော့မှ ပြန်မရနိုင်တော့မယ့် ယုံကြည်မှုချစ်ခြင်းတွေနဲ့အတူ သူမရဲ့ရင်တခုလုံးကိုသာ ပြာကျသွားအောင် အစွမ်းကုန် လောင်မြှိုက်လိုက်စမ်းတော့လေ….။
++++++++++
( မျက်စေ့အောက်မြင်နေရတာတွေက စေ့ဆော်လို့ မနေနိုင်လွန်းစွာနဲ့ပဲ ဒီစာတွေချရေးမိလိုက်တာပါ... အရေးကြီးတယ် မကြီးဘူးဆိုတာကတော့ ကာယကံရှင်တွေရဲ့ ခံယူချက်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်မယ် ထင်ပါတယ်လေ... အိမ်ထောင်တခု တည်မြဲဖို့က မိန်းမတယောက်ရဲ့ သည်းခံသဘောထားကြီးနိုင်မှုပေါ်မှာပဲ အများကြီး မူတည်တယ်လို့ ကျမ မယုံကြည်ပါဘူး။ နှစ်ဦးနှစ်ဖက် အလေးထား သစ္စာစောင့်သိဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်လေ။ တကယ်လို့ သူတို့လိုများ ကိုယ်တိုင်ကြုံလာရင်ဆိုတာ တွေးမိပြီး အနီးမှုန်ကို တွေးရေးမိတာပါ။ အင်း.. ကျမကတော့... ကလေးသုံးယောက် သူ့ပေးပြီး အဝေးထွက်သွားမိမှာပဲ ထင်ရဲ့..ဟဲဟဲ..... ဒါမှမဟုတ်.. ရင်ဆိုင်ဖို့ သတ္တိနည်းသူမို့....အနီးမှုန်သွားမလားတော့......)
Comments
တဲ့လား...မှန်လိုက်တာ...
တွေမျက်နှာရှိသေးတာမို့ တစ်ကြိမ်တစ်ခါအမှားဆို သည်းခံဖြစ်မလားမသိဘူး။ ကလေးတွေကို broken familyဘ၀ မရောက်စေချင်လို့ပါ။
အကြိမ်ကြိမ်ဖြစ်လာရင်တော့ ရှီသမျှအကုန်ယူထားလိုက်ပြီး ဒင်းကိုပဲ
အိမ်ပေါ်ကနှင်ချလိုက်မယ်။ ကိုယ်တော့ ဆင်းမပေးနိုင်ပေါင်။ အပြစ်ရှိတဲ့သူ သွားပါစေပေါ့။ ကလေးတွေလဲ ခေါ်ထားမယ်။ မိထွေးလက်မထည့်နိုင်ဘူး။
အဟဲ.. စိတ်ကူးနဲ့တောင် ဒေါသအတော်ထွက်နေပြီ။
mm
မီးဆိုတာမျိုးကလည်း ငြိမ်းလို့ရတဲ့ မီး ရှိသလို
ငြိမ်းရခက်ခဲတဲ့ မီးတွေလည်း ရှိတတ်တာမို့လား...
အိမ်ထောင်ရေးမီးဆိုတာ ငြိမ်းသတ်ဖို့ အခက်ဆုံးပဲလို့ ထင်မိတယ်...
ဘယ်သူ့ကိုမှ မလောင်မြိုက်စေချင်ပါဘူးဗျာ...
တော်တော်အနီးမှုန်ကြတယ်..
ဓါတ်ပုံနဲ့ ဘာနဲ့ သက်သေရှိတာတောင်
ခွင့်လွတ်ပေးနိုင်ကြတယ်..
Women are only responsible..
Basically men are men..
They need the women they want and attractive to them..
Not so called wife..
We are not living in so morally right global world..
we need happiness and enjoyable things from women..
No just keep for Wife-Purposes..
GG
အမည်မဖေါ်လိုသူ..
Xထုံ
ကျမ ပြောခဲ့ဖူးသလိုပါပဲ..ဒါကတော့ ကာယကံရှင်တွေရဲ့ ခံယူချက်ပေါ်မှာပဲ မူတည်မှာပေါ့။ ကိုယ့် အိမ်ရှင်မဟာ ဘ၀တစ်ခုလုံးပေးဆပ်ပြီး ကိုယ့်အတွက် အိမ်ထောင်ထိန်းသိမ်းပေးရုံ၊ ပွဲလယ်တင်တယ့်ရုံ၊ ကိုယ့်ရဲ့ မျိုးဆက်မတိမ်ကောချင်လို့ သက်သက်ပဲ so called wife အဖြစ်နဲ့ပဲ မြင်တယ်ဆိုရင်တော့ ကျမ စိတ်မကောင်းပါဘူး။ ယောကျာင်္းဟာ ယောကျာ်င်္းပဲဆိုရင် မိန်းမဟာလည်း သာမန်အားဖြင့် မိန်းမတွေလိုပဲ ထိခိုက်ခံစားရမယ်ဆိုတာ ထည့်စဉ်းစားပေးစေချင်ပါတယ်...။ ကိုယ်ချစ်တဲ့သူ ဆိုရင်တော့ ဘယ်သူက နာကျင်ခံစားစေချင်ပါ့မလဲပဲနော်...။
အိမ်ထောင်တစ်ခုသာယာခိုင်မြဲဖို့ နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်လို့ လက်ခံပါတယ်ဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
ကိုယ်ချစ်တဲ့သူ ဆိုရင်တော့ ဘယ်သူက နာကျင်ခံစားစေချင်ပါ့မလဲပဲနော်...။ "
I can't believe that married adult women still exist in dream world..
you all really need to wake up..for the sake of you all life...
These days are changing...
Middle age guys are changing..( especially socially active smart professional married guys)..
I hope you don't maintain yourself and still expect your whole life for these guys.?
You don't think that you are too much demanding..?
for what..?
လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်ရှင်.. အေးအေးဆေးဆေးပေါ့။
အိုမင်းပျက်ယွင်းမှာပါပဲ။ နိုပျိုမှုတော့အခါမို့ သာယာမှုရှာမယ်ဆို အိမ်ထောင်မပြုနဲ့ပေါ့။ ကာမ တစ်ခုတည်းအတွက် ပြုတာဆိုရင်
နွားထက်ပိုမထူးတဲ့ ယောက်ကျားပဲ ။ မလွမ်းလောက်လိုက်တာ။
ဘာပဲဖြစ်ဖြစ် အိမ်ထောင် တခုတည်မြဲဖို့က ၂ယောက်လုံးမှာ တာဝန်ရှိပါတယ်။
ကလေးတွေက မြေဇာပင် ဖြစ်တာကိုတော့ သိပ်လက်မခံချင်ဘူးလေ..။
မြတ်နိုး
because you don't understand real world..
if anything happen, you women wanna excuse, cry, complain and so on..
you don't really know fair marriage for your beloved guy ' who's changing mindset and environment..
life is really challenging and don't better still with old traditional..
I'm talking about not just S**...as you women simply think that it's marriage mean..
It's complicated..especially boring ...may be..
all middle age guys are happening..
don't better think only for your existing small world ..
if your guys get better environment, he'll be changing..i'm sure..
look for consequences..
ယောက်ျားလေးတွေရဲ့ လက်တွေ့အနေအထား။....
သဘာဝ တရားကို စိတ်ကူးယဉ်ချင်လို့မှ မရတာ။.............................."နင်က အသက်ကြီးပြီး အရုပ်ဆိုးလာလို့" .......
လို့တော့ အမှန်အတိုင်း ဘယ်ပြောလို့ ကောင်းပါ့မလဲနော်။
ကိုယ့် ပါတ်ဝန်းကျင်မှာလဲ တွေ့နေရတယ်...
သိင်္ဂီ လို တိုတိုနဲ့ ထိထိမိမိ မရေးတတ်လို့...။
ကိုယ်တိုင်ကြုံလာရင် ဆိုတာမျိုးကိုတော့ မတွေးမိသေးဘူး...
သူ့ကို ယုံကြည်မှု လွန်ကဲနေတာလား...
ကိုယ်တိုင်က တွေးဖို့ သတ္တိ အလုံအလောက် မရှိသေးတာလား ဆိုတာကိုတော့ ပြန်စဉ်းစားကြည့်လိုက်အုံးမယ်...။
ငါတို့တွေပဲခေါတ်နောက်ကျကျန်ခဲ့လို့လား
မတွေးတတ်ဘူး ဒါပေမဲ့ အဲဒီလိုတွေးခေါ်နေတတ်တဲ့
ကိုယ်ပိုင်ကိုယ်ကျင့်တရားအာနည်းသူ
တွေသာငါတို့တိုင်းပြည်မှာ ပွါးးမျာလာမှာကိုပဲစိုရိမ်မိပါတယ်။
အဲလိုလူတွေကိုလေ
လောလော လတ်လတ်ပဲ ကြားထားတဲ့ သတင်းကလည်းရှိသေးတယ် ..
တော်ပြီ မပြောတော့ဘူး မပြောတာပဲကောင်းတယ် ..း(
အခုမှ လာဖတ်မိတယ်။ မမပြောသလို အိမ်ထောင်တခု သာယာဖို့ နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်တွေ ရှိကြတယ်ဆိုတာ အမှန်ပဲပေါ့။
နင် အို လို့ ပျိုတဲ့သူတွေဆီ သွားမယ် ဒါ သဘာဝပဲ ဆိုရင် အဲဒီသွားတဲ့သူကရော အိုနေပြီ မဟုတ်ဘူးလား။ မိန်းမလုပ်သူမှာလဲ ဒါမျိုး သွားလို့ ရနေတာပဲ မဟုတ်လား။ မိန်းမတွေ မသွားတာက စောင့်ထိန်းရမဲ့ လူ့ကျင့်ဝတ်တရားရယ်၊ အချစ်ရယ်၊ တဦးကို တဦး လေးစားမှုရယ်ကို ရင်ထဲက လက်ခံထားနေလို့ပါ။
ယောကျာင်္းတိုင်း ဖောက်ပြန်ပြီး မိန်းမတိုင်း ကောင်းနေတယ် ထိန်းသိမ်းနေတယ် လို့ မဆိုလိုပါဘူး။ လူတဦးချင်း တယောက်ချင်းစီရဲ့ စိတ်နဲ့သာ ဆိုင်ပါတယ်။ ဖောက်ပြန်ဖို့က လွယ်တယ် ထင်ပါတယ်။ ဒါပေမဲ့ လူတယောက်အနေနဲ့ကတော့ ရှက်စရာလို့ ထင်မိလို့ မလုပ်မိဖို့ ထိန်းသိမ်းမှာပါ။ မမရေးထားသလိုလဲ ကြုံလာရရင် လူပီပီ အချစ်ကို တန်ဖိုးထားသူမို့ မမkom လို သဘောထားကြီး ခွင့်လွှတ်နိုင်လိမ့်မယ်လို့ တကယ် မထင်မိဘူး။
ချိုသင်း သဘောထားပါပဲ။ မြန်မာ မိန်းကလေးအများစုရဲ့ ခံစားချက်လို့ ထင်မိပါတယ်။