ဒီနေ့ ၉ ရက်၊ ၉ လ၊ ၀၉ ။
[၀န်ခံချက်။ ဒီနေ့ ပို့စ်တစ်ခုခု တင်ချင်နေတာနဲ့ပဲ အတင်း တင်လိုက်တာပါ။:) ]
နေ့လည်က ပြည်လမ်း စိန်ဂေဟာအပေါ်ထပ်က စားသောက်ဆိုင်တွေမှာ သူက ကူပွန်လဲ အစားအသောက်တွေ မှာနေတုန်း ကျမလည်း ရတဲ့အချိန်ကလေးအတွင်း တူးဒေးစာအုပ်ဆိုင်ကို စာအုပ်တွေ ၀င်ကြည့်ရင်းနဲ့ အောက်က စာအုပ်လေးကို အမှတ်မထင် တွေ့ပါတယ်.. သိမ်းထားချင်တာကို အခုတွေ့မှပဲ သတိရပြီး ယူဖြစ်ပါတယ်.. ဆရာစိုင်းခမ်းလိတ်ရဲ့ အသက်ခြောက်ဆယ်ပြည့် အမှတ်တရစာအုပ်လေးထဲက သီချင်းတွေကို ကြည့်ရင်း သွားလေသူ အဆိုတော် စိုင်းထီးဆိုင်ကိုလည်း အမှတ်တရ နားထဲစွဲနေခဲ့တဲ့ သူ့အသံဝဲ၀ဲလေးကိုပါ ကြားယောင်မိပါရဲ့...။
နောက် မနော်ရဲ့ စာအုပ်အသစ်.... ထွက်နေတာ မသိလိုက်ဘူး။ မနော်ကိုလည်း မမေးမိဘူးလေ.... ( ပို့စ်အရင်တင်နေတာနဲ့ မဖတ်ရသေးဘူး..:))
ဒီလထုတ် စာအုပ်တွေထဲမှာ ဆရာမင်းလူရဲ့ ဒီစာအုပ်တွေ့တော့ အသစ်ထွက်တာ ထင်ပြီး ၀မ်းသာအားရ နဲ့ ကောက်ဆွဲလာခဲ့မိပြန်ရော.. စာအုပ်အဖုံးက ပြောင်းနေတော့ မမှတ်မိလိုက်တာ... :)
စာအုပ်တန်ဖိုးတွေ စိတ်တွက်တွက် ကြည့်ရင်းနဲ့ တူးဒေး စာအုပ်တိုက်က ထုတ်ပေးနေတဲ့ Member Discount Card ရဖို့ နီးနေပြီ... ကလေးကျောင်းချိန်အမီ ပြေးရဦးမယ် ဆိုတော့ အချိန်ကလည်း သိပ်မရတာနဲ့ တီချယ်ဒေါ်ခင်စန်းရီရဲ့ အတွဲ ၁ နဲ့ ၂ ပေါင်းထုတ်ထားတဲ့ ဒီစာအုပ်လေးကို ပဲ ကမန်းကတန်း ဆွဲထည့်.....
စာအုပ်ဖိုး ငွေရှင်းပြီးသကာလမှာတော့... တူဒေးစာအုပ်တိုက်ရဲ့ ဟောဒီ မန်ဘာကဒ်လေး ရခဲ့ပါတယ်။
[၀န်ခံချက်။ ဒီနေ့ ပို့စ်တစ်ခုခု တင်ချင်နေတာနဲ့ပဲ အတင်း တင်လိုက်တာပါ။:) ]
Comments
နောက်တော့ အဖုံးသစ်ထားတဲ့ စာအုပ်ဖြစ်နေတယ်..
လေပါတယ်..မသီင်္ဂီရေ..
မစန္ဒာရဲ့ ၀တ္တုတိုများ-၃နဲ့
မန်းတင်ရဲ့ မီးလျှံနှင့်ရေသီတာ ဘာသာပြန် ၀တ္တုတိုများ
သားအဖ နှစ်ယောက်ရဲ့ လက်ရာတွေနဲ့
အေးချမ်းနေတာ...
မသိဂီ င်္တောင်ဝယ်လိုက်တာတွေ့လား
ကိုယ်လည်း..ခုထိ အဲဒီစာအုပ်ကို မရှင်လတ်လတ်
မမြင်ဖူးသေးပါဘူးကွယ်း((
သိပ်သနားစရာကောင်းပါတယ်
မသိဂီ င်္ရေ
ဝယ်လာတဲ့တွက်ကျေးဇူးပါး))
စိုင်းခမ်းလိတ် သီချင်းတွေလည်းလိုချင်တယ်
ကိုမင်းလူစာအုပ်ကတော့ရှိပြီးသားမို့သွားရည်မကျတော့
ပါဘူးး)
စာအုပ်တွေကိုလွမ်းပါတယ်း(
ဆရာစိုင်းခမ်းလိတ်စာအုပ် Review လေးတင်ပေးပါ
ခင်မင်စွာဖြင့်
သီဟသစ်