Skip to main content

ကမ္ဘာပျက်တော့မယ်ဆိုပါတော့....

ကိုအောင်သာငယ်က စီဘောက်စ်မှာ တက်ဂ်ထားတယ်တဲ့...နောက် သက်ဝေရော ရောက်လာပြန်ပါတယ်။  အခု ရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေလို့ ကိုယ့်အိမ်လေးဆီတောင် မရောက်နိုင်ခဲ့တာလေ။ ဒီနေ့မှ  ကမ္ဘာပျက်နေမှန်း သိရတော့တယ်. . ဒါနဲ့ ကျမလည်း ကမန်းကတန်း ကမ္ဘာများပျက်ရင် ဆိုပြီး စဉ်းစားရပါတယ်...  ၂၀၁၀..အဲ...၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာကို မယုံကြည်တာလည်း ပါမယ် ထင်ပါရဲ့။ အချိန်းအချက်မရှိတဲ့ သေမင်းထက် တယောက်နဲ့ တယောက် ထွေးပွေ့ဖေးမပြီး ပြင်ဆင်ဖို့အချိန်ရှိမယ့် ဒီလိုအဖြစ်မျိုးက သိပ်တော့ကြောက်စရာ ကောင်းမနေခဲ့ပါဘူး... 


(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကိုယ့်မိသားစုနဲ့ပေါ့.... ကလေးတွေကို  စာကျက်ဖို့ မပြောတော့ပဲ ပုံပြင်တွေ ကာတွန်းတွေ  ဖတ်ပြမယ်..  သူတို့နဲ့  အတူတူ သီချင်းတွေကဗျာတွေတယောက်တလှည့် ဆိုကြမယ်..  အရင်က ကျောင်းပိတ်ရက်မှ ခွင့်ပြုခဲ့တဲ့ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်း၊ ဂိမ်းပေါင်းစုံတွေကို အချိန်တော်တော်ကြာအောင် ပေးကစားမယ်... သူတို့ကို မကြောက်စေချင်တဲ့အတွက် သေခြင်းအကြောင်းတော့ မပြောပြဖြစ်ပဲ မလွန်ဆန်နိုင်တဲ့  ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို တတ်နိုင်သလောက် ပြောပြရင်း တရားမှတ်ကြမယ်...။


(၂)။ဘာတွေခံစားနေရမလဲ..
ဒီအတိုင်းလည်း သေခြင်းတရားက တနေ့ကြုံရမှာပဲ...ကြိုပြီးတောင် သိဖို့မလွယ်ကူတဲ့ကိစ္စ၊ အခုလို ကြိုသိရမယ်ဆိုတော့ သေခြင်းဆိုတာဘယ်လိုပါလိမ့်ဆိုပြီး သိချင်စိတ်တခုတော့ ရှိမယ်ထင်တယ်....အကုန်လုံးသွားကြမယ့်ခရီးဆိုတော့ အတင်း  တွယ်ကပ်နေချင်စိတ်လည်း ရှိမနေနိုင်သလို နောက်ဆံလည်း တင်းမနေတော့ဘူးပေါ့...။

(၃).ဘာတွေပြင်ဆင်ထားမလဲ
မသေခင်အချိန်ကလေးမှာတော့ ကလေးတွေအတွက် စားနပ်ရိက္ခာ  အပြည့်အစုံ စုဆောင်းထားမယ်... ပိုက်ဆံဆိုတာကလည်း  ကမ္ဘာကြီး  ပျက်သွားတဲ့နောက်တော့ သုံးမရတော့မယ့် အတူတူ  ရှိသမျှတွေနဲ့ လိုအပ်တာတွေအကုန်ဝယ်ပြီး  လိုအပ်နေတဲ့သူတွေနဲ့အတူ မျှဝေကြမယ်လေ..ကြောက်နေတဲ့သူတွေကိုလည်း နှစ်သိမ့်ရင်းပေါ့....
New Year ကို  စောင့်ကြိုသလို အွန်လိုင်းက သူငယ်ချင်းတွေနဲ့ အတူတူ အချိန်တွေကို ရေတွက်နေမယ်...။
မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေမှာ  " အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်၊ သိခဲ့ခင်ခဲ့ရတာတွေအတွက် ကျေးဇူး၊ နောက်ဘ၀ လန်းဆန်းသစ်လွင်နေတဲ့ တို့မြန်မာပြည်ကြီးမှာ ကကြီးခခွေး စာအံရင်း ပြန်ဆုံကြတာပေါ့... အဲဒီအခါကျ ကျောက်သင်ပုန်းပေါ်မှာ ပို့စ်ကိုယ်စီရေးပြီး လဲဖတ်ကြမယ်နော်..”လို့ လိုက်ရေးရမယ်။  ပြီးရင်တော့ ငြိမ်သက်စွာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားမယ်..

(၄)ဝမ်းနည်းမိမှာက
အော်.... ဘလော့ဂ်လုပ်ရင်း ခင်လာကြတဲ့ မောင်နှမတွေကို  လူချင်းမတွေ့လိုက်ရပါလား...

(၅)။ကြောက်လန့်မိတာက..
ကြောက်လန့်နေမှာကိုပဲ ကြောက်လန့်မိပါတယ်...။



(၆)။ဆောင်ထားချင်တာ..
 “ သတိ ” ဆိုတဲ့ သိနေတဲ့ စိတ်လေး...  သိသိကြီးနဲ့ပဲ သေမင်းကို ရင်ဆိုင်သွားချင်တယ်..

(၇)။ဘာတွေရေးမိမလဲ..
လူဖြစ်ခဲ့ခြင်းကို ကျေးဇူးတင်တဲ့  အကြောင်းလေးတွေနဲ့ နောက်ဆုံးအချိန်အကြောင်းတော့ ဘလော့ဂ်ပေါ်  တင်ခဲ့ချင်သား၊  မပြောနိုင်ဘူးလေ.. တာဝတိံသာလောက်ကတော့  အင်တာနက် access ရကောင်းပါရဲ့။

(ဂ)။တွေးမိတွေးရာ အတွေး
မတွေးကောင်း တွေးကောင်း..အကုန်လုံးထဲမှာ ငါတယောက်တည်း ရှင်ကျန်ရစ်ခဲ့ရင်တော့...မဖြစ်ဘူးနော်....လုံးဝ....:( 

(၉)။ဂုဏ်ယူချင်တာက
မြန်မာပြည်သား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခွင့်ရတာ....ဂုဏ်ယူပါတယ်ကွာ.. အို..နောက်ဆုံးမတော့....(အဲဒီအချိန်မှာတော မီးပျက် ခြင်ကိုက် ကြွက်ပေါ ပင်ပန်းဆင်းရဲ ပေါင်းစားတောင်းစားရောင်းစားတဲ့ ချိန်ခွင်တဖက်စောင်းနင်း အစိမ်းရောင်တွေ အလေးသာတဲ့ နေရာရယ်လို့တော့ စိတ်ထဲရှိနေတော့မယ် မထင်)


(၁၀)။ရှာကြံဖြေသိမ့်မိတာက
ဂျစ်ကန်ကန်၊ ပေတေတေ  ကတ်သီးကတ်သပ်ညစ်တီးညစ်ပတ် စိတ်ကလေးတွေ တခါတလေ ထိန်းမနိုင် သိမ်းမရ  သောင်းကျန်းချင်တဲ့ အချိန်ကလေးတွေ  နဲနဲများများ ရှိခဲ့တာကလွဲရင် ငါ သိပ်မဆိုးခဲ့ပါဘူးလေ....ဟဲဟဲ ဟဲဟဲ

(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း 
အော်.. ငါသည်  ဘဒ္ဒကမ္ဘာတွင်  မြန်မာပြည်က လူသားစင်စစ် ဧကန်ဖြစ်ခဲ့လေသည်တကား... 

ကမ္ဘာပျက်တဲ့အချိန်မှာတောင် သတိရတဲ့ အစ်ကိုအောင်သာငယ်နဲ့ သူငယ်ချင်း သက်ဝေတို့ကို  အထူး  ကျေးဇူးတင်ရှိကြောင်းပါ..:)

Comments

Anonymous said…
လက်တွေ့ကျတဲ့ အတွေးတွေကို သဘောကျသွားပါတယ် အမ။
မသင်္ဂီ ရေ..စိတ်ပြေလက်ပျောက် blogလေး လုပ်ပါတယ်
ဘယ်သွားသွား ကမ္ဘာပျက်နေလို့..အိမ်လည်တောင်..
မထွက်ချင်ဘူး..ကိုလူထွေး..blog သွားကြည့်ပါဦး
Sonata Cantata said…
This comment has been removed by the author.
Sonata Cantata said…
ဟိုကလေးမ ပေကပ်ကပ်နဲ့
ဘာမှတ်နေလဲ တယောက်ထဲ ကျန်ခဲ့မယ်
(စိတ်မရှိပါနဲ့။
တနယ်ထဲသားတွေ အကြောင်းသိတယ်မလား။
ဖိန့်လုံး ဟောက်လုံးတွေ အကျင့်ပါနေလို့ပါ။)
MANORHARY said…
မသိဂီ င်္
ကလေးတွေနဲ့အတူ ပုံလာနားထောင်မယ်
ဂိမ်းလာကစားမယ်
နော်
ခေါ်မလား
Anonymous said…
တီနော်တို့ ကဗျာစပ်တဲ့အထဲ သားလည်းပါချင်ပါတယ်.. ဒါမယ့် ကြောက်နေတော့ ကြောက်နေတဲ့စကားလုံးတွေနဲ့ သူတို့ကဗျာလေးတွေကို မဖျက်ဆီးချင်ဘူး

ဒီတော့ သားလည်း တီtgတို့ဆီပဲ ပုံပြင်လာနားထောင်ရင်း ညီလေး၊ ညီမလေးတွေနဲ့ တူတူလာဆော့မယ်..
သားညီလေးနဲ့ ညီမလေးလည်း ခေါ်လာမယ်
ပြီးတော့
တီနဲ့ မာမီက သားတို့ကိုကြည့်ပြီး စကားတွေပြောနေကျပေါ့.. နော်..
ကောင်းဘူးလား ဒီအကြံ..း)
မီယာ said…
ဟုတ်ပါ့ မသိင်္ဂီရေ မီယာလည်း အင်တာနက် မရှိတာနဲ့ ကမ္ဘာပျက်မှာတောင် မသိလိုက်ဘူး... အမရဲ့ ဒီပို့စ်ကို မိဘမေတ္တာကို ခံစားရတယ်။ ကလေးတွေ အတွက် အကွက်စေ့အောင် စဉ်းစားသေးတာနော်... ကမ္ဘာ မပျက်ခင်တော့ ရအောင် ဆုံကြရအောင်ပါ အမရယ် နော်
သက်ဝေ said…
တကယ်ဆို အဲဒီအချိန်တလလောက်အလိုမှာ ကိုယ့်မြေ ကိုယ့်ရေကို ပြန်ရောက်နေမှာ သေချာပါတယ်..
အဲ့ကျတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ပြန်ဆုံကြတာပေါ့နော်...
သီတာတို့ သင်းနွယ်ဇင်တို့ အပါအဝင် ကျန်တဲ့သူတွေလဲ ခေါ်လာခဲ့မယ်...။ စားစရာတွေ များများသာ ဝယ်ထားပါ သူငယ်ချင်းရေ... :D

ရေးပေးတာ ကျေးဇူးနော်... :D
ATN said…
ရေးပေးတာ ကျေးဇူးပါ မသိင်္ဂီရေ့...
အမှန်တော့ ဘုရားလေးတရားလေး လုပ်ကြရမှာပါ...


အဲဒါက စဉ်းစားကြည့်ရင် ပိုကြောက်ဖို့ ကောင်းတယ်နော....း)
တို့သူငယ်ချင်းတွေများ ဘယ်လောက်ချစ်ကျလဲနော် ကမ္ဘာပျက်ခါနီးတောင် ပျော်ပျော်ပါးပါးအိမ်လည်ကောင်းတုံး..း)
ဟိဟိ… ဖတ်လို့ ကောင်းတယ်… သိပ်ကြောက်စရာမကောင်းဘူး… ဒီမှာကြောက်လွန်းလို့  ဒူးတွေတုန်နေတာ မ ရဲ့… မ ရေ… ဒီတက်ဂ်ပြီးတော့ တန်ခူးတက်ဂ်တဲ့ တက်ဂ်လေးကို ရေးပေးပါဦးနော်… ချစ်ရင်လေ
Welcome said…
တဂ်ပို့စ်လေး အားပေးသွားပါတယ်။ ၂၀၁၂ ကြည့်ပြီး ဒါအမှန်ပဲလားဆိုတာ ဇဝေဇ၀ါ ဖြစ်မိပါတယ်။ လတ်တလော အခြေအနေကတော့ အကောင်းဆုံးလို့ပဲ မြင်မိပါတယ်။

လေးစားခင်မင်လျက်နဲ့
Moe Cho Thinn said…
မမ
သတိရလို့..
ကမ္ဘာမပျက်ခင် လာလည်သွားတယ်။

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ