Blog မှာ ပို့စ်မတင်ဖြစ်တာ တစ်နှစ်တောင် ရှိသွားခဲ့ပြီ။ သူများတွေ ရေးတာ အားကျပေမယ့် ကိုယ့်မှာ ရေးစရာ အကြောင်းအရာတွေကို ပြီးဆုံးအောင် မရေးနိုင်လို့ မတင်ဖြစ် ခဲ့သလို၊ ရေးချင်နေတာတွေ ရှိနေပေမယ့် အချိန်မပေးနိုင်လို့ မတင်ဖြစ် ခဲ့တာတွေလည်း အကြိမ်ကြိမ်။ဒီနေ့တော့ ဟိုတပတ် အင်္ဂါနေ့က ၁၅-နှစ်ပြည့်သွားတဲ့ သားကြီးကို သတိတရလည်း ရှိရင်း၊ စာမရေးဖြစ်တာကြာနေတဲ့ ဘလော့ဂ်ကိုလည်း လာကြည့်ရင်း မျက်စေ့လည်သွားခဲ့ရပါတယ်။ ဘယ်နှယ့်... ဘလော့ဂ်က ဘယ်ရောက်သွားပါလိမ့်။ kunoichi.info ဆိုတဲ့ site ကို ရောက်ရောက်သွားပါတယ်။ Refresh လုပ်တော့လည်းပဲ မရ...။ ငါ့ blog တော့ active မဖြစ်တာကြာလို့ ပိတ်ပစ်လိုက်တာလား။ ဖျက်ပစ်တဲ့ အထဲများ ပါသွားလေသလား။ register လုပ်ထားတဲ့ ဂျီမေးလ်တော့ သုံးနေတာပဲမို့ သူတို့အကြောင်းကြားရင်တော့ သိမှာပါ။
စဉ်းစားရင်းနဲ့ပဲ google လုပ်လိုက်ပါတယ်။ တခုခုဖြစ်ပြီး သိပ်ပြီး ကြောက်လန့် မနေတတ်တော့တာ google ကျေးဇူးပါပဲလေ။ ဘာ ပြဿနာ ပဲ ဖြစ်ဖြစ် google ထဲမှာ ရှာလိုက်ပြီးရင် "I'm not alone" လို့ ခပ်အေးအေးလေး နေတတ်သွားပြီပဲ။ ဟိုတခါတုန်းကလည်း အိမ်က လူရဲ့ ဖုန်းမှာ incoming call ကို block လုပ်လို့ ရ မရ စမ်းကြည့်ရင်းနဲ့ လက်လွန်ပြီး မှားနှိပ်သွားတဲ့ ဖုန်းနံပါတ်က ကိုယ့်နံပါတ် ဖြစ်နေပါလေရောလား။ ကိုယ့်ရှူး ကိုယ်ပတ်၊ ကိုယ့်အတတ်နဲ့ ကိုယ်စူး...အဲ.. (ဘာကျန်သေးသတုံး).... ဒါကို ကိုယ့်ဘာသာ ပြန်မဖြုတ်နိုင်မချင်းတော့ သူ နားအေးပါးအေး နေနေရော့မယ်။ သူကတော့ ဘယ်လိုမှ နည်းလမ်းရှာပြီး ပြန်လုပ်မှာ မဟုတ်တာ အသေအချာ။ ကိုယ့်ဖုန်းရဲ့ function တော်တော်များများတော့ စမ်းသပ်ရင်း ကျွမ်းကျင်နေပေမယ့် သူ့ဖုန်းကိုတော့ဖြင့် သိပ်မရင်းနှီးလှ။ သူကတော့ ရယ်နေလေရဲ့။ "တော်သေးတာပေါ့..ခင်ဗျားဘာသာ ခင်ဗျားလုပ်ရင်း ဖြစ်သွားတာမို့လို့..." တဲ့....။ သိပ်တော့ ခေါင်းပူမခံလိုက်ပါဘူး... ဂူးဂဲလ်ထဲမှာ သူ့ဖုန်းအမျိုးအစားနဲ့ ရှာလိုက်တာကို ကိုယ်နဲ့ အဖြစ်ချင်းတူတဲ့ သူတွေက အများကြီး။ ဘာရမလဲ...။အဲ...ထားပါတော့ ... အခုတခါလည်း google ကနေ ရှာရင်း kunoicho.info ကို redirect လုပ်တဲ့အဖြစ်တွေ တွေ့ပါလေရော ... ခုတလော အဖြစ်များနေသလား၊ ကိုယ်တောင် နောက်ကျနေတယ် ပြောရမလား၊ ခုမှ ခေတ်မီပြီလို့ ပြောရမလားတောင် မသိ။ ဘာပဲပြောပြော အဲဒီ script ကို ရှာပြီး ဖယ်ထုတ်ပစ်ရမှာတဲ့။ သူက blog ကို တိုက်ရိုက်သွားလို့သာ မရတယ်၊ draft.blogger.com ကိုတော့ ၀င်လို့ ရနေတာကိုး။ အဲဒီထဲကနေ layout ထဲဝင်၊ site bar မှာ တင်ထားတဲ့ gadget တွေထဲက HTML/Java script gadget တွေကိုဖွင့်ပြီး အဲဒီ link ထည့်ထားတဲ့ script ကို ဖြုတ်ရမှာ... တခုရှာ မတွေ့၊ နောက် တခု၊ နောက် တခု။ အယ်... တွေ့ပါပြီ... Recent comments gadget ထဲမှာ။ ဒါနဲ့ ဖြုတ်မနေတော့ဘဲ အဲဒီ gadget တခုလုံး ဖယ်ပစ်လိုက်တယ်။ ပြီး CCleaner နဲ့ clean လုပ်၊ Browser ကို ပြန် restart လုပ်လိုက်တော့ အားလုံးပဲ အဆင်ပြေသွားပါတယ်ရှင်ပေါ့။
ဒီလောက်ဆို လောလောဆယ်တော့ အလုပ်ဖြစ်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒါကိုလည်း မှတ်တမ်းတင် ပို့စ်လေး ရေးပြီး active ဖြစ်ကြောင်း ပြထားဦးမှ။ ဟိုတလောက Facebook မှာ အကောင့်တွေ ဖောင်းပွနေလို့ inactive account တွေကို ဖျက်ပစ်မယ်ဆိုတဲ့ သတင်း ကြားထားတာကိုး။ ပြီး ကိုယ့်ဘလော့ဂ်လေးကိုလည်း backup လေး လုပ်ထားဦးမှပါလေ.....။
Comments
တို့များကတော့ ဘလော့ဂ်လမ်းကြားလေးထဲ ပေကပ်ရပ်ရင်းပါပဲ...
အရမ်းအရမ်း ဘီးဇီးနေရင်တောင် အနည်းဆုံး တစ်လ တစ်ပုဒ်လောက်တော့ ရေးပါဗျို့
စင်စင်
TINN BREATH is a TINN BREATH Stainless 출장마사지 Steel stainless steel smith titanium and is a stainless steel titanium grey machine. You get it with all titanium cartilage earrings the original titanium post earrings stainless steel.