Skip to main content

စောင်းတန်းကနေတက်ပြီး ဘုရားဖူးတဲ့အခါတိုင်း ကျမသတိရတဲ့ ကဗျာလေးတပုဒ် ရှိပါတယ်။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရေးတဲ့ “ဘုရားစောင်းတန်းက ပန်းသည်များ” တဲ့။ ကျမတို. ဘ၀တစ်လျှောက်မှာလည်း ဘုရားစောင်းတန်းက ပန်းသည်များနဲ.တူတဲ့ လူသားတွေကို ကြုံဖူးပါတယ်။ ကိုယ့်မို. ကြုံတော့ ခံရခက်သည်။ ဒါပေမယ့် ပုထုဇဉ်လူသားတွေရဲ. ဖြစ်တတ်တဲ့ စိတ်အခြေအနေကို နားလည် သဘောပေါက်ထားရင်တော့ ကြုံနေရမယ့် လောကဓံတရား ရှစ်ပါးကို ပိုပြီး ခံနိုင်ရည်ရှိလိမ့်မယ်လို. ကျမတော့ မျှော်လင့်တာပါပဲ။

ဘုရားစောင်းတန်းက ပန်းသည်မျာ


အတက်မှာ….

မျက်နှာချိုမြ၊ ဟိုက သည်က

နှုတ်အာ စ,ရွှင်၊ အကျွမ်းဝင်ပြန်

အပြင်ဟန်လုပ်၊ စက်ခလုတ် အပြုံးနှင့်……။


အဆင်းမှာ….

သာသာနေလျက်၊ နှုတ်မသွက်တော့

မျက်နှာတည်တည်၊ တစိမ်းပီပြန်

ရင်းနှီးဟန်ပျောက်

နောက်ထပ်တက်သူ

လူအသစ်ကို၊ ကြိုရန်စောင့်နေ…….။



ဆရာ့ရဲ.သောကခြေရာ ရတနာကဗျာစုကတော့ ကျမ ငယ်ဘ၀ရဲ. တစိတ်တပိုင်းပါ။ သူ.အရွယ်နဲ.သူတော့ တော်တော်ကို စွဲလမ်းခဲ့ပါတယ်။ ဆရာ.ကဗျာကို ကိုယ့်ဝေဒနာလုပ်လိုက်၊ ကိုယ့်ခံစားချက်ကို ဆရာ့ကဗျာထဲထည့် ခံစားလိုက်နဲ.။ ဟုတ်နေတာပါပဲ။ အခုချိန်မှာ ပြန်ဖတ်တော့လည်း ကြည့်ပြီးသား ရုပ်ရှင်ကား ပြန်ကြည်.ရသလိုပါပဲ်။ တစ်ခါက ချိုမြိန်တဲ့ သစ်သီးလေးရဲ. ခါးဆိမ့်ဆိမ့် အရသာကို သတိရမိပါရဲ.။ (အဲဒီတုံးကတော့ “ဓားသွားထက်က ပျားရည်တစ်စက်” လို. နာကျင်စွာ အမည်တပ်ဖူးပါတယ်)။


သောကခြေရာ (၅)


တွယ်တာလှပေမယ့်

ကွယ်ရာကပဲ ချစ်တော့မယ်။



အဆင်ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

စိတ်ညစ်တယ်ကွယ်။


သံယောဇဉ် ခွေကာရစ်ပေမယ့်

ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

ချစ်တတ်သူ အမူလုပ်ပါလို.

မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ.လေတော့

သည်နေ.လဲ စိတ်ညစ်တယ်

သိပ်ချစ်တယ်လို. မဆိုသာတော့။


ပါးစပ်ကပြောမှလား

နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

အကြည့်ဆုံ ဝေဒနာနွေးတွေက

အကြင်နာခြေရာလေးတွေပဲ

အတွေးမှာ ရစ်တ၀ဲနဲ.

ချစ်သည်းရယ် ဘာသာဖြေလို.

မာယာတွေ ဟန်ဆောင်ထိန်းကာ

တစိမ်းတွေပေါ့။


သောကခြေရာ (၇)


မပြောသာတော့

ကွာခဲ့ပြီကော၊ မောလျရင်မှာ

ဟာလှိုက်နွမ်းနယ်၊ မှီတွယ်ရာကင်း

သင်း မသိလေ၊ နေမွန်းတည့်တည့်

ရင်မှာ ရှိသူ၊ သောက ဆူ၏။


နေပါစေလား

မသနားတော့၊ ကစားသလို

ဟိုဝေးဝေးမှ၊ ပျပျသံမျှဉ်း

ညှင်းဆဲပြီထင့်၊ မျှော်လင့်စရာ

နားမှာတီးတိုး၊ ပိုးကြိုးညှို.ငင်

သံစဉ်ဂီတ၊ အိပ်မက်ညကို၊ အလှဖန်ဆင်းထားပြန်သည်။


ရိုးရိပ်ဝိုးဝါး

ဖန်ဆင်းထားရစ်၊ ချစ်သူ.အရိပ်

တစ္ဆေစိတ်လှန်.၊ ပျံ.ဆွတ်မောဖွယ်

တွယ်တာသလို၊ ကိုယ်မှာပူးကပ်

မလွတ်လပ်ချေ၊ နေဆဲနေရ

ပစ္စက္ခမှ၊ ခဏဖယ်ခွာ ဝေးပါသခင်။


တကယ်ဆိုက

တစ်စစီကွဲ၊ ဘ၀တစ်ဆစ်၊ကျန်ခဲ့ရစ်သော

နွမ်းမောတင်းကျပ်၊ အဟောင်းဇာတ်ထုပ်

မြေမှာမျြုပ်၍၊ ပစ္စုပ္ပန်မှာ၊ ခံစားလွတ်လပ်ခွင့်ပေးပါ။


သောကခြေရာ (၉)


ဘယ်သူမြင် ဘယ်သူသိမှာလဲ

သူရှိတယ် ကိုယ့်ရင်ထဲ

အမြဲငြိတွယ်။


အရိပ်ကလေးလို အစဉ်ခြောက်သူရဲ.

စိတ်အတွေးကို တမင်နှောက်တာလား

သခင်ရောက်ပါလို. တ၀ဲဝဲလည်လည်။


ငွေလသာ အရိပ်ထိုးယင်လဲ

နွေညမှာ အအိပ်ခိုးပြန်ပေါ့

စိတ်ဆိုးဟန် တမင်လွှဲပေမယ့်

ရင်ထဲက အရိပ်ငယ်

ဆိတ်ကွယ်လို. ပျောက်မသွား။


အစဉ်ဝေးပြီပဲ

ရင်မအေးအောင် မနှိပ်စက်ပါနဲ.

အအိပ်ပျက်အောင် နေမရအောင်

နွေညကို ကျိန်စာတိုက်သူရဲ.

စိတ်ကြိုက်သလို ခွာခွာနေပေါ့

မာယာတွေ အဆင်ခွဲကာ

ရင်ထဲမှာ ခြေရာမချန်နဲ.

ဝေဒနာဒဏ် အရိပ်ခွာချလို.

(အချစ်ရယ်…..) အိပ်ပါရစေလား….။


သောကခြေရာ (၁၂)


မပြုံးသာ မရယ်သာ

ရင်မှာ သိုသိပ်မော

သောက၏ ခြေရာတို.သည် လည်းကောင်း။


မရုန်းသာ မဖယ်သာ

အကြင်နာ ယိုဖိတ်သော

မောလျသည့် ဝေဒနာတို.သည် လည်းကောင်း။


ချစ်၏ ကြင်၏ သူမသိလေ

ဝေဒနာကို၊ ဘာသာသိုဝှက်

တစ်ရက်တစ်နေ.၊ ရွေ.ရွေ.ကုန်ပြန်

မနက်ဖြန်ပေါ့၊ ပြောတော့ပြောမည်

ရည်ရွယ်ခဲ့လျက်၊ နှုတ်ကခက်တော့

အိပ်မက်တွေပဲ ကျန်တယ်လေ။


တစ်ခါတစ်ခါ၊ လာလေခေါ်ယူ

အတူလျှောက်စို.၊ ဟိုအနားမှာ

ကဗျာပင်အောက်၊ ကွန်းတစ်ထောက်ခို

ပန်းကောက်မယ်နော်၊ ပျော်တယ်မို.လား

ရင်ကြားမှာလေ၊ ပန်းတွေပိုက်ပွေ.

ပျော်ရွှင်မွေ.လို.၊ တစ်နေ.ကုန်မှ ပြန်ရအောင်။


ပန်းခင်းမွေ.ရာ၊ ကဗျာနှင်းဆီ

သည်ပန်းတွေကြား၊ နှစ်ကိုယ်ကြားရုံ

ကြိုးစားပြောမယ်၊ တကယ်တော့လေ

ပျော်ပါစေလား၊ ကိုယ့်စကားကြောင့်

ပန်းများကိုခွာ၊ သူစိတ်နာလို.

ခမျာ ပန်းမုန်းလေမလား။


ပန်းတွေမုန်းရင်၊ လုံးလုံး ကိုယ့်ကြောင့်

စိုးနှောင့်ဗျာဆူ၊ ကိုယ့်အပူကို

သူမသိစေ၊ နေတော့ နေတော့

စိတ်ကိုလျှော့မယ်၊ တွယ်တာသမျှ

သည်ဘ၀တော့၊ လ နဲ.မြေလွှာ

ကွာကြီး ကွာစမ်း၊ ကိုယ်ပဲ လွမ်းမယ်

ပန်းမုန်း လူမုန်း၊ အဖြစ်ရှုံးယင်

နှလုံးကွဲပြီးသေမှာပဲ။


အချစ်ရယ်

တွယ်တာတတ်လို.၊ အပြစ်ဖို.ယင်

ကိုယ့်အဆိုးပဲ ရှိစေတော့။


မရုန်းသာ မဖယ်သာ

အကြင်နာ ယိုဖိတ်ခိုက်ပါတည့်။


မပြုံးသာ မရယ်သာ

ရင်မှာ သိုသိပ်လိုက်ပါ၏။


သောကခြေရာ (၁၃)


ဝေးကြပြီတည့်၊ သိကားသိနေ

ဝေဒနာစု၊ သူ.မှာ ကိုယ့်မှာ

ဘာသာဟန်လုပ်၊ မပူရုပ်နှင့် နှုတ်ဆက်သည်။


နေရစ်ပေတော့

နွမ်းလျော့ရှိုက်ငင်၊ သောကပင်ပျိုး

ရင်မှာ ဆတ်ဆတ်၊ စိတ်မွန်းကျပ်နေ

ဝေဒနာကို၊ သိပါ ကြည့်ပါ

လှပ်ဟာမပြ၊ တစ်ဘ၀စီ။


ပုထုဇဉ်တွေ

ရင်ထဲလှိုက်နွေး၊ မျက်လုံးလေးများ

တအားနှောင်ညှို.၊ ၀န်းစို.ဝေရီ

သည်မှာစည်းစု၊ ခံစားမှုဈာန်

လွန်.လူးပျံ.ကြွ၊ ခဏဖြစ်ဖြစ်

ပစ္စက္ခကို မေ့ထားသည်။


ဦးနှောက်တွေက၊ ပြညွန်ထိန်းချုပ်

ဟန်ဆောင်ရုပ်တွေ၊ နှုတ်ကစည်းစောင့်

တစ်ထောင့်တစ်ည၊ မပြောရဦး

နှလုံးသားက

ခဏနိဗ္ဗာန် ဖန်ဆင်းသည်။



ကျမ နှစ်သက်ခဲ့ရတဲ့ ရတနာကဗျာစုကို တော့ နောက်နေ.မှပဲဆက်တင်သွားပါမယ်။ တချိန်က မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာတွေကြိုက်ခဲ့ဖူးသူအတွက် အမှတ်တရဖြစ်စေမယ် ထင်ပါတယ်။ အကြိုက်ချင်းမတူခဲ့ရင်လည်း လူချင်းမတူလို. လို. ဖြည့်တွေးပေးစေလိုပါတယ်။

Comments

သက်ဝေ said…
သူငယ်ချင်းရေ...
မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာလေးတွေ ရှာရင်း ရောက်လာခဲ့တယ်...
မတွေ့တာတောင် အတော်ကြာနေပြီ...
အားလုံးနေကောင်းကြတယ် မဟုတ်လား....
သတိရနေတယ်...
ပျော်စရာ ၂၀၁၀ ကို အတူတူကြိုဆိုကြမယ်နော်...

ချစ်တဲ့
သက်ဝေ

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ