Thursday, January 10, 2008

သာသနာ့အမွေ လက်ဆင့်ကမ်းခြင်း၊
(သို.)
အေးငြိမ်းရာသို. တစ်ခါတစ်ခေါက်၊


၂၀၀၇-ခုနှစ် ဒီဇင်ဘာလ ၂၂-ရက်နေ.မှာ ကျမတို. မိသားစု သာသနာ့အရိပ်မှာ ခေတ္တ၀င်ရောက်နားခိုခဲ့ကြပါတယ်။ အသက် ၁၀-နှစ်ပြည့်သွားပြီ ဖြစ်တဲ့ သားကြီးကို သာ့သနာဘောင် သွတ်သွင်းဖို. ကြံစည်ခဲ့ကြပေမယ့် အထ မမြောက်ခဲ့ကြပါဘူး။ တဖြည်းဖြည်းနဲ. သားငယ်ပါ ၅-နှစ်ပြည့်သွားပြီဖြစ်လို.သူတို. နှစ်ယောက်စလုံးအပြင် ကလေးတွေအဖေကိုပါ ပဉ္ဇင်းတက်စေချင်ပါတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး သမီးလေးပါ မယ်သီလရှင် ၀တ်လို. ရမယ်ဆိုရင် ကျမပါ တခါမှ မဖြစ်ဖူးသေးတဲ့ သာသနာ့နွယ်ဝင် မယ်သီလရှင်အဖြစ် ခံယူဖို.ဆုံးဖြတ်ခဲ့ပါတယ်။

ကျမတို.ရဲ. ထုံးစံအတိုင်း ဖုတ်ပူမီးတိုက် စီစဉ်ခဲ့ရပါတယ်။ တကယ်တမ်း သေချာတာက ၂၀-ရက်နေ. ဆရာတော်ထံ သွားလျှောက်တော့မှ ၂၂-ရက်နေ.လုပ်ဖြစ်မယ်လို. သိသွားရတာပါ။ ၂၁-ရက်နေ.မှာ လိုအပ်တဲ့ ပရိက္ခရာတွေ၊ ပစ္စည်းတွေ ၀ယ်ခြမ်းရပါတယ်။ ဖြစ်ချင်တော့ ကပ်ပြီးစီစဉ်တာဖြစ်နေလို. အလှူအတွက် ဆွမ်းကျွေးရက်က နောက်လ ၈-ရက်နေ.မှ ရပါတယ်။ ကလေးတွေကလည်း ကြာကြာနေချင်မှာ မဟုတ်တဲ့အတွက် ၂၂-ရက်နေ. ၀င်ပြီး ၂၆-ရက်နေ.ထွက်ဖို. စီစဉ်ထားပါတယ်။ ၃-ရက်အပြည့် ၅-ရက် ရသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူထွက်ပြီးတော့မှ ရဟန်းခံ ရှင်ပြုအလှူအတွက် ၈-ရက်နေ. ပြန်လာရပါဦးမယ်။ အမျိုးသားက သူနဲ. ကလေးတွေ အရင်လူထွက်နှင့်ပြီး ကျမကို ၈-ရက်နေ.အထိ နေချင်ရင် နေပါလားလို. ပြောလာပါတယ်။ ကျမလည်း သီလရှင်ဖြစ်ပြီးမှတော့ ပိုကြာကြာနေပြီး တရားအားထုတ်နေနိုင်တာ ပိုအကျိုးရှိမယ်ထင်လို. နေရစ်ခဲ့ဖို. ဆုံးဖြတ်ခဲ့ပါတယ်။


လူများများ အသိမပေးပဲ ကျမတို. မိသားစုက ကားတစ်စီး၊ ကျမ မိဘနှစ်ပါး နဲ. အကို တို.လင်မယားက ကားတစ်စီး၊ ပစ္စည်းတွေ တင်ဖို. ရုံးကကားတစ်စီးနဲ. ၂၂-ရက်နေ. နေ.လည် ၂-နာရီလောက်မှာ လှည်းကူးမြို.က အင်းတိုင် ခိပ္ပါဘိညာ သဒ္ဓမ္မရံသီရိပ်သာကို ရောက်ပါတယ်။ ကျမတို. အမျိုးသမီးများကို ရိပ်သာက ဆရာလေးများက အရင်ဆံချပေးပါတယ်။ ၀တ်စုံလဲပြီးတော့ အမျိုးသားတွေကို သိမ်အနီးမှာ ဆံချပေးပါတယ်။ ကလေးတွေကတော့ တယောက်ကို တယောက်ကြည့်ပြီး ပြုံးစေ့စေ့နဲ.ပေါ့။ နောက်တော့ သင်္ကန်းတောင်း၊ သင်္ကန်းစည်းပြီး သိမ်ဝင်ပြီးနောက်တော့ မြင့်မြတ်တဲ့ ရဟန်းတော်ဘ၀ကို ကူးပြောင်းခဲ့ပါတယ်။ အမျိုးသားကတော့ အိမ်ထောင်မကျခင်က မကြာခဏ ရဟန်းတက်ဖူးလေတော့ ၀ါတော်ရ ရဟန်းတော်အလား ချက်ချင်းကူးပြောင်းနိုင်ခဲ့ပေမယ့် မယ်သီလရှင်လက်သစ် ဒေါ်ထေရနန္ဒီ ကတော့ ကိုယ့်ကိုကိုယ်လည်း ၀တ်ရုံကောင်းကောင်းမရုံတတ်၊ မယ်သီလရှင် ပေါက်စ မခေမာ လေးကိုလည်း သပ်သပ်ယပ်ယပ်ဖြစ်အောင် မလုပ်ပေးနိုင်နဲ. ဖိုသီဖတ်သီ ဖြစ်နေခဲ့ရပါတယ်။ ဖြစ်ချင်တော့ ဆိုင်ကရွေးပေးလိုက်တဲ့ ၀တ်စုံအရွယ်က ကျမအတွက် ကြီးနေပါတယ်။ သူများတွေ အတွက် တပတ်လောက်ပဲပတ်ရမှာကို ကျမက နှစ်ပတ်စာလောက်ရှိပါတယ်။ (အမျိုးသားကတော့ သူများကို မတော်တရော် အ၀တ်အစားတွေ ပေးလှူခဲ့လို. ဖြစ်မယ်လို. ပြောပါတယ်၊ သူပြောတာလည်း ဟုတ်နိုးနိုးရယ်)။


အမှန်ကတော့ ကလေးတွေ အတွက်မို. အေးအေးဆေးဆေး သာမန်ဘုန်းကြီးကျောင်းမျိုးမှာ လုပ်သင့်တာပါ။ ဒါပေမယ့် ကျမက ၀ိပဿနာ အခြေခံလေး ရသွားစေချင်လို. ရိပ်သာကို ရွေးလိုက်ရတာပါ။ တမိသားစုလုံး သာသနာ့ဘောင်ဝင်လိုက်တော့ လက်တိုလက်တောင်း ဝေယျာဝစ္စလုပ်မဲ့သူ မရှိ ဖြစ်သွားပါတယ်။ မယ်သီပေါက်စ မခေမာလေးကတော့ မိန်းကလေးမို. သည်းခံပြီး ဓမ္မာရုံထဲ အမေ တရားထိုင်ရင် ဘေးမှာ ငြိမ်ငြိမ်လေးထိုင်တတ်ပေမယ့် နည်းနည်းလေးမှ အငြိမ်မနေနိုင်တဲ့ ကိုရင်ယသ ကိုတော့ ဦးပဉ္ဇင်းကြီးက ဓမ္မာရုံမှာ ငြိမ်ငြိမ်နေခြင်းငှာ မစွမ်းခဲ့ပါဘူး။ ဆွမ်းစားချိန်မှာလည်း ကိုရင် ပညာနန္ဒ တို.နှစ်ပါးတည်း ဘုန်းပေးရတော့ ကောင်းကောင်းဘုန်းမပေးနိုင်ပါဘူး။ ရိပ်သာမှာ အားလုံးက အမှတ်သတိနဲ. နေထိုင်စားသောက် သွားလာရပါတယ်။ ဆွမ်းစားချိန်မှာတော့ နဂိုကတည်းက လေသံနဲ. မပြောတတ်၊ သူများလေသံနဲ.ပြောရင်လည်း နားမထောင်တတ်တဲ့ ကိုရင် ယသ အဖို.တော့ တစခန်းထချိန်ပေါ့။ သူ.အသံချည်းပါပဲ။ ဘယ်သူ.မှ ထိန်းမယ့်သူ မရှိလေတော့ ဆွမ်းဘုန်းပေးနေရင်းတန်းလန်းနဲ. အချိုပွဲတွေ နှိုက်စားလို စား၊ ဒိန်ချဉ်တွေစားလိုက်၊ အိုက်စကရင်တွေ စားလိုက်နဲ.။ သဘောရှိ ထင်တိုင်းကြဲနေပါတော့တယ်။ ဒီဖက်ဝိုင်းက မယ်တော်ကလည်း ကိုရင်လေးကို မျက်ရိပ်ပြလိုက် ခေါင်းခါပြလိုက်လုပ်ပေမယ့် “ဟင် မေမေ ဘာလဲ၊ ဘာပြောတာလဲ” ဆိုတဲ့ အသံထွက်လာတော့ ပိုဆိုး၊ နောက်ကျောခိုင်းပြီး ကပ်လျက်ဝိုင်းမှာ ဘုန်းပေးနေတဲ့ ခမည်းတော် ဦးပဉ္ဇင်းကလည်း ကိုရင့် တင်ပါးကို ကုတ်လိုက်၊ အသာ လှည့်ကြည့်လိုက် လုပ်ပြန်တော့လည်း ခဏငြိမ်သွားပြန်ပါတယ်။ နောက်ဆုံး ဆရာတော်ကြီးက `ကိုရင်၊ အစား များများစား၊ စကားနည်းနည်းပြော´လို. မိန့်လိုက်တော့လည်း မျက်လုံးဝိုင်းကြီးနဲ. မော့ကြည့်တတ်ပါတယ်။ နောက် တစ်ခါစားပြန်တော့လည်း ခါတိုင်းလိုပါပဲ။



ရိပ်သာမှာ အမျိုးသမီး တပါးဆောင်၊ နှစ်ပါးဆောင်၊ အမျိုးသား တပါးဆောင်၊ နှစ်ပါးဆောင်တွေနဲ. သီတင်းသုံးရပါတယ်။ တရားမှတ်နည်းကတော့ ကျေးဇူးရှင် မဟာစည် ဆရာတော်ကြီးရဲ. နည်းပါပဲ။ ၀င်းကြီးက ကျယ်တဲ့အတွက် အမိုးပါ စင်္ကြံန်လျှောက်လမ်းကျယ်မှာ အမျိုးသမီးတွေ စင်္ကြံန်လျှောက်ရပါတယ်။ အမျိုးသား လျှောက်လမ်း သပ်သပ် တစ်ခုလည်း ရှိတဲ့အတွက် အေးဆေး စိတ်ချမ်းသာစွာ ယောဂီများ အမှတ်သတိနဲ.နေနိုင်ဖို. သဒ္ဓမ္မရံသီ ရိပ်သာဆရာတော်ဘုရားကြီးရဲ. စနစ်တကျ စီစဉ်ပေးထားမှုပါပဲ။ စိမ်းလန်းစိုပြေဖို.အတွက်လည်း အကွက်ကျကျလုပ်ထားလေတော့ အရင်လယ်ယာမြေအမျိုးအစားဟာ ခရေပင်တန်းများ ကံ့ကော်ပင်ရိပ်များနဲ. အေးချမ်းသာယာလှပါတယ်။ ခရေရနံ.သင်းသင်းကလည်း ရင်ကို ငြိမ်းချမ်းစေပါတယ်။ သန့်ရှင်းရေး ဝေယျာဝစ္စအလုပ်သမားလေးများကလည်း သစ်ရွက်ခြောက်တွေကို လှည်းကျင်းသုတ်သင်၊ ရေလောင်းပေါင်းသင်နဲ. အလုပ်နဲ. လက်မပြတ်ပေမယ့် ယောဂီများ အနှောင့်အယှက် မဖြစ်စေရန် တိတ်ဆိတ်စွာ နေခြင်းဖြင့် ကုသိုလ်ယူကြပါတယ်။

ရောက်ရောက်ချင်း မ-၄၆ မှာ ကျမတို. မယ်သီလရှင်နှစ်ပါးကို နေရာချပေးပါတယ်။ တစ်ပါးဆောင်ပါ။ ကုတင်နှစ်လုံး၊ နောက်ဖေးမှာ စားစရာသောက်စရာထားဖို.နဲ. အိမ်သာရေချိုးခန်းပါပါတယ်။ ဧည့်ခန်းမှာ ပါကေးခင်းထားပါတယ်။ ဒါကတော့ အဆောင် အလှူရှင်ပေါ်မှာ မူတည်ပါတယ်။ တချို.ကျတော့လည်း ပါကေးမခင်းပဲ သမံတလင်းအပေါ်မှာ ဖယောင်းပုဆိုး ထပ်ခင်းပေးပါတယ်။ လျှပ်စစ်မီးအနေနဲ.ကတော့ EPC က ပေးတဲ့အချိန်တွေမှာ ထုံးစံအတိုင်းရပါတယ်။ ဒီဇယ် မီးစက်တလုံးကလည်း ယောဂီတွေလိုအပ်တဲ့ အလင်းရောင်ကို ပေးနိုင်ပါတယ်။ အဲဒါအပြင် ဆိုလာ မီးစက်လည်း ရှိပါသေးတယ်။ အဆောင်တွေမှာလည်း ဆိုလာမီးခလုပ်တွေ တပ်ဆင်ပေးထားပါတယ်။

၂၄-ရက်နေ.မှာ မ-၈၀ ကို ပြောင်းရပါတယ်။ အရင်အဆောင်က အိမ်သာပျက်နေလို. ယောဂီအဆင်ပြေအောင် ပြောင်းပေးတာပါ။ နောက်အဆောင်ပြောင်းလိုက်တော့ ကိုရင်တွေ အဆောင်နဲ့ ပိုနီးသွားတဲ့အတွက် ဆာရင် မကြာခဏလာပြီး အအေးတွေ လာသောက်ပါတယ်။ အငယ်လေး နှစ်ယောက်ကိုတော့ ညဘက် မုန်.တို. မိုင်လိုတို. တိုက်ရပါတယ်။ သူတို.ကတော့ ဘယ်နေရာရောက်ရောက်ပျော်နေကြတာပါပဲ။


ထုံးစံအတိုင်း နံနက်ပိုင်း ၃-နာရီခွဲမှာ တုံးခေါက်ပါတယ်။ အိပ်ယာထ၊ ပြင်ဆင်ပြီး ဓမ္မာရုံမှာ ၄-နာရီ မှ ၅-နာရီထိ တရားထိုင်ပြီး ၅-နာရီမှာ ရိပ်သာက ဆရာတော် ဒါမှ မဟုတ် သံဃာတော်တစ်ပါးပါးက သီလပေး၊ သြ၀ါဒ ပေးလေ့ရှိပါတယ်။ ပြီး သီလရှင်များနဲ. အမျိုးသမီးယောဂီများက စီတန်းပြီး ဆွမ်းစားဆောင်ကို မနက် ၅ နာရီခွဲမှာ ကြွကြရပါတယ်။ ဆရာတော်ကြီးရဲ. သီလဂုဏ်နဲ. သမာဓိဂုဏ်တွေနဲ. ဆွမ်းအလှူရှင်တွေရဲ. သဒ္ဓါတရားကြောင့် ဆွမ်းကွမ်းပြည့်စုံလှပါတယ်။ အဲဒီက ဝေယျာဝစ္စလုပ်တဲ့သူတွေကလည်း တရားဓမ္မတွေနဲ. ယဉ်ပါးနေလေတော့ စေတနာအပြည့်နဲ. ကုသိုလ်ယူကြပါတယ်။ ဆရာတော်ဘုရားကြီး ရဲ.မေတ္တာစေတနာ၊ အလှူရှင်များရဲ. နိဗ္ဗာန်ရည်မှန်းပြုသောကုသိုလ်ကောင်းမှု၊ လိုလေးသေးမရှိ ပံ့ပိုးပေးနေတဲ့ ယောဂီထိန်းသိမ်းရေးအဖွဲ.နဲ. ဝေယျာဝစ္စတွေရဲ. စေတနာကြောင့် ယောဂီများအဖို.တော့ ကိုယ်စွမ်းသလောက် ရှိသမျှအချိန်တိုင်း မမေ့မလျော့သော သတိတရားနဲ. အစွမ်းကုန်ကြိုးစားဖို.သာ တာဝန်ရှိပါတော့တယ်။

အစပိုင်းမှာတော့ ကလေးတွေ ကျန်ယောဂီများကို အနှောင့်အယှက်မဖြစ်စေရန်သာ ထိန်းသိမ်းနေရပါတယ်။ ဓမ္မာရုံမှာ သွားထိုင်ရန် မဖြစ်လေတော့ အဆောင်မှာပဲ ကိုရင်ငယ်နဲ. မယ်သီလပေါက်စကို တရားထိုင်စေပါတယ်။ ၅-မိနစ် ၁၀-မိနစ် ရသလောက်ပေါ့။ ကိုရင်လေးကတော့ ငြိမ်ငြိမ်မနေနိုင်လေတော့ ထိုင်ခိုင်းပြီး ၁၀-မိနစ်ခန်.ဆို အိပ်ပျော်သွားပါတော့တယ်။ တရားထိုင်ချိန်များမှာတော့ မယ်တော်က ကိုရင်နဲ. မယ်သီကိုခေါ်ပြီး ဓမ္မာရုံနဲ.ဝေးရာ ၀င်းတပတ် စင်္ကြံန်လျှောက်ရင်း ကလေးထိန်းရပါတယ်။ သူတို.လေးတွေလည်း အဲဒီတော့မှ ပြေးလွှား အော်ဟစ်ပြီး အားရပါးရ ဆော့ကစားကြရပါတော့တယ်။ အဲဒီအချိန်မှာ ဦးပဉ္ဇင်းနဲ. ကိုရင် ပညာတို.ကတော့ တရားထိုင်ကြပါတယ်။
ဦးပဉ္ဇင်း တရားမထိုင်ရင်တော့ ဆရာလေးက ကလေး နှစ်ပါးကို အပ်ပြီး တရားသွားမှတ်ရပါတယ်။ ဒါကတော့ တယောက်ကို တယောက် ပါရမီ ဖြည့်နေရတာပါပဲ။ တချို.ကျတော့လည်း တယောက်တည်းသွားမှ ပိုခရီးတွင်တယ်တဲ့။ ကျမတို.ကတော့ ခရီးဖင့်မှာပေမယ့် တဦးနဲ.တဦး အမှီသဟဲပြုရင်း ခရီးဆက်ရမှာပါပဲ။

သနားစရာကောင်းတာတစ်ခုကတော့ ကျမအနေနဲ. မနက် ၄-နာရီ တရားသွားထိုင်တဲ့အခါ သမီးလေးအိပ်ချင်နေတာကို နှိုးပြီး အေးအေးချမ်းချမ်းထဲ သွားရတာကိုပါ။ ကလေးခမျာ အိပ်ရေးက မ၀၊ ချမ်းကချမ်းတော့ ကျမမှာ တရားသာထိုင်နေရတယ်။ စိတ်ကမဖြောင့်နိုင်၊ လှည့်ကြည့်လိုက်တိုင်း အမေ့ကို ကြည့်ရင်း ငုတ်တုတ်ကလေး ထိုင်နေရရှာတဲ့ သမီးလေးကို သနားလှပါတယ်။ သူ.အကိုများမှာတော့ သီလထပ်ယူစရာမလိုတဲ့အတွက် အေးအေးဆေးဆေး အိပ်ကောင်းနေတုန်းမှာ သူ.ခမျာမတော့ ချမ်းချမ်းစီးစီးနဲ. အမေ့နောက်လိုက်နေရပါတယ်။ တယောက်ထဲကျန်နေမှာစိုးတဲ့အတွက် ထားခဲ့ဖို.ကလည်း မဖြစ်။ ကိုရင်တွေကတော့ သူတို.အဆောင်က ဓမ္မာရုံနဲ. နီးတဲ့အတွက် အဆောင်မှာအိပ်ကျန်ရစ်ခဲ့ကြပါတယ်။ ဦးပဉ္ဇင်းကြီးကတော့ အေးအေးဆေးဆေးနဲ. တရားလာထိုင်လို.ရပါတယ်။ ရန်ကုန်မှာ သိပ်မချမ်းတော့ စောင်သဘက်တွေ ဦးထုပ်တွေ မပါလို. ပါလာတဲ့ မျက်နှာသုတ်ပုဝါအသစ်တွေကိုပဲ ကလေးကို အထပ်ထပ်ပတ်ခြုံပေးရပါတယ်။ မကြည့်ရက်တဲ့ ယောဂီတပါးက ဦးထုပ်လေးလာလှူလို. ကလေးခမျာ နွေးနွေးထွေးထွေးလေး နေနိုင်ခဲ့ပါတယ်။ ကိုရင်ယသလေးက ချမ်းလိုက်တာလို. အော်ပြီး ခမည်းတော် ဦးပဉ္ဇင်းရဲ. သင်္ကန်းကြားထဲ အတင်းဝင်ပြေးတာကို တွေ.တဲ့ ရိပ်သာက ဦးပဉ္ဇင်းတွေက ခြုံထည်တွေ ငှားကြပါတယ်။ ဒါကတော့ မိဘဖြစ်တဲ့ ကျမတို.ရဲ. ကြိုတင်မစီစဉ်ခဲ့မှုကြောင့် သူတို.လေးတွေ အနည်းအကျဉ်း အဆင်မပြေဖြစ်ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် သူတို.အတွက်တော့ ခြေလှမ်းအသစ်ပါပဲ။

ကျမတို.အနေနဲ.ကတော့ သံသရာခရီးမှာ ခဏ တဖြုတ် မိသားစုအဖြစ် ကြုံတဲ့အခိုက်အတန်.မှာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ အစစ်အမှန်ဖြစ်တဲ့ တကြောင်းတည်းသော လမ်းစဉ်ကို မိတ်ဆက်ပေးခြင်းသာ ဖြစ်ပါတယ်။ ကျန်တာကတော့ သူတို.အပိုင်းပါပဲ။ သူတို.ဗီဇ အလိုက်၊ သူတို.ပါရမီအလိုက် သူတို.ဘာသာ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဘယ်သူ ဘယ်သူမှ မပိုင်ဆိုင်ကြပါဘူး။ ကိုယ်တိုင် ကိုယ်ပိုင်မဖြစ်နို်င်တဲ့ဘ၀မှာ ဘယ်သူ.ဘယ်သူမှ ထိန်းချုပ် အတင်းအကြပ်ခိုင်းလို. မရနိုင်ပါဘူး။ ဒါပေမယ့် မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းတွေနဲ.တွေ.ဆုံရခြင်းဟာ အလုံးစုံ ပြီးပြည့်စုံခြင်းမည်တယ်လို. မြတ်စွာဘုရားက မိန်.ကြားတော်မူခဲ့ပါတယ်။ ကျမတို.လည်း သူတို.လေးတွေအတွက် တဘ၀စာအတွက်သာမက တသံသရာကောင်းစားရေးအတွက် မိတ်ကောင်းဆွေကောင်း ၀တ္တရားအတိုင်း ညွှန်ပြပေးခြင်းမျှသာပါ။ ။

1 comment:

sonata-cantata said...

မရှိတာထက်၊ မသိတာခက်၏။
သိပြန်ကလည်း၊ ကျင့်နိုင်ခဲ၏။
သိ၍ကျင့်။
ကျင့်၍သိသူ များအား သာဓုခေါ်ပါ၏။