Friday, January 18, 2008

HAPPY

Happy Birthday GRACE!
မေမေတို.ရဲ. သမီးလေး ၁၉-ရက် ဇန္န၀ါရီ- ၂၀၀၈ မှာ လေးနှစ်ပြည့်ပြီပေါ့။ အရွယ်နဲ့မလိုက်အောင် သိတတ်၊ စကားတတ်တဲ့၊ (ဂျီကျတတ်တာကိုတော့ မပြောတော့ဘူးနော့) မေမေတို.ရဲ. ချစ်သမီးလေး အခု မွေးနေ.မှသည် နောင် နှစ်ပေါင်းများစွာတိုင် အသက်ရှင်နေသမျှ ကာလပါတ်လုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ. အဓိပ္ပါယ်ရှိတဲ့ လူ.ဘ၀ရဲ. အနှစ်သာရကို သိမြင်ခံစားနားလည်နိုင်ပါစေ။ တရားထူး တရားမြတ်ကိုလည်း လွယ်လင့်တကူ လျင်မြန်စွာသိမြင်နိုင်ပြီး ကြုံလာသမျှ လောကဓံတရားတွေကိုလည်း ကောင်းဆိုးနှစ်ဖြာ ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ သူဖြစ်ပါစေ။ လူတိုင်းအမှားနဲ. မကင်းတတ်ကြဘူးဆိုပေမယ့် မေမေ့သမီးတယောက်တော့ တသက်လုံးနောင်တ ရစေမယ့် အမှားမျိုးနဲ.တော့ မကြုံစေချင်ဘူးကွယ်..။

No comments: