Thursday, February 21, 2008

ဒီနေ. တပို.တွဲလပြည့်နေ. ဖြစ်လို. ဓမ္မပို.စ်လေး တပုဒ်တော့ တင်ချင်ပါတယ်။ ကျမလည်း လေလွင့်နေတာ ကြာပြီဖြစ်တဲ့စိတ်တွေကို ထိန်းဖို. တရားဓမ္မစာလေး ဖတ်မိပါတယ်။ အဲဒီအထဲက သဘောကျမိတဲ့၊ အရှင်ဆန္ဒာဓိက ရဲ. ထူးမှထူး စာအုပ်လေးထဲက “မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ” ဆိုတဲ့ စာလေး တင်ချင်ပါတယ်။ ကိုယ့်အတွက် တော့ ဆေးတမယ်ပေါ့။ ဒေါသကြီးတတ်နေတဲ့ ကျမအတွက် ......။


မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ
အဒေါသဆိုတာ ဒေါသမရှိတာ။ ဒေါသကင်းတာ။ အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘာမဟုတ်တဲ့ အသေးအမွှားစကားလုံးလေးနဲ.လည်း ပုံကြီးချဲ.ပြီးတော့ ဒေါသတွေ ကြီးနေတတ်တယ်။ စိတ်တိုနေတတ်တယ်။ စိတ်ဆိုးနေတတ်တယ်။ နာကျည်းမုန်းတီးနေတတ်တယ်။ ရန်ငြိုးတွေ ဖွဲ.နေတတ်တယ်။
ကိုယ့်အပေါ်မှာ လုံးကြီးတင် မခံချင်ဘူးပေါ့၊ လုံးကြီးတင် ကြီးကြီးတောင် မဟုတ်ပါဘူး။ သေးသေးလေးတောင် အတင်မခံချင်တာပေါ့လေ။ တဖက်သားက နောက်ပြောင်တဲ့ သဘောနဲ. ပြောတဲံ ဘာမဟုတ်တဲ့ စကားလေးကိုလည်း သူက အထအနတွေ ကောက်ပြီးတော့ စိတ်ဆိုးတယ်။ မုန်းတီးတယ်။ ဒါက အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေပေါ့။
အခုလို အင်မတန် ခြောက်သွေ.နေတဲ. မြက်ပင်တွေ၊ ၀ါးရွက်တွေပေါ် မီးစလေး တစ်မှုန်လောက် ကျရုံနဲ.ကို မြက်ခြောက်၊ ၀ါးရွက်ခြောက်တွေ မီ်းချက်ချင်းထလောင် သလိုပဲပေါ့။ အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒေါသဖြစ်စရာစကား သေးသေးမွှားမွှားလေး၊ ဒေါသဖြစ်စရာ အပြုအမူ သေးသေးမွှားမွှားလေးကလည်း ဒေါသမီးတွေ အကြီးအကျယ် တောက်လောင်စေတယ်။
အဒေါသဓာတ်ခံ အားကောင်းတဲ့ပုဂ္ဂိုလ်၊ ဒေါသအားနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကိုယ့်ကို ကိုယ်ထိလက်ရောက် စော်ကားတာတောင်မှ အပြုံးမပျက်ဘူး။ ကလော်ဆဲနေလည်း စိတ်မဆိုးဘူး။ ကိုယ့်ရဲ. ဂုဏ်သိက္ခာတွေ ထိပါးသွားအောင် ကြီးကြီးကျယ်ကျယ်လုပ်နေလည်းပဲ ဒေါသမဖြစ်ပဲနဲ. သည်းခံနိုင်တယ်။
သည်းခံတာကတပိုင်း၊ ဖြေရှင်းတာက တပိုင်းပေါ့နော်။ “ ဘာပဲ ပြောပြော သည်းခံရမယ်” ဆိုတာက ငုံ.ခံနေရမှာကို ပြောတာ မဟုတ်ဘူး။ စိတ်မဆိုးဖို.၊ ဒေါသနဲ. ပြန်မပြောဖို. ပြောတာ။ ဖြေရှင်းဖို. လိုအပ်ရင် ပြန်ဖြေရှင်းရမှာပဲ။ မလိုအပ်ရင်တော့လည်း ပြန်ဖြေရှင်းမနေနဲ.တော့ပေါ့။
လူတွေ အယူအဆလွဲနေတာက ဘာပဲဖြစ်ဖြစ် ငုံ.ခံ။ ငုံ.ခံတာကိုပဲ သည်းခံတယ်လို. ထင်နေတယ်။ ငုံ.ခံတိုင်း သည်းခံတာ မဟုတ်ပါဘူး။ ဖြေရှင်းသင့်၊ ဖြေရှင်းထိုက်တာကိုလည်း ဖြေရှင်းရမယ်။ ဒါပေမယ့် တဖက်သား ဒေါသမထွက်စေနဲ.။ တဖက်သား အကျိုးယုတ်အောင် မတုံ.ပြန်နဲ.။ ဒါကို သည်းခံတယ်လို. ခေါ်တာနော်။
တဖက်သား ဒေါသပိုထွက်သွားစေမယ့် စကားမျိုးနဲ.တော့ မတုံ.ပြန်နဲ.။ မေတ္တာနဲ. အေးအေးဆေးဆေး အကြောင်းသင့် အကျိုးသင့် ပြောပါလျက် သူ.ဘာသာသူ စိတ်ထားမမှန်လို. ဒေါသပိုထွက်သွားတာကတော့လည်း မတတ်နိုင်ဘူးပေါ့။
လိုအပ်လို. ပြန်ပြော၊ ပြန်ဖြေရှင်းသည် ဖြစ်စေ၊ မလိုအပ်လို. ပြန်မပြော၊ ပြန်မဖြေရှင်းသည် ဖြစ်စေ ကိုယ့်စိတ်ထဲမှာ ဒေါသမထွက်ရင် သည်းခံတာပါပဲ။ ပြန်မပြော၊ ပြန်မဖြေရှင်းပေမယ့် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေရင်၊ ဒေါသထွက်နေရင် သည်းခံတယ်လို. မခေါ်ပါဘူး။
အဒေါသဓာတ်ခံဆိုတာ မြန်မာလိုဆိုရင်တော့ “မမုန်းဓာတ်ခံ” ပေါ့လေ။ တစ်ဖက်သား ကိုယ့်ကို ဘာပြောပြော၊ တစ်ဖက်သား ကိုယ့်ကို ဘာလုပ်လုပ်၊ အဲဒီတစ်ဖက်သားအပေါ် နာကျည်း မုန်းတီးတဲ့စိတ် မရှိတဲ့ သဘောဟာ အဒေါသဓာတ်ခံ၊ မမုန်းဓာတ်ခံပါပဲ။

No comments: