Friday, February 29, 2008

BRAIN SCANNER တဲ့။

ဒီနေ. မယ်လိုဒီမောင်ရဲ. ငြိမ်းချမ်းသံစဉ်ကြားမှာ brain scanner လေးတွေ.လို. စမ်းကြည့်လိုက်တာ ကိုယ့်ဘရိန်းလေးကလဲ ချစ်စရာလေးထွက်လာတာနဲ. တင်လိုက်တာပါ။ သဘောကျတာက ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာရဲ. သင်္ကေတလေးတွေကို မြင်လိုက်ရတာကို။ ဟိုဘက်တခြမ်းက မျက်လုံးပြူးပြူးနဲ. ပါးစပ်ပိတ်ထားတာလား၊ ပါးစပ်တွေကပဲ ပြဲနေတာလားမသိတဲ့ အကောင်လေးတွေကလဲ ချစ်စရာ။ အဟဲ....။


ဒီလိုနဲ.တော့ ဘယ်ပြီးလိမ့်ဦးမလဲ။ သူရော ကိုယ်မသိအောင် ဘာတွေ ထည့်သိမ်းထားလိမ့်ဦးမလဲ သိချင်သေး။


ဟင်! တူတာလဲ တစ်ခုမှ မပါပါလား။ ကိုယ့်ဘာသာ အဓိပ္ပာယ်ကောက်ရရင်တော့။ အင်း။ ကိုယ် ချစ်ခြင်းတွေကို သူမမြင်ဘူးထင်ရဲ.။ မျက်မှန်အနက်ကြီးတပ်လို.။ အော်... သူက ကိုယ် မျက်လုံးပြူးပြီး ပါးစပ်ပိတ် တိတ်တိတ်နေရင်တော့ သဘောကျတယ်တဲ့လား။ လက်မ ထောင်နေတာလေ။ ကဲ ... ပြော။ ကိုယ်ထင်တာ မမှန်ဘူးလားလို.။ JUST FOR FUN!

No comments: