Skip to main content
ခင်ဗျားအခု နေ နေတဲ့ life-style ကြီးက ဘယ်လိုကြီးမှန်းမသိဘူး။ တမျိုးကြီးပဲ..တဲ့.။ သူက ပြောတယ်။
ကျမ ရယ်နေလိုက်တယ်။ ဟုတ်တယ်လေ။ ညဖက် တရေးနိုးထပြီး အိမ်အလုပ်တွေလုပ်၊ အင်တာနက်လေး ပြေးကိုင်လိုက်နဲ. မိုးလင်းတဲ့ညတွေလည်း များပြီပဲ။ ကျမလည်း ဒီလို နည်းလမ်းမကျတဲ့ routine ထဲမှာ လည်နေတာ ကြာတောင် ကြာနေပြီပဲ။ ကျမကို ကြည့်ပြီး သူစိတ်ချမ်းသာဟန်မတူပါဘူး။ ကျမကတော့ ကိုယ့်ဝတ္တရားတွေ၊ တာဝန်တွေကြားထဲကနေ ကွန်ပြူတာတလုံးနဲ. အင်တာနက်ထဲ လျှောက်လည်နေတော့ ကိုယ့်ကိုကိုယ် အရှိန်တွေရလို.ပါပဲ။

အရင်ကတော့ ကလေးတွေ ကျောင်းပို.ရင်း လိုက်၊ ပြီး သူနဲ. မနက်စာစား၊ သူသွားတဲ့နောက်လျှောက်လိုက်၊ သူ.ကားပေါ်မှာ စာအုပ်တစ်အုပ်နဲ. လိုက်ထိုင်၊ သူ.ဘေးနားမှာလည်း ကျမအမြဲပါနေကျ။ ရုံးရောက်ရင်လည်း ကိုယ့်အလုပ်မရှိလေတော့ ကွန်ပြူတာတလုံးနဲ. ထုံးစံအတိုင်းနှစ်ပါးသွား၊ သူအလုပ်များရင် အရိပ်အခြေကြည့်ပြီး စကားလေး ဘာလေးပြောပေါ့။ ဒါပေမယ့် သူနဲ.ကျမ စကားပြောတဲ့အချိန်က ခပ်ရှားရှားရယ်။ သူ ဘယ်အချိန် စကားတွေ ပြောသလဲဆို... ကားမောင်းနေရင်း လမ်းမှာ ရှုပ်ရှက်ခတ်နေတဲ့အခါဆို.... ပြောပြပါလိမ့်မယ်....။ သူ စကားများလေ ကျမက (ကားကို ကိုယ်မမောင်းရပဲ) အာရုံပိုစိုက်နေမိတော့ သူ.စကားတွေကို နားထောင်ချင်ချင်၊ မထောင်ချင်ချင် ကားပေါ်မှာ ဆိုတော့ ပြေးလို.လည်းမရ။ ဒီကြားထဲ သူ ဖုန်းတွေကလည်း တချိန်လုံး လာ၊ သူကားမောင်းရင်း ဖုန်းပြောနေရင် ကျမ ရင်တမမ။

သူပြောတဲ့ အကြောင်းတွေမှာ သူအလုပ်အကြောင်းနဲ. သူ.နဲ.သက်ဆိုင်တဲ့ သူများအကြောင်းတွေ။ အရင်ကတော့ သူပြောတာနားထောင်၊ အင်း အဲ လိုက်။ ပြီး ကိုယ်ထင်တာ ကိုယ်ပြောပေါ့။ တခါတခါ သူ.ကို ဆရာကြီးဝင်လုပ်ပေါ့။ ဒါပေမယ့် ကြာတော့လည်း ဒါတွေချည်းပဲ ကျမ နားမထောင်ချင်တော့။ ကိုယ်ပြောတဲ့အကြောင်းကျတော့ သူ.ဘက်က response မလာ။ တကယ့်ကို အင်း အဲ မလှုပ်၊ လှည့်ကြည့်ရင်တော့ စဉ်းစားနေတာ...ဆိုပဲ။ ပြီး အိမ်ပြန်ရောက်တော့ ကိုယ်က အိမ်အလုပ်နဲ. ကလေးတွေနဲ. လုံးလည်ချာလည် အော်ဟစ်နေရပြန်ရော။ အကုန်လုံးပြီးပြီဆို... ကိုယ်တော်ချောလေးတွေကို သိပ်ရပြန်တယ်။ ကိုယ်မှ မသိပ်ရင် သမီးလေးက ဘယ်တော့မှမအိပ်။ အနားနား လာပြီး ဂျီကျတတ်သည်ပဲ။ သည်တော့ ည ဆယ်နာရီလောက်ဆို ကလေးတွေ ကို အပေါ်ထပ်မှာ မီးအားလုံးပိတ်ပြီး သိပ်။ ကိုယ်လည်း အိပ်ပျော်သွားတတ်သည်ပါပဲ။ ဒါပေမယ့် ကြာကြာတော့ မအိပ်နိုင်၊ မီးပျက်မဲ့အချိန်နဲ. တိုင်မင်ကိုက်ပြီး လုပ်စရာတွေရှိနေသေးတော့ တညတည ကိုယ် စိတ်ဖြောင့်ဖြောင့်မအိပ်နိုင်ခဲ့။ ကိုယ်ပြန်ထတဲ့ ၁၂-နာရီ။ နာရီပြန်တချက်လောက်ဆို ကိုယ်ကအထ၊ သူက အိပ်ယာ အ၀င် ဖြစ်ချင်ဖြစ်နေတတ်သေးသည်။ တကယ်တမ်းကျ ခဏ အလုပ်ထ လုပ်တာပေမယ့် ကလေးတွေ ဖွသွားတာကိုပဲ ပြန်ရှင်းရတာ မသက်သာလှ။ ပြီးပြန်အိပ်ဖို.ကြည့်တော့ မိုးလင်းလု။ ပြန်အိပ်ရင် ပြန်ထ ဖို.က သိပ်မလွယ်တာနဲ. ... နောက် သူတို.ကျောင်းသွားတဲ့ အချိန်ကျော်တော့မှ မနက်စာ ကော်ဖီလေး မော့ပြီး... အိပ်လိုက်တာ နေ.လည် ၁၀-နာရီခွဲ ၊ ၁၁ နာရီမှ ပြန်ထ ဖြစ်တော့တာပဲ။ ကလေးတွေ မရှိတဲ့အချိန်လေးဆိုတော့ သူတို.နဲ. လုပ်လို. မဖြစ်တဲ့ ကိစ္စတွေ လက်စ ပြန်သိမ်း၊ အဲဒီအချိန်တွေကတော့ နည်းနည်း အေးအေးဆေးဆေးနိုင်ပါတယ်။ မနက်အိပ်ယာကနိုးတာနဲ. မိုဒန်းနဲ. စက်က ဖွင့်ထားပြီ။ ပြီးမှ လုပ်စရာရှိတာပြေးလုပ်လိုက်၊ ဖတ်ချင်တာတွေ လာဖတ်နဲ.။ အဲ .. သူတို.လေးများပြန်လာပြီဆိုရင်တော့ သူတို.ကို ကျွေးမွေးသုတ်သင်၊ အိမ်စာတွေ ပြန်စစ်ပြီးလုပ်ခိုင်းတန်တာ လုပ်ခိုင်း၊ အဲဒါကျတော့ အချိန်နဲ.လုပ်လို.မရတောပြန်။ မီးမလာခင်ဆို ကစားချိန်ပေး၊ မီးလာနေရင်တော့ သူတို.အကြိုက် ကာတွန်းကားတွေအရင် ကြည့်ခိုင်း၊ ရေမိုးချိုးပေး။ ပြီးမှ အိမ်စာတွေ ကြည့်ပေးရတာပေါ့။

အိမ်ရှင်မ တယောက်အတွက်တော့ တကယ်ပါပဲ။ နားချိန်ကို မရှိမှာ။ ကျမကတော့ အိမ်ရှင်မ တ၀က်ပဲ ဆိုတော့ ကိုယ်လုပ်ချင်တာတွေ လုပ်ပစ်လိုက်တာပါပဲ။ အဓိက ကတော့ ကျမ စိတ်ဓာတ်မကျချင်ဘူး။ depression မ၀င်ချင်ဘူး။ ကိုယ့်အတွက် “ငါ” ဆိုတာကလွဲရင် အကုန်နေပျော်စရာကောင်းနေတဲ့ဘ၀လေး၊ ကျမ နေရတာ အဆင်မပြေဘူးဆိုရင် ဘယ်သူမှ နားလည်မယ်မထင်ဘူး။ မနေတတ်သူ ကျမအလွန်သာ ဖြစ်ပေလိမ့်မယ်လေ။ “ငါ” ဘာလဲ ဆိုတာ မတွေးပဲနဲ. သူ.အရှိန်နဲ. လည်ပတ်နေတဲ့ routine ထဲမှာ အသာဝင်နေလိုက်ရင်တော့.... လူလည်း မူးလည်ချာလည်နဲ.မို. ဘာမှန်းကို မသိနိုင်ပါဘူး။ နေပျော်အောင်သာနေလိုက်။ အင်တာနက်ထဲကနေ ကမ္ဘာအနှံ.လျှောက်လည်၊ နေရာအစုံက သူငယ်ချင်းတွေနဲ. စကားတွေပြော၊ ရန်ကုန်က သူငယ်ချင်းတွေနဲ. တွေ.ဖို.မပြောနဲ.။ ဖုန်းဆက်ဖို.တောင် အနိုင်နိုင်။ သူတို.က လှမ်းမေးကြတယ်။ ဘယ်သူနဲ.တွေ.ဖြစ်သေးလားဆို...... မတွေ.တာကြာပြီ။ ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေနဲ.ဆို အမြဲ နောက်ဆုံးသတင်းတွေ သိပြီးသား။ တဖြေးဖြေးနဲ. ကျမလည်း လူတွေနဲ.စကားမပြောတတ်တော့သလိုပဲ။ virtual world ထဲမှာနေ၊ ချက်တင်တွေလုပ်လိုက်၊ ကိုယ်မလုပ်နိုင်တဲ့ နိုင်ငံရေးသတင်းတွေဖတ်လိုက်။ ကိုယ်သိချင်တာလေးတွေ လိုက်ရှာလိုက်၊ တခါတလေတော့လည်း လင့်ခ်တွေကနေ သွားရင်းသွားရင်း မူရင်းအကြောင်းအရာတွေ ပျောက်လို.။ လေလွင့်နေတဲ့ ရော်ရွက်ဝါလိုပဲ။ တကယ်ဆို အမြင်နောက်စရာပါ။ လက်တွေ.ဘ၀နဲ. ကင်းလွတ်နေတဲ့ အနေအထား။ တခါတခါတော့လည်း...... လွတ်ချင်ပြီ။ ဒီဘ၀က...။

ဟုတ်တယ်နော်။ ကျမ ဘယ်လို ပုံစံမျိုးနဲ. နေထိုင်နေတာပါလိမ့်။

Comments

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...