ကျမ မနေ့က ကိုဘုန်းမော်အမှတ်တရ ပို.စ်တင်တာ ပျောက် ပျောက်သွားလို့ သုံးခါမြောက်မှာ လက်လျှော့လိုက်ရပါတယ် :(
ဒီနေ့တော့ ပြန်ပြီး dash board မှာ အပြည့်အစုံ ပြန်မြင်လိုက်ရလို. စိတ်ချမ်းသာသွားပါတယ်။ ကျမစိတ်ချမ်းသာရသလို ကျန်တဲ့ ဘလောက်ဂါများနဲ့အတူ ပြည်သူတွေလဲ စိတ်ချမ်းသာစေဖို. ဆုတောင်းလိုက်ပါတယ်။
ကျမက ၈၈-ကို ကျောင်းသူတစ်ဦးအနေနဲ ဖြတ်သန်းလာခဲ့ရတာရော၊ ကိုဘုန်းမော်တို.နဲ. ပညာရင်နို.သောက်စို.ခဲ့ကြတဲ့ မိခင် ကျောင်းတော်ကြီးတစ်ခုထဲက ထွက်လာခဲ့သူ ညီမငယ် တစ်ဦးအနေနဲ.ရော၊ ပြီး ပြည်သူတရပ်လုံးထဲက ပြည်သူတစ်ဦးအနေနဲ.ရော.... မတ်လ-၁၃-ရက်ရောက်တိုင်း ကိုဘုန်းမော်နဲ့ ကြွေလွင့်သွားခဲ့ရတဲ့ ကျောင်းသူ ကျောင်းသားတွေကို သတိရ အောက်မေ့မိပါတယ်။ ကိုဘုန်းမော်ကိုရော၊ ကိုစိုးနိုင်ကိုပါ ကျမ မမြင်ဖူးပါဘူး။ သူတို.ဟာ ကျောင်းသားတွေထဲက ကျောင်းသားတွေပါပဲ။ သူပုန်တွေလဲ မဟုတ်ခဲ့သလို လူဆိုး လူမိုက်တွေလဲ မဟုတ်ခဲ့ပါဘူး။ ကျောင်းသားတွေဆိုတာ တက်ကြွတယ်၊ တိုးတက်တဲ့အမြင်ရှိတယ်၊ သတ္တိရှိတယ်၊ ကိုယ်ကျိုးမကြည့်တတ်ကြဘူး။ သူတို.မှန်တယ်ထင်တာအတွက် သူတို.အတွက် ဘာတွေ စတေးရ စတေးရ ကိစ္စမရှိကြဘူး။ သူတို.အတွက် အရေးကြီးတာ ယုံကြည်ချက်ကို သစ္စာမဖောက်မိဖို.ပါပဲ။ သူတို. ယုံကြည်လေးစား အထင်ကြီးတဲ့ သူတွေအတွက် သူတို. အသက်စွန်.ကာကွယ်ပေးဖို. ၀န်မလေးတတ်ကြဘူး။ ခေတ်တွေသာ ပြောင်းသွားမယ်။ ကျောင်းသားတွေရဲ. အဲဒီစိတ်ဓာတ်ကို ဘာနဲ.မှ ကန်.သတ်လို.မရနိုင်ပါဘူး။ ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို၊ ဘယ်စံနစ်အောက်မှာပဲဖြစ်ဖြစ် ဒါက..ကျောင်းသားတိုင်းရဲ. စိတ်ဓာတ်ပါပဲ။ ကျောင်းသားတွေရဲ. စိတ်ဓာတ်က တက်ကြွလွန်းတယ်။ လူငယ်မို.လို. အတွေ.အကြုံ နုနယ်ကောင်း နုနယ်လိမ့်မယ်။ ဒါပေမယ့်.... ရိုးသားတယ်၊ ဖြူစင်တယ်။ တိုင်းပြည်နဲ.လူထုအပေါ် စေတနာ မှန်တယ်။ လူငယ်တွေရဲ. စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာကတော့.... ကောင်းဖို. မမြင်ပါဘူး။ အညွန်.တွေ မရှိတော့တဲ့ အပင်ရဲ. အနာဂတ်... မှန်းကြည့်ကြဖို.တော့ကောင်းတယ်။ လူငယ်ရဲ. အားမပါပဲနဲ. တိုင်းပြည်ကို ရှေ့ဆက်သွားဖို. ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီစာတွေက ကျမတဦးတည်းရဲ. အမြင်နဲ. ခံစားမှုသက်သက်ပါ။ နိုင်ငံရေးလဲ မပါလောက်ပါဘူး။ ပုတ်ခတ်တာလဲ မပါကောင်းပါဘူး။ ဘယ်နိုင်ငံရေးပါတီမှလဲ မ၀င်ခဲ့ပါဘူး။ ကျောင်းသားဖြစ်ခဲ့ဖူးတဲ့ ကျောင်းသားတယောက်အနေနဲ.။ ပြည်သူထဲက ပြည်သူတယောက်အနေနဲ. ။
ဒီနေ.ဒီရက်ရောက်တိုင်း ကိုဘုန်းမော်အပါအ၀င် ရှေ့အရင်ကရော၊ ဒီ အနှစ် ၂၀-အတွင်းမှာရော အညွန်.ချိုးခံခဲ့ရတဲ့ ကျောင်းသားတွေအတွက်၊ ရိုက်ချခံခဲ့ရတဲ့ ကြွေပွင့်ရဲရဲ တွေအတွက် ကျမ ယူကြုံးမရ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို.တွေကိုလည်း ဦးညွတ်အလေးပြုမိပါတယ်။ ကျောင်းသားစိတ်ဓာတ်တွေကို ထွေးပွေ.ပိုက်ရင်း စွန်.ခွာသွားကြတဲ့ သူတွေကို ကျမ လေးစားပါတယ်။
ချိန်မတန်ပဲ ကြွေလွင့်သွားရတဲ့ ညီအကို မောင်နှမအပေါင်းတို.ရေ...။ နောင်ဘ၀ မြန်မာပြည်မှာ လူလာဖြစ်လာခဲ့မယ်ဆိုရင် လေးလံထိုင်းမှိုင်းတဲ့ ဦးဏှောက်တစုံရယ်။ ကြားရုံသာ နားထောင်တတ်တဲ့ နားတစ်စုံရယ်၊ မြင်အောင် မကြည့်တတ်တဲ့ မျက်လုံးအစုံရယ်၊ အသံမထွက်နိုင်တဲ့ ပါးစပ်တပေါက်ရယ်သာ ယူလာခဲ့ပါတော့။ အဲ... ကျောင်းသားဘ၀လဲ ဘယ်လိုနည်းနဲ.မှ အရောက်မခံနဲ.တော့နော်။
လွတ်လပ်မှ အမျှဝေပါရစေ....။
Comments