Skip to main content

Posts

Showing posts from June, 2008

ဒါ ကျွန်တော့်အပြစ်တွေပါ

ကလေးက ဘဲကို အပြစ်တင်တယ်၊ ဘဲကလည်း ကလေးကို အပြစ်တင်တယ်။ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ကွယ်လွန်သွားတဲ့ PAUL ARDEN ရဲ. IT'S NOT HOW GOOD YOU ARE, IT'S HOW GOOD YOU WANT TO BE. ကို မြင့်စိုးလှိုင် မြန်မာဘာသာပြန်ထားတဲ့ စာအုပ်ကလေး ဟိုတနေ.က တွေ.လို. ၀ယ်လာခဲ့ပါတယ်။ သဘောကျမိတဲ့ စာလေးတွေတွေ.လို. ကျမရဲ့ notebook လေးထဲ သိမ်းထားလိုက်ပါတယ်။ ဒါကျွန်တော့်အပြစ်တွေပါ မှားယွင်းသွားတဲ့ ကိစ္စတစ်ခုမှာ ကိုယ် ပါဝင်ပတ်သက်နေမယ်ဆိုရင် သူတစ်ပါးကို အပြစ်ဖို့မနေပါနဲ့။ ဘယ်သူ.ကိုမှ အပြစ်မတင်ဘဲ ကိုယ့်ကိုကိုယ် သာ အပြစ်တင်ပါ။ ကိုယ့်အနေနဲ. အကြောင်းတစ်ခုကို ဆုပ်မိကိုင်မိပြီ ဆိုပါတော့။ အဲဒီ အပိုင်းကဏနဲ. ပတ်သက်လို. ကိုယ့်မှာ အစစအရာရာ တာဝန်ရှိကြောင်း သဘောပေါက်လက်ခံပါ။ မအောင်မမြင် ဖြစ်ရတဲ့အတွက် ယေဘုယျဆင်ခြေတချို.ကတော့ ၁။ ဒီအလုပ်နဲ. ပတ်သက်လို. ဘာတစ်ခုမျှ အသေးစိတ် သိရတာ မဟုတ်ဘူး။ ၂။ ကျွန်တော့်မှာ ကူဖော်လောင်ဖက်ကောင်း တစ်ယောက်ရှိရင်ကောင်းမှာ။ ၃။ အလုပ်ကို ကောင်းကောင်းမွန်မွန်ဖြစ်အောင်လုပ်ဖို. ပိုက်ဆံမှ မလုံလောက်တာ။ ၄။ အထက်လူဋ္ဌကီးက ကျွန်တော်ပြောတာမှ နားမ၀င်တာ။ ၅။ ကျွန်တော့်မှာ တခြားစီမံချက်တွေနဲ့ တာဝန်ပိနေလို.ပါ။ ၆။ အချိန်ကျတေ

Post Images testing

Sweet Memory of Life -- Theingi Nwai tg.nwai@gmail.com ကျမ gmail ကနေ post လှမ်းတင်ကြည့်တာပါ။ ဓာတ်ပုံတွေပါ ထွက်တယ်ဆိုတော့ သိပ်မဆိုးဘူးပေါ့နော်။ ဒါပေမယ့် ပြန်ပြီး edit လုပ်ဖို.လွယ်ပါ့မလားမသိလို့။ ဘာပဲဖြစ်ဖြစ်လေ။ မေးလ်ကနေ မြန်မာစာတင်လို့ရတာကိုပဲ သဘောကျနေပါပြီ။ Dashboardထဲမှာ အချိန်ကုန်နေစရာသိပ်မလိုတော့ဘူးပေါ့။ မနက်က permission ၀င်ပြောင်းကြည့်နေသေးတယ်။ only allowed person ကိုသွားရွေးလိုက်ပြီး ကိုယ့်ဖာသာ ပြန်ဝင်တော့ မရတော့လို. မျက်လုံးပြူး အဲ ပိုပြူးသွားရတယ်။ နောက်တော့ ပို.စ်တွေ back-up လုပ်ပြီးမှပဲ ပြန်ပြောင်းတော့မယ်လို.။ ကျမလည်း ကျမဘလောက်ဂ် အသက် တစ်နှစ်ပြည့်မှာ တူတူတန်တန် ပို.စ် တစ်ရာတော့ တင်ထားချင်တာနဲ. တွေ.ရာတွေ ကောက်တင်နေတော့တာပါပဲ။ ဟဲဟဲ။

အသိပေးစကားစုများ -ဓမ်မဒူတ အရှင်ဆေကိန္ဒ

အိပ်မက်ကို အဟုတ်ထင်တတ်တယ်၊ အဟုတ်ကိုလည်း အိပ်မက်လို. ဇဝေဇ၀ါ ဖြစ်တတ်တယ်။ မသိတာချင်း အတူတူပါပဲ။ *********************** ရယူထားနိုင်ရင် အရသာရှိတယ် တဲ့။ ပေးစွန့်လိုက်ရရင်လည်း အရသာ ရှိတာပါပဲ။ အရသာချင်းကတော့ မတူပါဘူး။ *********************** သူ.အတွက်ပါ ဆိုပြီး ငါ့ဖို့ ပါတတ်တယ်။ ငါ့အတွက်ပါ ဆိုပြီး သူ.ဖို. ပါတတ်တယ်။ ငါနဲ့ သူ မျှရဲ့လား။ *********************** ကိုယ့်ဖို. တစ်ဖက်ထဲသာ ကြည့်ရင် အပြစ်ပဲ  မြင်တတ်တယ်။ နှစ်ဖက်မျှကြည့်ရင် အပြစ်ကင်းတယ်။ *********************** ဘာမျှ မသိတဲ့ လူတွေက ချီးကျူးခံရတာလောက် သိက္ခာကျတာ ဂုဏ်ပျက်တာ မရှိတော့ပါဘူး။ သူများ ချီးကျူးတိုင်း ကောင်းတယ် မထင်နဲ.။ *********************** တကယ်သိရင် မဟုတ်တာ မလုပ်ပါဘူး။ သိလျက်နဲ့ လုပ်သေးရင် မသိတဲ့သူထက် ဆိုးသွားပြီပေါ့။ ***********************ေ စာင်းမပြောနဲ့ တည့်တည့်ပြော။ ရွဲ.မထိုင်နဲ. တည့်တည့်ထိုင်၊ ကိုယ်နဲ.ကိုယ် တည့်ပါစေ။ *********************** အတုပဲ ခိုးလို. ရမယ်။ အစစ်ဆိုတာ ကျင့်မှ။ အမှန်ကို သိသလောက် ကျင့်၊ အစစ်ဖြစ်တယ်။ *********************** လေးစားကြလို. အတူတူ ပေါင်းသင်း အလုပ်လုပ်နေတာပေါ့။ အရည်အတွက်က
မေလေးတို့အိမ် အိမ်လေးတစ်အိမ်ကို ကိုငယ် နဲ့ မေလေး နှစ်တနှစ်ရဲ့ ဇွန်လကုန်ခါနီး တစ်ရက်မှာ တည်ဆောက်ခဲ့ကြတယ်။ အဲဒီအိမ်ထဲမှာ.... ရတဲ့ လခနဲ့ ကုန်တဲ့ အသုံးစရိတ် မကာမိမှာစိုးလို့ ချခဲ့တဲ့ သက်ပြင်းလေးတွေ ရှိခဲ့ဖူးတယ်။ တိုင်ပတ်ဖို့ ဘိုင်ပြတ်လို့ ခေါင်းစားခဲ့ရဖူးတယ်။ ပုဆိုးအဟောင်းကို သုံးထည်စာ အသစ်စရိတ်နဲ့ သူ့ဆီ အရောက်ပို့ပေးခဲ့ရဖူးတယ်။ ၅ ဘတ်ဖိုး မှိုသုံးလုံးလည်း မအူမလည် ၀ယ်ခဲ့ရဖူးတယ်။ ဆမ်ယမ် ဆစ်ဘတ် ဟင်းရွက်စုံလည်း ချက်စားခဲ့ဖူးတယ်။ seven-eleven ၀င်ထွက်တိုင်း ခုန်တတ်တဲ့ ရင်အစုံရှိတယ်တဲ့။ အဲဒီအိမ်ထဲမှာ... ဒူးရင်းသီးတွေ အစားများခဲ့တဲ့ အမေကြောင့် အပူကန်ပြီး မွေးဖွားလာတဲ့ ငိုကြွေးတတ်တဲ့ ကလေးလေးတစ်ယောက် စ ရောက်လာခဲ့တယ်။ မိဘတာဝန်ဆိုတာ သည်းခံခြင်း၊ ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ စိတ်ရှည်ရခြင်းဆိုတဲ့ လက်တွေ့သင်ခန်းစာ တွေအတွက်ပေါ့။ ချစ်ခြင်းနဲ့ အစတည်ခဲ့ပေမယ့် စွန့်လွှတ်ရတယ်လို့ ထင်လာတဲ့အခါ မကျေနပ်ချက်တွေ၊ အားငယ်မှုတွေနဲ့ ပေါက်ကွဲသံတွေလည်း ကြားခဲ့ရဖူးတယ်။ မိသားစုဆိုတာ ပီပြင်စေဖို့ နောက်တိုးလေးတွေက အင်အားထပ်ဖြည့်ပြန်တယ်။ ကိုယ့်အားကိုယ်ကိုး ကိုယ်ဝန်ကိုယ်ထမ်း၊ ပင်ပန်းလည်း မျှခံ၊ အဲဒါ မိသားစု စိတ်ဓာတ်လေ။ ဆူပူအော်

နှလုံးသွင်းရန် သတိပေး သံဝေဂလကာင်္များ (၁)

မဟာဂန္ဓာရုံ အဓိပတိ ဆရာတော်ဘုရားကြီး ၏ သံဝေဂလကာင်္များ ၁။ ငါတို့နေရာ၊ ဤကမ္ဘာ တဏှာအုပ်စိုးသည်။ ၂။ တဏှာစေရာ၊ မနေသာ ဖွေရှာဆက်ရသည်။ ၃။ ရသည့်ဥစ္စာ၊ ချစ်သူပါ စွန့်ခွာသွားရမည်။ ၄။ တကယ့်အရေး၊ တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။ ၅။ ငါနှင့် ရွယ်တူ၊ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။ ၆။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ပပြီ။ ရ။ ဇရာမီးတောင် ကိုယ်လည်းလောင်၊ သေအောင်မြိုက်တော့သည်။ ၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်သည်။ ၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။ ၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး၊ ခရီးထွက်တော့မည်။ @ @ @ @ @ @ @ @ @ @ @ @ @ @

ကျမတွေးမိသော သေခြင်းတရား။

ကျမ သေခြင်းတရားကို မကြာခဏတွေးကြည့်ဖူးပါတယ်။ တစ်ခါတစ်လေ နေထိုင်မကောင်းဖြစ်လို့ အနေရအထိုင်ရ ခက်နေတဲ့အခါမျိုးမှာလည်း ငါသာ သေခါနီး ဒီလိုမျိုးဖြစ်နေရင် တော်တော် အနေကျပ်မှာပဲ။ အသေဖြောင့်မှာ မဟုတ်ဘူး လို့လည်း တွေးကြည့်မိဖူးပါတယ်။ သီလ သမာဓိနဲ့ ပြည့်စုံလှတဲ့ ပုဂ္ဂိုလ်တွေများရဲ့အကြောင်းကြားရရင်တော့ အားတက်ရပါတယ်။ ငါ့ရဲ့ နောက်ဆုံးအချိန်လေးလည်း ဒီလိုသာပြီးဆုံးနိုင်မယ်ဆို သွားရာလမ်းကောင်းမှာပဲလို့ အားကျခဲ့ဖူးပါတယ်။ ကျမ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို အရင်က တစ်ခါမှ မကြုံဖူးပါဘူး။ ကျမက ကြောင်တွေ ခွေးတွေ ချစ်တတ်တော့ ကျမရဲ့ ငယ်စဉ်အချိန်တော်တော်များများဟာ သူတို့နဲ့ပဲ အချိန်ကုန်ဆုံးခဲ့ပါတယ်။ သံယောဇဉ်တွယ်တတ်တဲ့အပြင် တဦးတည်းသော မိန်းကလေးဖြစ်တဲ့အတွက် ကျမရဲ.အဖော်ဟာ သူတို့တွေပဲ ဖြစ်ခဲ့ရပါတယ်။ သူတို့လေးတွေ ကလေးမွေးခါနီး ဗိုက်နာလာပြီဆိုရင် ကျမနား ပွတ်သီးပွတ်သပ်လာလုပ်တတ်ပါတယ်။ ဆရာဝန်မဖြစ်ခဲ့ရတဲ့ ကျမ ကြောင်ဝမ်းဆွဲတော့ ဖြစ်ခဲ့ပါတယ်။ မွေးတဲ့အခါမှာတင် ကျမ သူတို့အနား ရှိနေခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့နောက်ဆုံးအချိန်မှာလည်း ကျမ ဘုရားစာရွတ်ရင်း ကျောလေးသပ်ပေးရင်း သူတို့ရဲ့နောက်ဆုံးထွက်သက်ထိ ကျမဘေးနားမှာ ရှိနေခဲ့တတ်ပါတယ်။

Happy Birthday!

၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၉-ရက် (ကြာသပတေးနေ့) အစဉ်အလာအတိုင်း ပျော်ရွှင်သော မွေးနေ့မင်္ဂလာ ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် အန်တီစုရေ။ ဆန္ဒနဲ့ လက်တွေ့ တထပ်တည်း မကျနိုင်မှန်း သိပေမယ့်လည်း... ချစ်တဲ့ အန်တီစု တစ်ယောက်ကိုတော့ဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ချစ်သူ ခင်သူများနဲ့အတူ မွေးနေ့မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေတာကိုတော့ဖြင့် မြင်ချင်လှပါသေးတယ်။ အန်တီစုကို ချစ်တဲ့သူများရဲ့ မေတ္တာမိုးတွေနဲ့အတူ အန်တီစုတစ်ယောက် ငြိမ်းချမ်းနေနိုင်ပါစေလေ။

သတင်းသမားလူငယ်လေးတွေကို ကျေးဇူးတင်တယ်

ဒီတပတ်လည်း Weekly Eleven (11-6-2008)မှာ ပါတဲ့ ဆရာလူထုစိန်ဝင်းရဲ. ဆောင်းပါးကို တင်ချင်ပါတယ်။ မီဒီယာတွေရဲ. အရေးပါပုံနဲ. သတင်းသမားတွေရဲ. ကျင့်ဝတ်သိက္ခာအကြောင်းတွေ ရေးထားတာဖတ်ရတော့ သိပ်သဘောကျသွားတာနဲ.ပါ.....။ လူဆိုတာ အတ္တကင်းဖို.တော့ ခက်သား။ ဒါပေမယ့် မှားမှန်းသိရက်ကြီးနဲ. ဗြောင်မှန်ပါတယ်လို. ပြောရတဲ့ကိစ္စ၊ ဘယာကြောင့်ဖြစ်ဖြစ်၊ တဏှာကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လည်း ပြန်ညာနေရတဲ့ ကိစ္စမျိုး။ သူများတွေထက် သတင်းမီဒီယာသမားတွေမှာ ပိုပြီး တာဝန်ကြီးတယ်လို. ထင်ပါတယ်။ ကိုယ့်သမိုင်းတင်မက၊ တိုင်းပြည်နဲ. လူမျိုးအထိပါ ထိခိုက်နစ်နာစေလောက်တဲ့အထိ အပြစ်ကြီးတယ်လို. ထင်ပါတယ်။ ကဲ...။ သတင်းသမားလုပ်ပြီးတော့ သတ္တိမရှိရင်၊ တာဝန်မယူရဲလို. ရှိရင် အသာဘေးထွက်ထိုင်လိုက်ပါ။ နောင်တချိန်မှာ ကိုယ်လိပ်ပြာသန်.နိုင်ပါသေးတယ်။ ကျမကလည်း နာဂစ်နဲ.အတူပါလာတဲ့ သတင်းသမားလူငယ်လေးတွေရဲ. တာဝန်ကျေမှုကို ချီးကျူးဂုဏ်ပြုရင်း ဆရာကြီးရဲ. ဆောင်းပါးလေးကို တင်လိုက်ပါတယ်။... သတင်းသမား လူငယ်လေးတွေကို ကျေးဇူးတင်တယ် လူထုစိန်ဝင်း (Weekly Eleven 11-6-2008) တစ်လောလေးက လူငယ်ဂျာနယ်သမားလေးတစ်ယောက်က ။နာဂစ်မုန်တိုင်းကြီးအရေးမှာ ကျွန်တော်တို. ဒီခေတ်ဂျာနယ်တွေ တာဝ
ဦးဆောင်လမ်းပြသူ လိုတယ် လူထုစိန်ဝင်း နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီး ၁၀ ရက်လောက်အကြာမှာ ပြင်ဦးလွင်က လူငယ်စာရေးဆရာ ကိုဟင်းရာတစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့်ရောက်ချလာပါတယ်။ သူက အကြောင်းမရှိဘဲ ရန်ကုန်ကို မလာတတ်ပါဘူး။ မိဘနှစ်ဦးကို အဖော်ပြုနေရသူဖြစ်တာကြောင့် ညအိပ်ညနေခရီး ထွက်ခဲပါတယ်။ လိပ်ပြာမလုံလို. “ လူတွေ သိန်းနဲ.ချီပြီး သေကျေပျောက်ဆုံးနေရတဲ့ ကပ်ဆိုး၊ ဘေးဆိုးကြီးမှာ လူတိုင်း တစ်ပိုင်တစ်နိုင် တတ်စွမ်းသမျှ ၀ိုင်းဝန်းကူမနေကြတဲ့ အချိန်မှာ ဒီအတိုင်း ငုတ်တုတ် ထိုင်နေရတာ လိပ်ပြာမလုံ ဖြစ်ရတယ်ဆရာရယ်။ အဲဒါကြောင့် ဆရာတို.နဲ. တိုင်ပင်ပြီး ကိုယ်ထိလက်ရောက် ဘာတွေ လုပ်နိုင်သလဲဆိုတာ စဉ်းစားမယ်။ ဘယ်သွားပြီး ဘာလုပ်ရ လုပ်ရ လုပ်ဖို. ရည်ရွယ်ပြီး ဆင်းလာခဲ့တာပဲ ” ကိုဟင်းရာက စိတ်အားထက်သန်စွာ လာရင်းအကြောင်းကို ရှင်းပြပါတယ်။ အမေ လူထူ ဒေါ်အမာ တစ်နှစ်မှာ ခြောက်လလောက် ပြင်ဦးလွင်မှာ အပူရှောင်နေထိုင်သမျှ ကာလပတ်လုံး အနားမှာ လက်ကသုံးတောင်ဝှေး ပြုစုစောင့်ရှောက်နေရုံမျှမက အမေမာဆီ ရောက်လာသမျှ ရပ်ဝေးရပ်နီး ဧည့်သည်မှန်သမျှကိုလည်း စိတ်ရှည်လက်ရှည်နဲ. စေတနာ့ဝန်ထမ်းဧည့်လမ်းညွှန် လုပ်ပေးနေကျ လူမှုရေးစိတ်ဓာတ်ပြည့်ဝသူတစ်