Wednesday, July 9, 2008

ခဏလောက် နားခွင့်ပြုပါ

ကျမ စိတ်ညစ်တယ်။ ဟုတ်တယ်...။ တကယ် စိတ်ညစ်နေတယ်။ တနည်းနည်းနဲ့တော့ ရှင်းလို့ရမှာပဲ ဆိုပြီး ကျမလည်း ကြိုးစားနေတာပါပဲ။ အလုပ်မဖြစ်ပြန်ဘူး။ နောက်တနည်း ပြောင်းကြည့်လိုက်ဦးမယ်။ ကျမအတွက်တော့ နည်းနည်းတော့ ခက်ကောင်း ခက်နေလိမ့်မယ်။ ဒါပေမယ့် ....

ကျမ ဘလောက်ဂ်ရေးနေတာတွေ ရပ်လိုက်တော့မယ်။ ဆယ်ရက်၊ အရက် နှစ်ဆယ်... ဒါမှ မဟုတ် တစ်လ၊ နှစ်လ ကြာကောင်း ကြာသွားမလားပဲ။ ကိုယ့်ဘလောက်ဂ်တင်မကပါဘူး။ ဘယ်သူ.ဘလောက်ဂ်မှ ကျမ သွားလည်ဖြစ်ဦးမယ် မထင်ဘူး။ လောလောဆယ်ပေါ့။ ဂျီတော့ခ်မှာလည်း တက်မနေတော့သလို အီးမေးလ်တွေလည်း ကျမ မစစ်တော့ပါဘူး။ ကျမဘလောက်ဂ်ကို လာလည်တဲ့သူငယ်ချင်း မိတ်ဆွေတွေကိုလည်း တောင်းပန်ပါတယ်။

ကျမအတွက်တော့ ရေအိုင်ကွက်ကွက်ထဲမှာ နေတဲ့ ဖားသူငယ် အဖြစ်ကပဲ အဆင်အပြေဆုံးဖြစ်နေမယ် ထင်ပါရဲ.။

လုပ်စရာတွေတော့ ကျမမှာ အများကြီးပါ။ စာအုပ်တွေ ဖတ်ရဦးမယ်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာမှတ်သားစရာတွေ လုပ်ရဦးမယ်။ အင်တာနက်နဲ့ ဝေးရာ၊ ကွန်ပျူတာနဲ့ ဝေးရာမှာ ကျမ ခဏလောက် သွားနားလိုက်ပါဦးမယ်။....။

1 comment:

Thinn Nwe Zin said...

Hey my friend,

What's happen? Why??? I'm reading your recent articles and I feel very proud of you. I'll wait for you till you'll back to your blog & on line.

Best regards
Thinn Kyi