Skip to main content

ကျမနှင့် သူငယ်ချင်းများ အမှတ်တရ (၁)

ကျမနှင့် သူငယ်ချင်းများ အမှတ်တရ (၁)

 

ဒီနေ့ ကျမဆီ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ်။ (အဲ… ကျမ မအိပ်ရသေးလို့ ဒီနေ့လို့ ပြောမိသွားတာ… တကယ်တမ်းကျတော့ မနေ့ နေ့လည်ကပါ။) ကျမအမျိုးသားက ဖုန်းယူလာပေးလို့ ဘယ်သူလဲလို့ မေးတော့ မပြောဘူးတဲ့။ မန္တလေးဟန်းဖုန်းတဲ့။ ဘယ်သူများပါလိမ့်ဆိုတဲ့ အတွေးနဲ. ကျမ ဖုန်းလှမ်းယူလိုက်မိတယ်။ သိင်္ဂီနွယ်လားဆိုတော့ အေး ဘယ်သူလဲ ဆိုတော့ ကျမကို နင်ပြောလေတဲ့။ ဒုက္ခပါပဲ။ ကျမစိတ်ညစ်တဲ့အထဲမှာ ဒါလဲပါတယ်။ ကိုယ်ကသာ သူများခေါင်းစားအောင်လုပ်ချင်တာလေ။ ကိုယ့်ကျတော့ စိတ်ညစ်သား။ နောက်တော့ ပိုင်နိုင်တဲ့လေသံနဲ့ ခပ်ဝဲ၀ဲ လေယူလေသိမ်း။ ဟဲဟဲ။ ကျမ ရီလိုက်တယ်။ ငါသိပါတယ်ဟာ လို့။ ဘယ်သူလဲလို. မယုံတဲ့လေသံမျိုးနဲ့ ပြန်မေးနေသေး။ သိဂီင်္ိဦးရာ…ဆိုတော့ သူရီတယ်။ နင်မှတ်မိသားပဲတဲ့။ ကျေနပ်သွားတဲ့ ဟန်နဲ့။

 

သူနဲ့ စကားပြောပြီးတော့ ကျမ ပျော်နေတယ်။ အရင်တုန်းက အကြောင်းတွေကိုလည်း ပြန်သတိရနေမိတယ်။ ကျမ ချစ်တဲ့ သူငယ်ချင်းတွေ အကြောင်းလည်း ကျမ ဘလောက်ဂ်ထဲ ထည့်ထားရဦးမယ်။ ဟုတ်တယ်လေ။ သူတို့တွေလည်း ကျမဘ၀ထဲမှာ ပါခဲ့ကြတာပဲဟာ။

 

ကျမရဲ့ ငယ်ဘ၀က အတည်တကျမရှိခဲ့ပါဘူး။ အစိုးရ၀န်ထမ်းဖြစ်တဲ့ ဖေဖေ့နောက် မိသားစုတခုလုံးလိုက်ပါရွေ.ပြောင်းနေရတာဆိုတော့ ကျမ နယ်မြို.တော်တော်များများ ရောက်ဖူး၊ နေဖူးခဲ့ရပါတယ်။ ကျမကို မွေးဖွားခဲ့တာက မေမြို.ကို ဖေဖေတို. တာဝန်ကျစဉ်က။ ကျမနဲ. တစ်နှစ်ကို တစ်ရက်သာသာကွာတဲ့ကျမအကိုကိုကျတော့ သရက်မြို.မှာ မွေးခဲ့တယ်။ မေမြို.သူတွေက လှတယ်မဟုတ်လား။ ကျမလည်း မေမြို.သူဖြစ်ခဲ့ချင်သား။ ဟဲဟဲ။ ကျမနဲ့ လေးနှစ်ကွာတဲ့ ကျမမောင်လေးကိုကတော့ တကယ့်မြို.တော်သားပေါ့။ ရန်ကုန်မှာ နေတုန်းမွေးခဲ့တာကိုး။

 

ကျမ ကျောင်းစ နေတော့ ပဲခူးမြို. အမှတ် ၁ ၊ အထက်တန်းကျောင်းမှာ။ ဒုတိယတန်းကျတော့ အလွန်ပူပြင်းခြောက်သွေ.တဲ့ မင်းဘူးမြို.ရောက်နေပြန်ပါတယ်။ နဂါးပွက်တောင်နဲ. ရွှေစက်တော်တော့ အခေါက်ခေါက် အခါခါပေါ့။ လေးတန်းနဲ. ငါးတန်းနှစ်တစ်ဝက်လောက်ကတော့ ရေခဲအောင် အေးတဲ့ ချင်းပြည်နယ်ရဲ. မြို.တော် ဟားခါးမြို.ကလေးမှာ။ ရေလည်း မှန်မှန်မချိုးနိုင်၊ အကျီ်အထပ်ထပ် ဘောင်းဘီအထပ်ထပ် ၀တ်ပြီး ကလေးပီပီ နေရာအနှံ. လျှောက်သွားခဲ့ဖူးပါတယ်။ မြည်းတွေပေါ်တက်စီးပြီး မြည်းကထွက်ပြေးလို့ ကျမတို. မောင်နှမ နှစ်ယောက် ပြုတ်ကျခဲ့ရသေးတာလည်း မှတ်မိနေသေးပါတယ်။ သူငယ်ချင်း ချင်းမလေးတွေနဲ. ထင်းလုပ်ဖို့ ထင်းရှုးသီးခြောက်တွေ ကူကောက်ဖို. ပလိုင်းတလုံးလွယ်ပြီး ထင်းရှုးတောထဲလည်း ၀င်ခဲ့ဖူးတယ်။ အဲသည်ကထဲက ရင်းနှီးခဲ့လို. ကျွတဆိုတဲ့ လန်းလန်း လန်းလန်း အကောင်လောက်ကတော့ ကျမ မကြောက်တတ်တော့ဘူး။ အဲဒီတုန်းက စားစရာအစာ သိပ်များရှားပါးသလားမသိပါဘူး။ လတ်ဆတ်တဲ့ သခွားသီး အရည်ရွှမ်းရွှမ်းတွေကို အခင်းထဲဝင်ပြီး ဆွတ်စားခဲ့တာတွေ၊ ပြောင်းဖူးရိုးကို (အဲဒီရောက်မှ) ကြံလို စားလို့ရတာတွေ သိခဲ့ရတယ်။

 

ဟားခါးကနေ တခါ ကယားပြည်နယ်ရဲ. မြို.တော် လွိုင်ကော်မြို.ကို ပြောင်းရပြန်ပါတယ်။ တော်တော်လေး သိတတ်တဲ့ အရွယ်ရောက်နေပြီဆိုတော့ လွိုင်ကော်ရဲ. ရာသီဥတုနဲ. ဒေသလေးကို တော်တော် သဘောကျတယ်။ နေလို.ကောင်းတာကိုး။

 

ကျမ လွိုင်ကော်မှာ အခင်ဆုံးသူငယ်ချင်း ၂-ယောက်ရှိပါတယ်။ ရေစက်လို.ပဲ ပြောရမယ် ထင်တယ်။ ကျမတို. သုံးယောက်က ပုံစံချင်းမတူပေမယ့် နံမယ်တွေတော့ ဆင်ကြတယ်လေ။ ကျမက သိဂီင်္နွယ်၊ နောက်တစ်ယောက်က တင်တင်နွယ်။ ကျမဆီ ဖုန်းဆက်တဲ့ တစ်ယောက်က သိင်္ဂီဦးတဲ့။ သူက ထက်တယ်။ သွက်တယ်။ ချောတယ်။ ပြီးတော့….အဟဲ..။ တောင့်တယ်။ သဘောအကောင်းဆုံးကတော့ ကျမတို့ နွယ်နွယ်လို. ခေါ်တဲ့ တင်တင်နွယ်ပဲ။ သူက သူ.အိမ်မှာ အငယ်ဆုံးဖြစ်ပေမယ့် သိပ်သဘောကောင်းတယ်။ ဗိုလ်မကျတတ်ဘူး။ ကျမကိုလည်း သူအလိုလိုက်တာများတယ်။ ကျမ ..ကလား။ အင်း… ပိန်ပိန် ခြောက်ခြောက် ညစ်ညစ်စင်းစင်း။ ဆံပင်ကတော့ ကောက်ကောက်ပွပွ။ ကျမ သူငယ်ချင်းတချို.က ပြောဖူးတယ်။ နင့် ဆံပင်က တနေ့ကို့ပုံ တမျိုးဖြစ်နေပါလားတဲ့။ ဟုတ်တယ်လေ..။ သူကလည်း သူ.သဘော သူဆောင်နေတော့ ..ကျမလည်း သိပ်ပြီး သိမ်းသွင်းမနေပါဘူး။ (ဆံပင်ကို ပြောတာ) ဟဲဟဲ။

 

ထက်တဲ့ သူငယ်ချင်းက လူရည်ချွန် လေးထပ်ကွမ်း။ သူက လူရည်ချွန်ပြုတ်မှာစိုးလို. စာသိပ်ကြိုးစားပြီး အပျိုကြီး ဂိုက်ဖမ်းနေတဲ့ အချိန်မှာ ကျမတို့ နှစ်ယောက်က အမြင့်ခုန်လို.ကောင်းတုန်း။ ကျမကလည်း အဆော့မက်သလားတော့မပြောနဲ.။ ကျောင်းနဲ. အိမ်နီးနီးလေးတောင် ထမင်းဘူးယူလာပြီး နေ.လည်ကျောင်းဆင်းချိန်ဆို ဆော့တာပဲ။ အမြင့်ခုန်ကောင်းလို့ နွယ်နွယ်တစ်ယောက် လက်ကျိုးသွာပြီး စာမေးပွဲဖြေတဲ့အချိန်ထိ ကျောက်ပတ်တီးကြီး စည်းရင်း ဖြေခဲ့ရရှာတာ…။ ကျမ ပယောဂ မကင်းဘူး။ ကျမက သူ.ကို ကစားဖို. အဖော်ဆွယ်ခဲ့တာကိုး။ ကောင်းတာတခုကတော့ နောက်ပိုင်း နွယ်နွယ်တစ်ယောက် ဘယ်ဘက်နဲ.ရော စာကောင်းကောင်း ရေးတတ်သွားတာပဲ။ ဟဲဟဲ။ နောက်ပိုင်း နွယ်နွယ်လည်း ကျမလို မဟုတ်တော့ဘူး။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ. ဖြစ်သွားပြန်ပါတယ်။ သူတို့နှစ်ယောက်က ကိုယ့်ထိုင်ခုံမှာ က္ကုနြေ္ဒရရ ထိုင်နေတဲ့အချိန် ကျမကတော့ နေရာတကာ လိုက်လည်ပြီး တော့ကီတွေပွားလို.။ (ဟုတ်တယ်။ အဲဒီတုန်းက ကျမ တော်တော်စကားများခဲ့တယ်ထင်ပါရဲ.)။ အဲဒီလိုမျိးဆို သိင်္ဂီဦးက သိပ်မကြိုက်ပါဘူး။ ကျမကို အေးအေးဆေးဆေး ထိုင်ပြီး စာဖတ်စေချင်တယ် ထင်ပါရဲ.။ သူက အဲဒီကတည်းက ဆရာကြီးလုပ်ချင်တာလေ။

 

ကျမတို့ တုန်းက ၈-တန်းရောက်ရင် ရင်ဖုံး၊ ရင်စေ့အကျီင်္နဲ. ကျောင်းစိမ်းလုံချည် ၀တ်ရပါတယ်။ ကျမက အဲဒီတုန်းက ကျမတို.အတန်းထဲမှာ ဟာသပဲလား မသိဘူး။ ပုံမှန်ကျောင်းစိမ်းလုံချည်ဆို ကျမအဖို. ကွင်းက တော်တော်ကြီးပါတယ်။ မေမေက ကျမကို လုံချည် မပြင်ပေးဖူး တူပါရဲ.။ လုံချည်ကကြီးကျယ်ရတဲ့အထဲ ဒေါင့်တွေ ဘာတွေ မပါတော့…. ကျမလုံချည် တခါဝတ်ရင် ခွေး ကိုယ့်အမြီးကိုယ်ူပြန်ကိုက်နေသလိုပါပဲ။ ချာလည်လည်နဲ့လေ။ ခါးကြားမှာ လုံးထွေးထည့်ထားတဲ့အစနဲ.ကို ကျမ ခါးက တော်တော် ၀ နေပါတယ်။ ဒါတောင် လုံချည်က ရှည်နေတယ်ဆိုပြီး မေမေက အထက်ဆင့် မတပ်ပေးထားဘူးတဲ့။ ခုခေတ် ကျမ သားကြီးတို့ကျောင်းမှာတော့ ကလေးမလေးတွေက ငါးတန်းဆို လုံချည်ဝတ်နေရပေမယ့် လုံချည် စကပ်နဲ.ဆိုတော့ ချပ်ချပ်ရပ်ရပ်နဲ့ ကျမလို ဒုက္ခမရောက်တော့ဘူးပေါ့။ သူများတွေကျတော့ အဆင်ပြေသလိုပါပဲ။ နွယ်နွယ်တို့ဆိုလည်း သေသေသပ်သပ်နဲ့ပါ။ သိင်္ဂီဦးကတော့ လုံချည်မှာ ဒေါင့်ထည့်ပြီး ၀တ်ထားတော့ …သူ.တောင့်တောင့်ဖြောင့်ဖြောင့်ကိုယ်လုံးနဲ.တော့ တော်တော်ကြည့်ကောင်းမယ် ထင်ရဲ.။ သူ.ကို လာလာ ကြည့်တဲ့ ကောင်လေးတွေ အတန်းရှေ့မှာ တော်တော်များတယ်။ ကျမရဲ. အကိုတောင် ပါသေးတယ်။ နွယ်နွယ့်အကိုလည်း သဘောကျသေးတယ် ထင်ရဲ. (ဟဲဟဲ. သူ ကျမဘလောက်ဂ် မဖတ်မိပါစေနဲ.။ သိရင် မလွယ်ဘူး)။

 

ကျမ ကိုးတန်းနှစ်ကုန်ခါနီး ဒုတိယအစမ်းအပြီးမှာ ဖေဖေနယ်ပြောင်းရပြန်ပါတယ်။ တောင်ငူကိုပါ။ တခြားမြို.တွေတုန်းက သိပ်မကြာခဲ့တာရော၊ ငယ်သေးတော့ ဘာမှ သိပ်မသိသေးတာရော ပါမယ်ထင်တယ်။ အဲဒီတခါပြောင်းရွှေ.တော့ ကျမ အခင်ဆုံးသူငယ်ချင်း ၂-ယောက်နဲ. ခွဲခွာရတာ တော်တော်လေး ခံစားရပါတယ်။ ကျမအတွက်တော့ အဲသည်အကူးအပြောင်းက ဘ၀ချင်း တော်တော်ကွာသွားသလိုပါပဲ။ ၅ တန်းလောက်ကတည်းက နေလာတဲ့ နေရာမှာ ကျမအတွက် ဘာကမှ အထူးအဆန်းဖြစ်မနေပေမယ့် နေရာသစ်လည်းရောက်ရော…. ကျမ ရုတ်ချည်းကြီး လူကြီးဆန်လိုက်ရပါတယ်ဲ။

 

ကျမတို့ သုံးယောက်လည်း အဲဒီနောက်ပိုင်း သုံးယောက်စလုံး ပြန်မဆုံဖြစ်တာ အဲဒီကတည်းကပါပဲ။ ကျမ ကျောင်းတက်တဲ့အချိန်မှာ နွယ်နွယ်ကလည်း ရာဇူးပြောင်းလာတော့ ကျမနဲ့  နွယ်နွယ်နဲ. ပြန်တွဲဖြစ်ပါသေးတယ်။ ကျမတို. နှစ်ယောက်က ရန်ကုန်မှာ ပြန်ဆုံကြပေမယ့် သိဂီင်္ဦး ကတော့ မာဇူးမှာ တစ်ယောက်တည်း..။ အဲ….တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့ ဖူးစာရှင်ကို  အဲဒီမှာ ရှာတွေ.သွာိးတာကိုး။

 

သိင်္ဂီဦးနဲ. ကျမလည်း ရေစက်ပါတယ် ထင်ပါတယ်။ သူမန္တလေး ကနေ တရားလာအားထုတ်ဖို. ဖြစ်လာတော့ တောင်ငူကို ရောက်လာခဲ့ပါတယ်။ သူက ပထမနှစ်၊ ကျမက ဆယ်တန်း ဒုတိယအကြိမ် ပြန်ဖြေအပြီးမှာပေါ့။  တောင်ငူ မယ်သီလရှင်ကျောင်းမှာ သူတစ်ယောက်ထဲ ဖြစ်နေလို. ကျမကိုပါ ခေါ်ပြီး ကျမတို. နှစ်ယောက် အတူတူ ဆယ်ရက် တရားစခန်းဝင်ဖြစ်ခဲ့ပါသေးတယ်။ ကျမရဲ. ပထမဦးဆုံး ၀ိပဿနာ သင်င်္ခန်းစာ အစပါပဲ။ ဒါကြောင့်မို.လို. သူကလည်း ကျမ ကို ကျေးဇူးပြုဖူးတဲ့ ကျမရဲ. ဓမ္မမိတ်ဆွေကောင်းတစ်ယောက် ဖြစ်နေပြန်ပါသေးတယ်။

 

ကျမ သူတို.မင်္ဂလာဆောင်တော့ မရောက်ဖြစ်ခဲ့သလို ကျမ မင်္ဂလာဆောင်တော့လည်း သူတို.ကို မဖိတ်ခဲ့မိဘူးထင်ပါရဲ.။ နွယ်နွယ်က သူ.မင်္ဂလာဆောင်ဖိတ်စာကို ကျမဆီအရောက်ပို.ပေးခဲ့ပေမယ့် အဲဒီအချိန် ကျမ ကျန်းမာရေးမကောင်းလို. မသွားနိုင်ခဲ့ပါဘူး။ သိဂီင်္ဦး မင်္ဂလာဆောင်တော့ ကျမ ရေခြားမြေခြားရောက်နေခဲ့တယ် ထင်ပါတယ်။

 

ကွဲနေတဲ့ အချိန်တွေ အများကြီးကြာမှ သိင်္ဂီဦး ကျမဆီ ပေါက်ချလာပါတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ.ချစ်ခင်ပွန်းရယ်၊ သားလေးရယ်ပါလာပါတယ်။ ရန်ကုန်မြို.ဆိုတဲ့ နေရာကျယ်ကြီးထဲကို ကျမ မင်္ဂလာဆောင်တုန်းက သတင်းစာဖြတ်ပိုင်းလေးနဲ. ရောက်လာတဲ့ ကျမ ချစ်သူငယ်ချင်း။ ပီအက်စ်စီ စာမေးပွဲလာဖြေရင်း သူ.သူငယ်ချင်း ကျမကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လာရှာတွေ.တာလေ။ လေသံတွေကလည်း ဘာမှ မပြောင်းလဲဘူး။ ရင်ထဲက ခင်မင်ပြောဆိုတာတွေလည်း ပကတိဖြူစင်ဆဲ။ အဲဒီလို သူငယ်ချင်းတွေု ကျမမှာ ရှိနေတဲ့တွက် လောကကြီးကို ကျေးဇူးတင်ပါတယ်။

 

ကျမတို့ အဆုံးအစ မထင်လည်ပတ်နေတဲ့ သံသရာကြီးထဲမှာ အမျိုးမတော်စပ်ခဲ့ဖူးသူ တစ်ယောက်မှ မရှိဘူးလို. ဆိုပါတယ်။ တချို.ကလည်း ကြုံကြိုက်ရုံလေး၊ တချို.ကျတော့လည်း ကမ္ဘာကြီးက ကျဉ်းလွန်းတယ် ပြောရလောက်အောင်ကို နေရာတကာ တွေ့နေတတ်တာမျိုးတွေ၊ တချို.ကျတော့လည်း ထပ်ခါထပ်ခါ ကျေးဇူးပြုလို.၊ တချို.ကျတော့လည်း ထပ်ခါထပ်ခါ အနှောင့်အယှက်ပေးလို.။ တချို.ကိုကျတော့ မြင်တာနဲ့ သိပ်ခင်သွားတတ်ပေမယ့် တချို.ကိုကျပြန်တော့ ဘာမှန်းမသိပဲနဲ.ကို မနှစ်မြို.ချင်တတ်တာ။ အားလုံးသော အကျိုးတွေက အကြောင်းကြောင်းတွေကို အခြေခံပြီးမှ ဖြစ်လာကြတာပါပဲ။ ကျမတို. သူငယ်ချင်း သုံးယောက်လည်း အတိတ်က မမြင်နိုင်ခဲ့တဲ့ အကြောင်းတရားတွေတော့ ရှိခဲ့လိမ့်မယ် ထင်ပါတယ်နော်။

 

ပြန်တော့ဆုံချင်သေးတယ် ချစ်သော သူငယ်ချင်းတွေနဲ့….။ ပြန်ဆုံဖို. ကံမကုန်ကြသေးရင်ပေါ့လေ….။

 

(ချစ်သူငယ်ချင်း သိဂီင်္ဦးနဲ. တင်တင်နွယ်တို.ကို အမှတ်ရသောအားဖြင့် ဒီပို.စ်လေးကို တင်ဖြစ်သွားပါတယ်။)


--
Theingi Nwai
tg.nwai@gmail.com

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ