အာဇာနည်နေ့ဆန္ဒ
ဇော်ဂျီ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားနှင့်၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး၊ လွတ်စည် တီးမှ
ဖျက်ဆီး ကြံရွယ်၊ အန္တရာယ်သည်
မဖွယ် မရာ၊ တို.ပြည်ရွာ၌
ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။
ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည်
တိုင်းကျိုး လိုလို၊ ဘာလိုလိုနှင့်
ကိုယ်ကျိုး ထဲပိုက်၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း။
အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့်
လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်
ဆန်းတို.တစ်စု၊ တိုင်းပြည်ပြုတို့
မရှုမလှ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ကျခဲ့ကြောင်း၊
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက ပြန်ပြောင်း၊ မင့် သားကောင်းကို
အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏
ရှိပါကတဲ၊ သူ့စိတ်ထဲ၌
တိတ်စွဲသောက၊ စွဲဒေါသတို့
မကြွစေချင်၊ ပြေစေချင်၏
ပညာအသိ၊ သတိဖြစ်ရေး
အတွေးမှန်ကန်၊ နိုင်ငံလူထု
ကိုသာ ရှု၍
ပြုစေချင်၏ ပြုပါဘိ။ ။
လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၁၄ (၁၅၊ ရ၊ ၁၉၆၈)
စိတ်ကူးချိုချိုမှ ထုတ်ဝေသော ဆရာကြီးဇော်ဂျီ၏ ညီသစ်ဆင်းကဗျာစုမှကူးယူဖော်ပြပါသည်။
Comments