Friday, July 25, 2008

ဆရာတော်ကြီးများ၏ သြ၀ါဒတရားတော်များ


ဒီနေ့ ဥပုသ်နေ့ဖြစ်လို့ ကျမတို့တွေ ၀ါတွင်းကာလတွင်းတော့ ဥပုသ်နေ့တိုင်း ကိုးပါးသီလစောင့်ထိန်းဖို့ စိတ်ကူးထားပါတယ်။ ကိစ္စများမြောင်လူတို့ဘောင်ထဲမှာမို့ လုပ်ရမယ်မှန်း သိလျက်သားနဲ့ ဟိုအကြောင်းပြ၊ သည်အကြောင်းပြနဲ့ ဆင်ခြေတွေ များနေခဲ့ပါတယ်။ သွားရမဲ့လမ်းလည်း သိတယ်၊ လမ်းကြောင်းကိုလည်းမြင်နေရတယ်၊သည့်အပြင် တခြားတစ်လမ်းမရှိဘူး ဆိုတာလည်း နှစ်နှစ်ကာကာယုံကြည်နေပါလျှက်ကယ်နဲ့နော်... နောက်ဆုံးအချိန်ထိ အချိန်ဆွဲတတ်တဲ့ အကျင့်ကြောင့်နဲ့တော့ တကယ့်ကို ခက်နေပါတယ်။ လူဆိုတဲ့ သတ္တ၀ါကလည်း မကောင်းမှုမှာပဲ မွေ.လျော်နေတတ်တာကိုး။

အခုတော့ ဓမ္မဒါနအဖြစ် ဖတ်၊ မှတ် နှလုံးသွင်းစရာ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒတရားပို့စ်ကလေးတွေ တင်လိုက်ပါတယ်။


သတ္တ၀ါမှန်သရွေ့ တရားတွေ့၊ ငြိမ်းအေးကြပါစေ....

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်သူငယ်တော်ရွာ တောရ ဆရာတော်၏

နေ့စဉ်ဟောပြ သြ၀ါဒတရား

အားထုတ်ရခြင်းအကြောင်း
ဘုန်းကြီးတို့ ယောဂီသူတော်စင်တွေ ဘာကြောင့် တရားအားထုတ်ရတာလဲလို့ မေးရင်အရိယာ သူတော်ကောင်းကြီးတွေ မြင်တော်မူ၊ ရတော်မူတဲ့ သန္တိသုခ နိဗ္ဗာနဓာတ်(အငြိမ်းဓာတ်) ကြီးကို ရပြီး အို၊ နာ၊သေ ဇာတ် အမြစ်ပြတ်ချင်လို့ တရားအားထုတ်ခြင်း ဖြစ်တယ်လို့ ဖြေရပါလိမ့်ယ်။
အကျဉ်းချုပ်တရားအားထုတ်နည်း
တရားအားထုတ်တယ်ဆိုတာ အစပထမတော့ သမာဓိထူထောင်တဲ့ အနေနဲ့ ပင်တိုင်ကမ္မဌာန်းဖြစ်တဲ့ နှာသီးဖျားမှာပဲ ၀င်လေတိုးထိတာ သိ၊ ထွက်လေ တိုးထိတာ သိ၊ အဲဒီ နှစ်ချက်၊ ရှေ့နောက်နှစ်ရပ် အမှတ် ဆက်စပ်အောင် မှတ်ရမယ်။ ဒါ အကျဉ်းချုပ်ပဲ။
****************

ဓမ္မဒူတ ဆရာတော်ကြီး၏အဆုံးအမများ

ဘယ်အလုပ်ပဲ ဖြစ်ဖြစ်လုပ်သင့်တာကို ကိုယ့်အသိနဲ့ ကိုယ်လုပ်ရတယ်။ ကိုယ့်အသိနဲ့ကိုယ်လုပ်ရင်သခင်စိတ်။ သူများခိုင်းမှ လုပ်ရင်ကျွန်စိတ်။ သာသနာအတွက် အလုပ်မှန်သမျှ အခိုင်းမစောင့်နဲ့၊ သခင်စိတ်နဲ့ လုပ်ကြပါ။ ခိုင်းမှ လုပ်တာ ကျွန်။

*****************
ပဲနွယ်ကုန်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၏ သုတပန်းခိုင်

သဒ္ဓါ၊ သီလ၊ သမာဓိ၊ ပညာလေးမျိုးဖြင့် နိဗ္ဗာန်ခရီးသွားနေတဲ့ ပုဂ္ဂိုလ်များလည်း ၀ိပဿနာပညာ ယုတ်လျော့နေလျှင် နိဗ္ဗာန် မရောက်နိုင်ဘူး။
Those beings bent on following the path to Nibbana need to be equipped with faith, morality, concentration power, insightful wisdom (saddha, sila, samadhi, panna) the four essentials of right living. If insightful wisdom (meditation practice) is missing,it is not possible to attain Nibbana.


ဝိပဿနာတရား မရှုမှတ်လျှင် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်၊ ၀ဋ် သုံးပါးလည်ပြီး ဘ၀ဆက်တိုင်း ဒုက္ခတွေ တွေ့ကြုံနေရမှာပဲ။
Without the delivering merits of meditation practice, one will go through the cycle of rebirths, assailed by suffering in each and every existence.

မကောင်းမှု မပြုနဲ့။ ကုသိုလ်နဲ့ ပြည့်စုံအောင်နေ။
မိမိစိတ်ကို ဖြူစင်အောင်ထား။ အဲဒါ ဘုရားအဆုံးအမပဲ။
Don't indulge in unwholesome deeds. Fill your life with good, wholesome deeds.Fillyour mind with good, pure thoughts.This is what our Lord Buddha taught.

***********************

ကျေးဇူးတော်ရှင်
ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ ဣန္ဒောဘာသ မဟာထေရ်
ဟောကြားတော်မူလေ့ရှိသော
အဆုံးအမ တရားတော်များ

ဣမသ္မိံ သတိ ဣဒံ ဟောတိ၊
ဣမသ္မိံ အသတိ ဣဒံ နဟောတိ၊


ဣမသ္မိံ ဤနာမ်ရုပ်သည
သတိ ရှိခဲ့သော်
ဣဒံ ဤမျက်စေ့၊ နား၊ လျှာ၊ ကိုယ်၊ စိတ်တို့သည်
ဟောတိ ဖြစ်၏။

ဣမသ္မိဤနာမ်ရုပ်သည်
အသတိ မရှိခဲ့သော်
ဣဒံ ဤမျက်စေ့၊ နား၊ လျှာ၊ ကိုယ်၊ စိတ်တို့သည်
နဟောတိ မဖြစ်။ ။

နာမ်ရုပ် ရှိလျှင် မျက်စေ့တွေ၊ နားတွေ ရှိတယ်။ နာမ်ရုပ် မရှိလျှင် မျက်စေ့တွေ၊ နားတွေလည်း မရှိဘူးဆိုတော့
ဒီမျက်စေ့တွေ နားတွေက ဘယ်မှာ ဖြစ်သလဲ ဆိုတော့ မျက်စေ့တွေ၊ နားတွေက နာမ်ရုပ်မှာပဲ ဖြစ်တယ်။

ဒါဆို ခင်ဗျားတို့မှာလည်း မျက်စေ့တွေ၊ နားတွေ မရှိဘူးလား။
ခင်ဗျားတို့ရော ဘာတွေလဲ၊ နာမ်ရုပ်တွေပဲ မဟုတ်လား။

မြို.ထဲမှာရော မျက်စေ့တွေ၊ နားတွေ ရှိသလား။ သူတို့ရော ဘာတွေလဲ၊ နာမ်ရုပ်တွေပဲ မဟုတ်လား။
တောထဲမှာလဲ မျက်စေ့တွေ၊ နားတွေ ရှိသလား။ သူတို့ရော ဘာတွေလဲ၊ နာမ်ရုပ်တွေပဲ မဟုတ်လား။

ဒီလိုဆို လူတွေမှာ မျက်စေ့တွေ၊ နားတွေ ရှိသလား။
ရှိတယ်ဆိုလျှင် လူတွေမှာလဲ ရှိတယ်၊ နာမ်ရုပ်မှာလည်း ရှိတယ် ဆိုတော့ နှစ်ခုဖြစ်နေမှာပေါ့။ လူတွေမှာ မျက်စေ့တွေ၊ နားတွေ မရှိပါဘူး။
ဒီတော့ လူတွေရော ရှိသလား။ မရှိဘူးနော်၊

ကဲ…. ဆိုကြည့်စမ်း၊
လူမရှိသောစိတ်၊ ဘယ့်နှယ်နေသလဲ။ ငြိမ်းအေးနေမှာပေါ့။
စိတ်မရှိသောလူ ( အဓိပ္ပာယ်က…. နင့်နှယ်ဟယ် စိတ်မရှိတဲ့ လူလိုပဲ၊ ဆဲမနာ ဆိုမနာနဲ့)
ဆဲလျှင်လည်း လူမရှိတော့ နားဆဲတာပဲ ဖြစ်ရမယ်။ ကဲ့ရဲ့ ရင်လည်း နားပဲ ကဲ့ရဲ့တယ်လို့မှတ်။
အဲဒီလိုမဟုတ်ဘဲ ငါ့ကို ကဲ့ရဲ့ဆိုလျှင် နာတာတွေ၊ ခံပြင်းတာတွေ ဖြစ်တယ်။
လူမရှိတော့ ငါလည်း မရှိတော့ဘဲ စိတ်ဆိုးစရာ အကြောင်းလည်း မရှိတော့ဘူးနော်။

မျက်စေ့ မြင်တုံ၊ ရူပါရုံ၊ လူ့ပုံ မမှတ်ရာ။ မျက်စေ့က မြင်၊ မနှိုင်းယှဉ်၊ ဤတွင် တရားရ ။
နားက ကြားတုံ၊ သဒ္ဒါရုံ၊ လူ့ပုံ မမှတ်ရာ။ နားက ကြားလျှင်၊ မနှိုင်းယှဉ်၊ ဤတွင် တရားရ ။
နှာခေါင်းက နံတုံ၊ ဂန္ဓာရုံ၊ လူ့ပုံ မမှတ်ရာ။ နှာခေါင်းက နံလျှင်၊ မနှိုင်းယှဉ်၊ ဤတွင် တရားရ ။
လျှာက စားတုံ၊ ရသာရုံ၊ လူ့ပုံ မမှတ်ရာ။ လျှာက စားလျှင်၊ မနှိုင်းယှဉ်၊ ဤတွင် တရားရ ။
ကိုယ်က ထိတုံ၊ ဖောဌဗ္ဗာရုံ၊ လူ့ပုံ မမှတ်ရာ။ ကိုယ်က ထိလျှင်၊ မနှိုင်းယှဉ်၊ ဤတွင် တရားရ ။
စိတ်ကကြံတုံ၊ ဓမ္မာရုံ၊ လူ့ပုံ မမှတ်ရာ။ စိတ်ကကြံလျှင်၊ မနှိုင်းယှဉ်၊ ဤတွင် တရားရ ။

သတ္တ၀ါ မရှိဟူသော အသိသည်သာ လိုရင်းဖြစ်သည်။...

No comments: