Monday, July 21, 2008

ခဏလောက် နားခွင့်ပြုပါ .... အတွက်....

 

ကျမ ဇူလိုင် ၉-ရက်နေ့က ခဏလောက် နားခွင့်ပြုပါ ပို.စ်တစ်ခု တင်ပြီး ဘလောက်ဂ်က ခဏနားခဲ့တယ်။ ဘလောက်ဂ်ကတင် မကပါဘူး။ အင်တာနက်လည်း မသုံးတော့သလို ကွန်ပျူတာတောင် ကျမ မဖွင့်ခဲ့ပါဘူး။ ကျမ ပြန်လာတော့ သူငယ်ချင်းတချို.က မေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတာကို…။ ဟုတ်သားပဲ။ ကျမ ပုစ္ဆာတွေနဲ့ ထားခဲ့သလို ဖြစ်သွားတယ်ထင်တယ်။ အဲဒီတော့ ကျမ နဲနဲတော့ ဖြေရှင်းပြရတော့မှာပေါ့။

 

ဒါပေမယ့် ပြောဖို့က ခက်နေတယ်။ သေချာတာကတော့ လုံခြုံရေးကိစ္စနဲ့တော့ မပတ်သက်ပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးဖြစ်နေလို့ပါ။

 

ကျမ အမျိုးသား က သဘောကောင်းသလို သဘောထား နုနယ်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ခုတလော သူသိပ်နေမကောင်းဘူး ထင်ပါရဲ.။ ကျမ အင်တာနက်ကိုင်ရင်၊ ကျမ ဘလောက်ဂ် ရေးတာတွေ၊ ဖတ်တာတွေမှာ အချိန်ကုန်နေတာကို သိပ်ကြည့်မရဘူး ဖြစ်နေလို့လေ။ သူ.အနေနဲ. ပိတ်ပင်လို.မကောင်းမှန်း သိနေတော့ ( ကျမကို ပြောလို့ မရနိုင်မှန်း သိတာလည်း ဖြစ်မှာပေါ့) ပြောတော့ မပြောပါဘူး။ ခက်တာက တယောက်နဲ့ တယောက် သိနားလည်နေကြတော့ ကျမလည်း ဘယ်စိတ်ချမ်းသာပါ့မလဲ။ ဒါကလည်း သူ.စိတ်နဲ. သူဖြစ်နေတာမျိုး ဆိုပေမယ့် ကျမ လုပ်နိုင်တာတော့ လုပ်ပေးရမှာပေါ့။ ဒါလေးများ ဘာခက်တာမှတ်လို့ လို့ ပြောနိုင်ပေမယ့်…. ကျမအတွက်တော့…… ဟဲဟဲ … သိပ်မလွယ်တာ အမှန်ပါပဲ။

 

ဒါပေမယ့် ဒီ ဆယ်ရက်အတွင်း … ကျမ လိုင်ဘရေရီ က ငှားလာခဲ့တဲ့ ကျမအတွက် လိုအပ်တဲ့ စာအုပ်တွေ ဖတ်ဖြစ် မှတ်ဖြစ်ပါတယ်။ အိမ်အလုပ်တွေလည်း စုပုံရှင်း လုပ်ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ သူမြန်မြန်နေကောင်းအောင်လည်း ဆေးတိုက်ရ၊ ကရုစိုက်ရသေးတယ်။ ဟဲဟဲ။ စေတနာအမှန်နဲ့ပါ။ အလုပ်တွေ ရှုပ်နေတော့လည်း နေလို့ ရနေခဲ့ပါတယ်။

 

ကျမက ကိုယ့်စကားနဲ့ ကိုယ် မိပြီး ကွန်ပျူတာကို မတို့မထိတဲ့ အချိန်မှာ သူကတော့ အင်တာနက်လေးကိုင်လိုက်…။ ချက်တင်လေး ပြောလိုက်နဲ့။ အင်း… အခံရတော့ အခက်သားနော်။  မီးပျက်နေလို့ မီး မသုံးရတာနဲ့…. မီးလာရက်သားနဲ. မီး မသုံးရတာ ခံစားချက်ချင်းတော့ ဘယ်တူနိုင်မလဲလေ… နော်….။ သုံးလေးရက်လောက် ကြာတော့ သူ ဘာမှ မဖြစ်တော့ပါဘူးတဲ့…။ ကျမကို အင်တာနက် ကိုင်ချင်ကိုင်ရင်လည်း ကိုင်ပါတော့…။ ဘယ်သူ.အမိန့်နဲ.မှ နားခဲ့တာမဟုတ်လေတော့ ….ဘယ်သူ.အမိန့်နဲ. ကျမ….။ ကျမ သိပါတယ်။ သူ ကျမ စာတွေ ရေးနေတာ မကြိုက်ဘူး။ ကိုယ့်ခံစားချက်တွေ စာမျက်နှာတွေပေါ်တင်တာလည်း သဘောမကျဘူး။ ဘလော့ဂ်ရေးတာကို သူကန့်ကွက်တာ မဟုတ်ပါဘူး။ အားပေးပါတယ်။ ရေးပါတဲ့။ ကုမ္ပဏီအတွက် စီးပွားရေး ဘလောက်ဂ်လေး……။

 

သူက လက်တွေ.ဘ၀ထဲမှာ နေပါတယ်…။ ကျမက အတွေးတွေထဲမှာ နေတယ်။ ကိုယ် မလုပ်နိုင်တာတွေအတွက် စိတ်တွေ ပေးနေမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမ ပြန်လာပါပြီ။  ကျမ သံယောဇဉ်တွယ်နေပြီဖြစ်တဲ့ ကျမရဲ. ဘလောက်ဂ်ကလေး တစ်နှစ်ပြည့်အတွက် ကျမ ပြန်လာပါတယ်။ ကျမ လေးစားတဲ့ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေရဲ. အာဇာနည်နေ့အတွက် မြန်မာပြည်သူတစ်ယောက်အနေနဲ. (ဘယ်သူပေးပေး မပေးပေး) မြန်မာဘလောက်ဂါတစ်ယောက်ရဲ. တာဝန်အရ ပြန်လာပါတယ်။

 

ခေါင်းမာပါတယ်…။ ကျမရဲ. သိက္ခာအတွက်…. ကျမရဲ. မှန်ကန်တယ် ထင်တဲ့ ရပ်တည်မှု အတွက်…။

တန်ဖိုးထားပါတယ်…။ ကျမတို့ မိသားစု ဘ၀လေးကို….။

အလေးထားပါတယ်…..။  ကျမ ချစ်တဲ့ သူ့ ရဲ.ခံစားမှုတွေကို….။

တကယ်ပါ… ဘာမှ မဖြစ်ပါဘူး… ဘာမှ မဖြစ်ပါဘူးဘာမှ မဖြစ်ပါဘူးဘာမှ မဖြစ်ပါဘူး….......။


2 comments:

Thinn Nwe Zin said...

har.har.. we are same women.. they are same men...


Best Rgds

Kyaw said...

May Gyi,

Keep Walking,
I will be by your side when you tired you can lean on me,
I will be in front of you when there is enemy,
I will be back of you when you need support,
And Most of all I will be in your heart whenever, wherever and whatever.

With Mitta,

Mg Gyi @ Ko Nge