Wednesday, July 23, 2008

မုန်တိုင်းက နိုးထခြင်း ကာတွန်းပြပွဲ သို.တခေါက်

ကျမတို့ ဒီနေ.မနက်က ပန်းဆိုးတန်း လောကနတ်ခန်းမမှာ ခင်းကျင်းပြသနေတဲ့ မုန်တိုင်းကနိုးထခြင်း ကာတွန်းပြပွဲကို ရောက်ခဲ.ပါတယ်။ စောနေသေးလို. ဟိုနားသည်နား လမ်းလျှောက်ပြီး စောင့်နေရပါသေးတယ်။ ကျမတို့ကျောင်းက ကာတွန်းဘောက်စ်ကလေးမှာ သွားသွားမော့ရတာလေးတောင် သတိရနေမိသေး။

ဝင်ဝင်ချင်း ညာဘက်ခြမ်းမှာ ဆရာအော်ပီကျယ်ရဲ. ကာတွန်းကားကို အရင်တွေ.တော့ ပြုံးမိလိုက်ရပါတယ်။ သကြားမင်းကို လက်လဲ မတည့်ပဲနဲ.လို. သူ.မိန်းမက ဆူနေတဲ့ကာတွန်းလေးပါ။ဆရာ့ကားတော်တော်များများကတော့ ရောင်းပြီးနေပါပြီ။ အဲဒီတကားပဲ ကျန်နေသေးတာပါ။ အဲဒါက မဟေသီမဂ္ဂဇင်းမှာ ဖော်ပြပြီးသားကာတွန်းလေးပါ။

ကိုဇော်မောင်ရဲ. ကာတွန်းတွေတော့ မတွေ.ခဲ့ရပါဘူး။

ကိုစိုးသော်တာရဲ. ကားလည်း တစ်ကားပဲ တွေ.ခဲ့ရပါတယ်။ အိုင်ဒီယာလေးရယ် လက်ရာလေးကို သဘောကျပေမယ့် hand-made မဟုတ်လို. မ၀ယ်ဖြစ်ခဲ့ပါဘူး။ ကျမတို. ၀ယ်ခဲ့တဲ့ တကားက ပြပွဲပြီးမှ ယူရမှာပါ။ တလွဲတချော်ဖြစ်နေတဲ့ စာမဲ့ကာတွန်းလေးကို အမျိုးသားက သဘောကျလို. အားပေးလာခဲ့တာပါ။ ကိုယ်လည်း တတ်နိုင်သလောက်ပေါ့လေ..။

ဆရာကြီး ဦးဖေသိန်းကတော့ တရားသဘောနဲ. ကမ္ဘာကြီးကို မေတ္တာပို.နေတဲ့ ပုံကလေးကလည်း ရင်ထဲ ရောက်လာပါသေးတယ်။ ဘဲဥ ဆွဲတဲ့ ကာတွန်းဆရာဆွဲထားတဲ့ ကာတွန်းလေးလည်း သဘောကျမိပါတယ်။ နာဂစ်လာတုန်းကတော့ အိမ်တွေ၊ အပင်တွေကိုရော ကုန်ဈေးနုန်းကိုပါ တိုက်ခတ်သွားတာပါပဲ။ နောက်တစ်ကွက်မှာတော့ မုန်တိုင်းအပြီး အကုန် တစစီပြန်.ကျဲကုန်ပေမယ့် ကုန်ဈေးနုန်း ကတော့ ပြုံးပြုံးကြီးနဲ. အမြင့်ကို တက်နေပါတယ်။ နောက် ဆရာတစ်ယောက်ကတော့ ရေသူမကို ဒေါင့်ဖိနပ်ပေးပြီး တလွဲတချော်ကို ပြထားပါတယ်။

ဟ နေတဲ့ ပါးစပ်တွေထဲကို ပစ္စည်း အထုပ်တွေ ပစ်ထည့်နေတဲ့ ပုံကလည်း သနားစရာ။ ဟ နေတဲ့ ပါးစပ်တွေက အများကြီး။ ပစ္စည်းက.....။

ကျမလည်း ကင်မရာပါမသွားတာရယ်၊ ရိုက်လို. ရ မရ မသိတာရယ်ကြောင့် ကိုယ်သဘောကျတဲ့ ကားတွေ အကုန် မရိုက်ခဲ့လိုက်ရဘူး။ နောက် သူများတွေ ရိုက်တာမြင်မှ ကိုယ့်လက်စွဲ လက်ကိုင်ဖုန်း ကင်မရာလေးနဲ. ရသလောက်ပဲ ရိုက်ခဲ့ရပါတယ်။ အမျိုးသားရိုက်ထားတဲ့ ပုံတွေကောင်းမယ်ဆိုရင် ထပ်တင်လိုက်ပါဦးမယ်။

No comments: