၆၁-နှစ်မြောက် အာဇာနည်နေ့ ကို လေးစားကြေကွဲစွာ ဦးညွတ်လျှက်.....
လွန်ခဲ့တဲ့ ၆၁-နှစ်ကတည်းက မြန်မာပြည် အမှောင်ဖုံးခဲ့တာ ခုချိန်ထက်ထိ မလွတ်မြောက်သေးပါလား။
ကျမတို့ ငယ်စဉ်ကတော့ ကြေကွဲဝမ်းနည်းစွာ စောင့်မျှော်ခဲ့ရတဲ့ ဥသြသံ…။ အခုဆို ကလေးတွေ ဘယ်သိပါဦးတော့မလဲ။ ဗိုလ်ချုပ်ကို မမေ့ကြသေးတောင် အာဇာနည်ခေါင်းဆောင်တွေ ဘယ်သူဘယ်ဝါတွေ ဆိုတာတောင် သိတော့မယ်မထင်ပါဘူး။
ဒါ ၆၁ နှစ်မြောက် အာဇာနည်နေ့ သတင်းစာ တဲ့…။ ဘာတွေများ မှားနေသလဲ။ ဘယ်နေရာတွေမှာများ လိုအပ်နေသလဲ…လို့။
မမေ့ကြနဲ့နော်….။ ဘယ်သူတွေ မေ့ဆေးမှိုင်းဘယ်လောက် တိုက်တိုက်…. မျိုးဆက်သစ်တွေကို လက်ဆင့်ဆက်ကမ်းဖို့က … ကျမတို့ တာဝန်….။
Comments
Confidence in the truthfulness of your believe.
With Firm grip,
Ko Nge