Skip to main content

တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်…..

တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်…..

ကျမရဲ. ဘလောက်ဂ်ကလေးလည်း ဘာလိုလိုနဲ့ ဒီနေ့ဆို တစ်နှစ်တောင် ပြည့်သွားပါပကောလား။ တကယ်တမ်းကျတော့ သူများတွေ ရေးနေတာကြည့်ပြီး လုပ်ဖြစ်သွားခဲ့တာပါ။ မှတ်မှတ်ရရ ဇူလိုင်လ ၁၉ -ရက်နေ့ အာဇာနည်နေ့မှာ စဖြစ်တယ်။ နည်းပညာပိုင်းမရလေတော့ စမ်းတ၀ါးဝါးနဲ့ပဲ မြန်မာစာရိုက်လို့ရတဲ့ ဘလောက်ကလေးဖြစ်အောင် မြန်မာဘလောက်ဂါတွေရဲ. မျှဝေမှုတွေကို ခံယူလေ့လာရပြန်ပါတယ်။ မြန်မာပြည်ရဲ. ခက်ခဲလှတဲ့ ကွန်နက်ရှင်ကြားမှာ ဘလောက်ဂ်တစ်ခု ရှင်သန်အောင် မွေးမြူဖို့က တော်တော်ခက်ပါတယ်။ ခဏခဏလည်း မပြင်ရဲ။ ထည့်ချင်တာတွေလည်း ထပ်မထည့်ရဲ။ နည်းပညာတွေ သိပ်မြင့်နေရင်လည်း ကျမတို့ အင်တာနက်မော်ဒယ်နဲ့က သိပ်ကွာနေတော့ သုံးမရပြန်ပါဘူး။ မြန်မာပြည်မှာ အော်တိုမစ်တစ်(automatic)တွေထက် မန်နူရယ် (manual) တွေက ပိုအဆင်ပြေပါတယ်။ လူ့အစွမ်းကို ပိုတန်ဖိုးထားတဲ့ သဘောဖြစ်မယ်ထင်တယ်။


မြန်မာလို ရေးလို့ဖြစ်သွားပြန်တော့လည်း လက်ကွက်တွေကို လေ့လာပြီး မြန်မာစာရိုက်တတ်အောင် ပြန်ကျင့်ရပြန်ပါတယ်။ သူများဘလောက်ဂ်တွေလို လှလှပပ ကျကျနနလေးတော့ ဖြစ်ချင်ပါရဲ.။ ဒါပေမယ့် ကျမ စိတ်ရှည်ရှည်မထားတာနဲ့ပဲ ဘလောက်ဂ်ကလေးလည်း ဟိုမရောက် သည်မရောက် မျက်နှာလေးငယ်နေရရှာတာပေါ့။ အင်း….။ စီဘောက်စ်လေးလည်း ထည့်လိုက်သေးတယ်။ ဟိုးဘလောက်ဂ်ထိပ်ရောက်လိုက်… အောက်ခြေရောက်လိုက်နဲ့ … ပြင်ရင်း ပြင်ရင်း ပုံကလေးတော့ ပေါ်လာသား။ ဒါပေမယ့်… ဟဲဟဲ… စီဘောက်စ်မှာ တစ်လနေလို့မှ တစ်ယောက် လာမဖြည့်တော့… ကိုယ့်ဖာသာကိုယ် အရှက်ပြေ ပြန်ဖြုတ်လိုက်ရတာပေါ့လေ။

အစပိုင်းကတော့ ကိုယ်ကြိုက်တဲ့ စာလေးတွေ၊ ကဗျာလေးတွေ၊ တရားစာတွေ၊ ကိုယ့်ကိုကိုယ် ပြန်ဖတ်ဖို့ ၊ ဆုံးမဖို့ စာတွေကို တင်ပါတယ်။ နောက်တော့ ကိုယ့်ဘလောက်ဂ်ထဲ ဘယ်သူ့မှ လာကြည့်တာမှ မဟုတ်တာ ဆိုပြီး ကိုယ်ရေးချင်တာလေးတွေ ကောက်ရေးဖြစ်လာပါတယ်။ တချို့ကလည်း အမှတ်တရ အဖြစ်……..၊ တချို.လည်း ရင်ထဲရှိတာလေးတွေ…၊ ချရေးဖြစ်လာပါတယ်။ ကျမဘလောက်ဂ်ရဲ့ ပရိသတ်က များများစားစားမရှိပါဘူး။ အမျိုးသားရယ်… သူငယ်ချင်း.. တစ်ယောက်၊ နှစ်ယောက်၊ အင်း သုံးယောက်လောက်ပါပဲ။ အဲသည်လောက်ကတော့ သိပ်အရေးမကြီးဘူးလေ။ ကျမရေးတဲ့ ပုဂ္ဂလိက ခံစားချက်တွေကို သူတို့တွေ သိလည်း သိပ်တော့ ရှက်စရာ မရှိပါဘူး ဆိုပြီး ဆက်ရေးဖြစ်နေခဲ့တာ….. အခုဆို တစ်နှစ်တောင် ရှိသွားခဲ့ပြီ။

ဟိုတလောကတော့ ကျမ ဘလောက်ဂ်လေးကို ခဏနားဖြစ်ခဲ့တယ်။ ကျမဘလောက်ဂ်လေးရဲ့ မွေးနေ့မှာ ရှိမနေတော့ဘူးထင်ရဲ. ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့ရသေးတယ်။ ဘာမဆိုင် ညာမဆိုင် နေဘုန်းလတ်ကိုတောင် သတိရမိလိုက်သေးတယ်။ အော်… ကျမလည်း ပို့စ်အသစ်တွေ မရှိနိုင်မှန်း သိနေပေမယ့် သူ့ ဘလောက်ဂ်လေးဆီကို မကြာမကြာ သွားအားပေးနေမိတတ်တာကိုး။ သူ့ဘလောက်ဂ်ကလေး တစ်နှစ်ပြည့်တဲ့အချိန်မှာ ပိုင်ရှင်ကတော့……။

ကဲ…. အကျိုးရှိတဲ့ ၊ တန်ဖိုးရှိတဲ့ တစ်နှစ်မြောက်မွေးနေ့လေး ဖြစ်ပါစေ မှတ်စုစာအုပ်ကလေးရေ…။ မင်းကလေးကို အာဇာနည်နေ့မှာ မွေးဖွားခဲ့ရတာဖြစ်လို့ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရနေ့လေးတော့ မဟုတ်ခဲ့လေဘူးနော်..။ ဒါပေမယ့် မင်းစာမျက်နှာတွေမှာတော့ ဘယ်တော့မှ ကိုယ်မယုံကြည်တဲ့၊ ကိုယ့်ခံယူချက် ယုံကြည်ချက်ကို သစ္စာဖောက်ထားတဲ့ စာမျိုးတော့ မတင်လေနဲ့နော်…..။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုတော့ မှန်ကန်သစ္စာရှိနေနိုင်စေဖို့ ဆန္ဒပြုရင်း……. ။

Comments

Congratulation and Happy birthday Note Book of Theingi Nwai.

KEEP IT UP!
tg.nwai said…
Thank you very much for your wish!

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

အမွတ္တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။