Saturday, August 9, 2008

တစ်ဆင့်တိုး ခဏခဏ မိုက်ရင်.....

၁၃၇၀-ခု- ၀ါခေါင်လဆန်း ၈-ရက် - ဥပုသ်နေ့- စနေနေ့။

ကလေးတွေကျောင်းပိတ်ရက်ဆိုတော့ ဥပုသ်နေ့ပေမယ့် အရင်နေ့တွေတုန်းကလို ကိုယ့်ဘာသာ နေလို့ မရပါဘူး။ အခု သူတို့လေးတွေ စာလုပ်ခိုင်းထားပြီး အရှင်ဆန္ဒာဓိကရဲ့ စိတ်အားဖြည့် ဓမ္မနေခြည် ထဲက စာစု တစ်စုကို တင်လိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဓမ္မစာစုလေးတွေ ... ဆိုတော့....ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ကျင့်ချင်တာ၊ ကိုယ့်မှာ လိုအပ်နေတာတွေပေါ့။

တစ်ဆင့်တိုး ခဏ ခဏမိုက်ရင်
အကျင့်ဆိုး ဘ၀ ဘ၀ လိုက်မယ်


* ရဟန္တာ မဖြစ်သေးသမျှ
ကိလေသာ ရှိကြတာချည်းမို့
ပုထုဇဉ်ဘ၀မှာ
ကိလေသာ အခြေခံတဲ့
အပြောအဆို၊ အပြုအမူတွေကို
ပြောကြ၊ ပြုကြတာချည်းပါပဲ။

* ဒါပေမဲ့ ကိလေသာအစွန်းရောက်တဲ့
အပြောအဆို အမှားမျိုးတွေ၊
ကိလေသာ အစွန်းရောက်တဲ့
အပြုအမူမှားတွေကိုတော့
ထပ်တလဲလဲ မပြော၊ မပြုမိဖို့
အထူး သတိထားရပါမယ်။

* နို့မဟုတ်ရင်
အထုံဝါသနာပါသွားပြီး
ရဟန္တာဖြစ်တာတောင်
ကြည်ညိုဖွယ်မဆောင်ဘဲ
ဂုဏ်ရောင်မှေးမှိန်နေပါလိမ့်မယ်။

* သာမန်ပုထုဇဉ်ဘ၀မှာ
အထုံဝါသနာဆိုးတွေ
ထင်ရှားနရင်တော့
ဂုဏ်သိက္ခာ ကျဆင်းလိုက်မှာ
မပြောပါနဲ့တော့။
(အရှင်ဆန္ဒာဓိက - စိတ်အားဖြည့် ဓမ္မနေခြည်)

No comments: