Skip to main content

ကျမရဲ့ အလွဲလွဲများထဲမှ တစ်လွဲ။

ကျမက တော်တော်ကို အလွဲလွဲအချော်ချော် လုပ်တတ်တဲ့သူပါ..။ မယုံဘူးလား..။ မေးကြည့်ပါလား... ကျမအမျိုးသားကို။ သူပြန်မပြောပဲ အဆုံးမသတ်နိုင်အောင် ရယ်နေပါလိမ့်မယ်။ အဲ... ဘာအကြောင်းတွေလည်း ဆိုတာတော့ ပြန်ပြောလိမ့်မယ် မထင်ပါဘူး။ ဟဲဟဲ..။

မနေ့ကလည်း လက်ဖက်ရည်ဆိုင်မှာ ကျောင်းက သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ တစ်ယောက်နဲ့ ပြန်တွေ့ပါတယ်။ အမျိုးသားက မုန့်ဆင်းဝယ်တော့ ကျမက သမီးလေးနဲ့ ကားပေါ်မှာ သီချင်းနားထောင်ရင်း စောင့်နေတုန်းပေါ့။ အမျိုးသားက ဆိုင်ထဲမှာတွေ့လို့ ခေါ်လာတာလေ။ သူ့မျက်နှာကလည်း ပြုံးစေ့စေ့၊ အမျိုးသား မျက်နှာကလည်း ရယ်ချင်ချင်..။ ကျမကတော့ .... ဟိုတလောကမှ ပြန်ပြောခဲ့တဲ့ အကြောင်းမို့... မျက်နှာခပ်ပူပူ...။

XXXXXXXXXXXXXXX

အဖြစ်က ဒီလို....။

ကျမငယ်ငယ်က ဖေဖေတာဝန်ကျတဲ့ နယ်မြို့တွေမှာ ကျောင်းတက်ခဲ့ရပါတယ်။ ကျမ တက္ကသိုလ် လာတက်တော့ ကျမအရင် နေခဲ့တဲ့ မြို့ တစ်မြို့က ကျောင်းနေဖက် အိမ်နီးနားချင်း သူငယ်ချင်းကောင်လေး တစ်ယောက်ပါ ကျမနဲ့ တက္ကသိုလ်အတူတူ ၀င်ခွင့်ရတယ်လို့ ကြားခဲ့ပါတယ်။ နှစ်တွေ အကြာကြီးကြာမှတော့ သူ့ကို ကျမနာမည်ပဲ မှတ်မိတော့တာပေါ့။


ကျောင်းရောက်တော့ တခါ ကျောင်းက Bookshop မှာ ထင်ပါရဲ့။ သူ့နံမယ်ကို သူ့သူငယ်ချင်းတွေ ခေါ်သံကြားလိုက်တယ်။ ကျမကို သူကတော့သိနေတယ် ထင်တယ်။ နောက်တော့ ကျမကို "ငယ်ငယ်တုန်းက သူငယ်ချင်း " သီချင်းဆိုပြီး စ စ နေတဲ့ ကောင်လေးတွေကို နဲနဲ သတိထားမိလာတယ်။ အဲဒီထဲက တစ်ယောက်ကတော့ သူ ပဲဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူကမှ လာမနှုတ်ဆက်တာ.. ကျမ ဘယ်လိုလုပ် သိမှာလဲ။

ဟဲဟဲ.. သိတယ်မဟုတ်လား။ ကျမက “မှားတဲ့အခါလည်း မှားပေမပေါ့” တဲ့ စုံထောက်ကြီး ဦးရှံစားကို သိပ်သဘောကျတဲ့သူလေ..။ အဲဒီကောင်လေးတွေအထဲက ကိုယ်ထင်တဲ့ ကောင်လေးတစ်ယောက်ကို သွားနှုတ်ဆက်လိုက်တယ် ။ ဟဲ့...ဘာညာ၊ သာရကာ ပေါ့...။ ဘယ်ရမလဲ။ အဲဒီနောက်တော့ သူတို့တွေ သိပ်မစ မနောက်တော့ဘူး။ ကျမကလည်း တွေ့ရင် နှုတ်ဆက် ပြုံးပြပေါ့။ တခါ ကျမအဆောင်ကို ဖေဖေတို့လာတုန်း အနားမှာ တခြားကောင်မလေးတွေဆီလာလည်တဲ့ သူ့ကို တွေ့တော့ လှမ်းခေါ်ပြီး မိတ်ဆက်ပေးလိုက်သေးတယ်။ ဟုတ်တယ်လေ.. ငယ်တုန်းက မျက်နှာချင်းဆိုင်နေခဲ့ကြတာမို့ တခါတခါ သူ့ကိုလည်း ကျမတို့နဲ့အတူ ဖေဖေကျောင်းလိုက်ပို့ပေးဖူးတယ်လေ။ နောက်ပြီးကျမက နင် လေးဘာသာ (ဂုဏ်ထူး) ပါတာမဟုတ်လားဆိုတော့... သုံးဘာသာပဲပါတာပါ ပြောတဲ့သူ့ကို အတင်း ပြိုင်ငြင်းခဲ့သေးတယ်။ (အငြင်းသန်ခဲ့တာ ၀န်ခံခြင်းမဟုတ်)။

ဒီလိုနဲ့ ကျမ သူ့ကို ကျမ ငယ်သူငယ်ချင်းအမှတ်နဲ့ ခေါ်ပြောဆက်ဆံနေခဲ့တာ ဒုတိယနှစ် စာမေးပွဲ ဖြေကာနီးအထိပါပဲ...။ တစ်ရက် ကျမတို့ အဆောင်ရှေ့မှာ ညနေပိုင်းလာလည်တတ်တဲ့ သူငယ်ချင်းတွေကို စောင့်နေတုန်းထင်ပါရဲ့။ တစ်ဖက်စကားဝိုင်းကနေ ထပြန်လာတဲ့ ကျမတို့နဲ့ အတန်းတူ ကောင်လေးတစ်ယောက် (ကျမနဲ့တခါဖူးမှ စကားမပြောခဲ့ဖူးသူ) ကျမကို နာမည်ခေါ်ပြီး လာနှုတ်ဆက်တယ်..။. ငါ ( ??? ) လေ။ ... ဆိုတော့ ကျမမှာ ကြောင်တက်တက်ဖြစ်လို့။ ဟင် .. လာနောက်နေပြန်ပြီလို့ စိတ်မှာ ထင်ဆဲ။ သူက ကျမကို ဆူပါတော့တယ်။ နင်က ဘာဖြစ်လို့ ဟိုကောင်ကို ငါနဲ့မှားနေရတာလဲ၊ တခြားစီပဲတဲ့။ အင်.....။ ကျမ မှာ မှင်သက်သွားလိုက်တာ...။ သူ့ကို တစ်ခွန်းတော့ ပြန်ပြောလိုက်သေးတယ်ထင်ရဲ့..။ နင်က ဘာဖြစ်လို့ စောစောစီးစီး လာမပြောရတာလဲ ဆိုတော့ နင် ဒီလောက်တောင် မသိဘူးလားတဲ့။ ဟုတ်သားပဲ...။ ကျမ တော်တော်တုံးတာပဲနော်..။ အမှန်ဆို ကျမငယ်သူငယ်ချင်းလို့ထင်တာတဲ့ တစ်ယောက်ကို ဘယ်သူလဲ ဆိုတာ ပြန်စုံစမ်းရမှာလေ။ အဲဒါ ကျမ ပြဿနာထင်ပါရဲ့။ အမြဲတမ်း ကျမ မှန်တယ်လို့ ထင်တတ်တာ။ မှန်တယ်လို့ အထင်ပေါ်မှာပဲ အခြေခံထားတော့ လုပ်သမျှ တောက်လျှောက် လွဲနေပြီပေါ့။

အဲဒီညနေက တော်တော်ရှက်လည်းရှက်တယ်၊ ဒေါသလည်းထွက်တယ်။ အဲဒီကောင်လေးတွေကို...။ ကျမက စ မှားနှုတ်ဆက်မိတယ်ပဲ ထားဦးလေ။ ကျမရဲ့သူငယ်ချင်းကတော့ နင်မှားနေပြီလို့ စောစောစီးစီး လာပြောသင့်တာပေါ့။ နောက်တနေ့ ကျောင်းမှာ ၂-နှစ်လုံးလုံး ကျမရဲ့ သူငယ်ချင်းလို့ ထင်မှားနေတဲ့ သူနဲ့ ကော်ရစ်ဒါမှာ ဆုံတော့... ကျမကို ငါ.... ... လေ..လို့ လာနောက်နေသေးပါတယ်။ ကျမလည်း စိတ်တိုတိုနဲ့.... ဘာဖြစ်လို့ မပြောတာလဲလို့ ရန်တွေ့လိုက်တော့.. ငါ ပြောမလို့ပဲ။ နင်ကမှ အပြောမခံတာ...တဲ့။ ကဲ ... ကောင်းကြသေးရဲ.လား။ နောက်ဆုံးမတော့ ကိုယ်အထင်နဲ့ ကိုယ် ရမ်းတုပ်ခဲ့တဲ့ ကျွန်တော်မျိုးမရဲ့ အပြစ်တွေပါပဲလေ။ နောက်ပိုင်းတော့ အရင်ကလောက် အခေါ်အပြော မရှိဖြစ်ကြတော့ပါဘူး။ ငါ့ကို နောက်ကွယ်မှာ ဟားနေကြမှာပဲ ဆိုပြီး တွေးမိတိုင်း စိတ်တိုနေတာရယ်၊ ကိုယ် လူမှားခဲ့တဲ့ကိစ္စအတွက် မျက်နှာမထားတတ်တာရယ်ကြောင့်ပါ။


ကျမ အမျိုးသားနဲ့ သူတို့တွေကလည်း တမြို့ထဲသားတွေလေ။ အမျိုးသားနဲ့ ကျမ(ငယ်)သူငယ်ချင်းနဲ့က ဆယ်တန်းကျူရှင် အတူတူ တက်ဖူးခဲ့တဲ့ သူငယ်ချင်း.. တဲ့။ နောက်ပိုင်း သူ(အမျိုးသား)နဲ့ ကျမ ချစ်သူတွေ ဖြစ်သွားတော့မှ သူ ကပြန်ပြောပြီး နှစ်ယောက်သား ရယ်ဖြစ်ခဲ့ကြပါသေးတယ်။ "ခင်ဗျားကလည်း အမှားကောင်းပဲ"တဲ့။ "ရုပ်ဖြောင့်တဲ့သူမှ ရွေးပြီး သူငယ်ချင်းမှားတော်နေသေးတယ်" ဆိုပြီး ကျမကို နောက်ပါတယ်။ ကျမကလည်း "မသိဘူးလေ.. ကျုပ်ကို နောက်နောက်နေတဲ့အခါ သူတို့အုပ်စုထဲ ကြည့်လိုက်တိုင်း ပြုံးစေ့စေ့နဲ့ သူ့ပဲ တွေ့တာကိုး"..လို့။

ခုချိန်မှာတော့ ရယ်ချင်စရာ၊ ပြုံးချင်စရာတွေပေါ့။ ငယ်ဘ၀ရဲ့ ဗရုတ်ဗရက်တွေကိုလည်း သဘောကျမိပါတယ်။ သူတို့တွေလည်း ကျောင်းသားဘ၀ရဲ့ စနောက် ဗရုတ်ကျတာတွေကို ချန်ထားရစ်ခဲ့ပြီး မင်နဲ့ မောင်းနဲ့ ဆရာကြီးတွေ ဖြစ်နေကြပါပြီ။ ကျမကိုတွေ့ရင် အရင်က သူတို့ ဗရုတ်ကျခဲ့တာတွေကိုပဲ သတိရနေမလား၊ ဒါမှ မဟုတ် တလွဲကြီး အတင်းမှန်နေခဲ့တဲ့ ကျမကိုပဲ ရယ်ချင်နေမလား တော့ ကျမလည်း မသိနိုင်ပါဘူးလေ။ ကျမကတော့ ခုချိန်ထိ မျက်နှာပူတုန်း......။

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ