မနက်ဖြန် ဥပုသ်နေ့ဖြစ်လို့ ဓမ္မ ပို့စ်လေးကို တင်လိုက်ပါတယ်။ သာကေတ (၉) ရပ်ကွက်၊ မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒ န္တဘဒ္ဒိယ ရဲ့ အလွယ်ဆုံး ၀ိပဿနာ ဟောနည်းပြောနည်း ရှုမှတ်နည်း စာအုပ်ထဲကပါ။ တကယ်တော့ ဓမ္မစကားဆိုတာက အမြဲတမ်းကြားနေ၊ နာနေ၊ နှလုံးသွင်းနိုင်ရင် သွင်းနိုင်သလောက် အကျိုးရှိပါတယ်။ အထပ်ထပ်အခါခါ မေ့လျော့နေတတ်တဲ့ ကျမအဖို့တော့ ဒီပို့စ်လေးတင်ဖို့စိတ်ကူး၊ စီစဉ်၊ စာရိုက်နေတဲ့ အချိန်လေးအတွင်း၊ ပြန်ဖတ်ဖြစ်တဲ့ အချိန်လေးတွေတိုင်းမှာ အကျိုးရှိပါတယ်။ သူများတွေအတွက်လည်း ဓမ္မဒါနပါ။
ဒီနေ့ ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ် လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ.. : P အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။
Comments
သြော်.. ကြောက်စရာ လောဘ၊ စိတ်ပျက်စရာ ဒေါသ။ tg ရယ် တို့များမှာ မောဟရန်သူတွေ ၀ိုင်းလို့ပါလားကွယ်။