Wednesday, September 24, 2008

စင်ကာပူရောက်ဖွားဖွားနဲ့. ရန်ကုန်မှ မြေးများ

မနေ့က မေမေ့မွေးနေ့ဆိုတော့ ဒီက မိသားစုတွေက ညဖက်အိမ်ပြန်ရောက်တော့ Birthday Wish လုပ်ဖို့ အင်တာနက်ဆက်..။ pfingo ကနေ မောင်လေးရဲ့ ဟန်းဖုန်းကိုဆက်။ အိမ်မှာပဲ ရှိနေပြီး မေမေ့ကို Birthday Wish လုပ်မလို့ဆိုတော့ သူလည်း skype ပေါ်တက်။ ကိုယ်လည်းပဲ skype ပေါ်တက်ပေါ့။ ဟိုဘက်အိမ်မှာ တစ်ယောက်ထဲဖြစ်နေတဲ့၊ မေမေ့ဆီက ဖုန်းမျှော်နေတဲ့ ဖေဖေ့ကို လှမ်းခေါ်တော့ ချက်ချင်း ရောက်ချလာပါတယ်။ ဗွီဒီယို call ခေါ်ပြီး စကားပြောကြ wish လုပ်ကြပေါ့။ ကလေးတွေကလည်း သူ့အဖွားကို အော်ဟစ်ပြီး တစ်ယောက်တစ်ပေါက် စကားပြောနေကြပါတယ်။ ကွန်နက်ရှင်က နှေးနေတော့ ပုံကလည်း တုံ့ဆိုင်းဆိုင်း.. အသံတွေကလည်း တုံ့ဆိုင်းဆိုင်းပေါ့လေ...။ အဲဒီမှာတင် အဖွားချစ်ဖြစ်တဲ့ သားငယ်က သူ့အဖွားစကားပြောနေတာကို ကြည့်လိုက်၊ သူ့အကိုကို ကြည့်လိုက်နဲ့.. စိတ်မကောင်းတဲ့ လေသံနဲ့ စကားတစ်ခွန်းပြောလိုက်ပါတယ်။ 

“အင်း.. ဖွားဖွားလည်း စင်ကာပူရောက်မှ စကားတွေတောင် ထစ်ကုန်ပြီ..” တဲ့။

သူက သူ့အကို စကားထစ်တာကို မြင်ဖူးနေတာကိုး။ အဟဲ...။