ကျမရဲ့သားကြီး ခြောက်တန်းကျောင်းသား မောင်မိုးဟန်က မြန်မာစာနဲ့ဆို သတင်းစာကအစ... တွေ့သမျှစာအုပ်အကုန်လိုက်ဖတ်တတ်ပါတယ်။ တခါတခါ ကိုယ်မသိသေးတာတွေတောင် သူသိနေတတ်သေးတယ်။ ငယ်ငယ်ကထဲက စကားလုံးတွေကို အကျအနကောက်တတ်သူ။ သုံးနှစ်သား မူကြိုတက်တော့ ပြေးလွှားဆော့ကစားရင်း ချော်လဲတာ ဘောင်းဘီရော၊ ဒူးရော ပြဲသွားပါတယ်။ ဒါနဲ့ ကျမလည်း သူ့ကို ကြိုပြီး ကားပေါ်ရောက်တော့ သူ့ဒဏ်ရာကြည့်ရင်း "အော်... ဘောင်းဘီပါ ပြဲသွားသလား" မေးလိုက်မိပါတယ်။ သူက "ဘောင်းဘီကတော့ ပြဲတာမဟုတ်ဘူး၊ ပေါက်သွားတာ" ....တဲ့။ ကျမတို့လည်း အူကြောင်ကြောင်ဖြစ်သွားပြီး ဘာဖြစ်လို့လဲ လို့ မေးကြည့်တော့......
အဲဒီလို ဇလေးတွေ ရှိတဲ့သားကြီး... ခုလည်းပဲ မထူးပါဘူး။ ဟိုတနေ့က သူ့ညီကို ဆူနေလေရဲ.။ တကယ့်ကို ဒေါနဲ့ မောနဲ့။ "အဲဒီလို ညာပြောတာမျိုးဆို ငါလုံးဝ သည်းမခံနိုင်ဘူးနော်" ... ဘာညာတွေ အော်နေလို့... အမယ်.. မင်းကများ... တချိန်လုံး အမေ့ကို ညာနေတဲ့ သူက မင်းညီကို အဲဒီလိုပြောနေရသေးလားလို့ မေးတော့.... ရယ်ကျဲကျဲနဲ့.... " သားက သူများတွေ သားကို ညာတာသာ သည်းမခံနိုင်တာပါ မေမေရ" တဲ့။
အခုလည်း အင်္ဂလိပ်စာ ရွတ်ခိုင်းနေရင်း ကြောင်နေပြန်ပါပြီ။
ကဲ.... စိတ်ညစ်စရာလေးတွေ ရှိသလို ဒီလို ရယ်မောစရာလေးတွေ ရှိနေရတာကိုကပဲ မိသားစုဘ၀ရဲ့ အဓိပ္ပာယ်တမျိုးဖြစ်မယ်ထင်ပါရဲ့နော်...။
"ပြဲတယ်ဆိုတာ... ရှည်ရှည်လေးဖြစ်သွားရမှာလေ၊ အခုဟာက ၀ိုင်းဝိုင်းလေးဖြစ်သွားတာဆိုတော့ အဲဒါ အပေါက်ဖြစ်သွားတာပေါ့" ....အဲဒါ သုံးနှစ်သားအရွယ်ကထဲက သူဘာသာ အဓိပ္ပာယ်ဖွင့်ခဲ့တဲ့ အပေါက်နဲ့ အပြဲ သတ်မှတ်ချက်လေ။ အဲဒီလို စကားတွေ ကပ်ကပ်သပ်သပ် ပြောတတ်သလောက် တခါတလေတော့လည်း ကြောင်တတ်ပါသေးတယ်။ သူ လေးနှစ်သားအရွယ် စာတွေ စ သင်တော့ တနေ့ စာ အလွတ်ရွတ်နေပါတယ်။ ဘေးမှာ သူ.အဖိုးနဲ့ပေါ့ ။ "သဝေထိုးလရေ...လေ"..ဆိုတော့ ဘေးက အဖိုးက " ဟုတ်ပြီ... ငါ့မြေးကွ" စကားတောင် မဆုံးလိုက်ပါဘူး ။ "၀စ္စနှစ်လုံးပေါက် ....ငါး" ...လည်း ဆိုလိုက်ရော.... အဖိုးလည်း " ဟာ.... ကွာ" ဆိုပြီး ပက်လက်လန်ပါလေရော....။
အဲဒီလို ဇလေးတွေ ရှိတဲ့သားကြီး... ခုလည်းပဲ မထူးပါဘူး။ ဟိုတနေ့က သူ့ညီကို ဆူနေလေရဲ.။ တကယ့်ကို ဒေါနဲ့ မောနဲ့။ "အဲဒီလို ညာပြောတာမျိုးဆို ငါလုံးဝ သည်းမခံနိုင်ဘူးနော်" ... ဘာညာတွေ အော်နေလို့... အမယ်.. မင်းကများ... တချိန်လုံး အမေ့ကို ညာနေတဲ့ သူက မင်းညီကို အဲဒီလိုပြောနေရသေးလားလို့ မေးတော့.... ရယ်ကျဲကျဲနဲ့.... " သားက သူများတွေ သားကို ညာတာသာ သည်းမခံနိုင်တာပါ မေမေရ" တဲ့။
အခုလည်း အင်္ဂလိပ်စာ ရွတ်ခိုင်းနေရင်း ကြောင်နေပြန်ပါပြီ။
"မေမေ... Coconut tree ဆိုတာ ဘာလဲ မေမေ"ကျမလည်း သူ့ကို ခပ်ကြောင်ကြောင် တအံ့တသြကြည့်ရင်းနဲ့ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတုန်းမှာပဲ........ သိပ်သွက်တဲ့ သမီးငယ်က သူ့ဘာသာဆော့နေရာကနေ..."ကိုကိုမိုးဟန်ကလည်း မီးမီးသိတယ်၊ အုန်းသီး သုံးလုံးကို ပြောတာလေ"....တဲ့။ ကျမလည်း ထပ်ဆင့်ကြောင်အ သွားရပြန်ပါတယ်။ ဘယ်လိုဖြစ်ပြီး အုန်းသီးသုံးလုံးဖြစ်သွားရတာပါလိမ့်ဆိုတာ.. ချက်ချင်းပေါ်မလာဘူး။ သမီးငယ်ကတော့ သူ့ ရှင်းလင်းချက်နဲ့သူ.. "coconut က အုန်းသီး၊ three ဆိုတာ သုံးလုံးလေ။ ကိုကိုမိုးဟန်ကလည်း မီးမီးတောင် သိသေးတယ်" .....ဆိုတော့မှ......။ အော်... three နဲ့ tree ရောသွားတာကိုးလို့ သဘောပေါက်လိုက်ရပြီး ကျမမှာ တော်တော်နဲ့ကို အတောမသတ်နိုင်အောင် ရယ်မောလိုက်ရပါတော့တယ်။
ကဲ.... စိတ်ညစ်စရာလေးတွေ ရှိသလို ဒီလို ရယ်မောစရာလေးတွေ ရှိနေရတာကိုကပဲ မိသားစုဘ၀ရဲ့ အဓိပ္ပာယ်တမျိုးဖြစ်မယ်ထင်ပါရဲ့နော်...။
Comments
"သဝေထိုးလရေ...လေ..၀စ္စနှစ်လုံးပေါက် ....ငါး" (အဖေ တူတာ)
ဟားဟား
btw, တို့တွေဟာ ကလေးတွေကို ထိန်းကျောင်းတဲ့ နေရာမှာ ကိုယ့်ပုံစံထွက်အောင် အတင်းကြီး အားမထုတ်ဖို့ သတိထားရမယ်လို့။ ကိုယ်မွေးထားတာ ဆိုတော့ ကိုယ်တို့ရဲ့ ဗီဇလေးတွေက အနည်းနဲ့ အများဆိုသလို သူတို့မှာ ပါပြီးသားကွ။ နေ့တဓူဝမှာလည်း ကိုယ့်စိတ်တိုင်းကျအတိုင်း ဟိုလိုလုပ် ဒီလိုမလုပ်နဲ့ လိုက်လုပ်နေရင် (သူတို့ဟာ ကိုယ်တို့နဲ့ သိပ်တူသွားမယ်ဆိုရင် ကိုယ်တို့ အတ္တအတွက် တစ်စုံတခုသော အတိုင်းအတာအထိ ကျေနပ်စရာဖြစ်ပေမဲ့) သူတို့ဘက်က ကြည့်ရင် သူတို့ ဘ၀ရပ်တည်မှုမှာ တို့ပေးလိုက်တာဟာ အကောင်းဆုံးဖြစ်ချင်မှ ဖြစ်မယ်လို့ စဉ်းစားနေမိလို့ပါကွာ။