ဒီကနေယူထားတာပါ
Dear May May! |
Happy birthday to you, dear mom! I want to give you a very special beautiful bouquet of flowers. But you're away and now i send you this virtual flowers... :) with love, only daughter, Theingi Ma |
Love, tg |
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ မင်္ဂလာရက်မြတ်ဖြစ်ပါစေ... မေမေ..
မေမေတို့ရဲ့ တဦးတည်းသော ချစ်မငြီးတဲ့ ချစ်သမီးလေးက ဆုတောင်းပေးလိုက်ပါတယ်နော်..
အခုချိန်မှာ မေမေတစ်ယောက် ဝေးတမြေမှာ မြေးအသစ်လေးတွေနဲ့ လုံးလည်ချာလည် လိုက်ရင်း မပြီးဆုံးနိုင်သေးတဲ့ မိဘတို့ရဲ့ တာဝန်ဝတ္တရားတွေကို အကြွေးမပါအောင် ဆောင်ရွက်နေပါလိမ့်မယ်။
မေမေနဲ့ ဘယ်တော့မှ စကားကောင်းကောင်းပြောလို့ မရတဲ့ သမီးကလည်း ကိုယ့်ရပ်မြေမှာပဲ.. မေမေ့လိုပဲ ကိုယ့်တာဝန်တွေ ကိုယ်ကျေပွန်အောင် မေမေ့သမီးပီသစွာ မငြီးမငြူသေးပဲ..လဲသွားရင်း..ပြန်ထရင်း တာဝန်တွေ ထမ်းဆောင်နေပါတယ်လေ.
မေမေ့ရဲ့သမီး... မေမေနဲ့ စိတ်ဓာတ်သိပ်တူတယ်နော်.. ခေါင်းမာတာ.. လူသာပျော့ပေမယ့် စိတ်က မပျော့ညံ့တာ... ငိုတယ်ဆိုတာ ပျော့ညံ့တယ်လို့ ထင်တတ်ပြီး.. စိတ်ကြီးတတ်တာ...။ ဒါကြောင့်လည်း နှစ်ယောက်သား ရေရှည်စကားပြောဖို့ အဆင်မပြေတာ ထင်ပါရဲ့နော်..။
ဘယ်လိုပဲ ဖြစ်ဖြစ် မေမေရေ... မေမေရဲ့ ၆၈-နှစ်မြောက် မွေးနေ့မှသည်... နောင် သက်ဆုံးတိုင် မေမေယုံကြည်သက်ဝင်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာတရားရဲ့ အဆုံးစွန်လွတ်မြောက်ရာဖြစ်တဲ့ ပန်းတိုင်ကို အရောက် လက်လှမ်းနိုင်အောင် ကြိုးစားပမ်းစား အားထုတ်နိုင်စေဖို့ သမီး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်...
မေမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သားသမီး မြေးမြစ်တွေနဲ့အတူ နွေးထွေးတဲ့ မိသားစုတွင်းမှာ နေထိုင်ရင်း အန္တိမ လွတ်မြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ပါစေ.....
Comments
သမီးနဲ့အမေတွေက ဒီလိုပဲနဲ့တူပါတယ်
အထူးသဖြင့် တဦးတည်းသောသမီးတွေလေ ဟဲဟဲ..