နှမြောတယ်....
နှမြောတယ် …
တိုင်းပြည် လူမျိုး
နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့
အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ
တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။
နှမြောတယ် …
ပြည်သူရဲ့ သွေးချွေးမျက်ရည်
တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်
ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့
အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။
နှမြောတယ် …
အဆင့်မြင့်ပညာရပ်တွေကို
အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ
အညွန့်တလူလူနဲ့ လူတော်တွေ …
လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။
နှမြောတယ် …
မတရားမှုတွေကို ထောက်ခံ
အမှန်ကိုအမှား အမှားကိုအမှန်
အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့
မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။
ဘုန်းမင်းဇွန်
ဒီကဗျာလေးကို ကျမ တစ်ခါတင်ပြီးသားပါ။ အခုတစ်ခါ ထပ်တင်ပါရစေ...
နှမြောတယ်.. နှမြောတယ်.. ရင်ထဲမှာ မချိလွန်းလို့...
အနှစ် နှစ်ဆယ်နဲ့ ခြောက်လ တဲ့... ဘာဖြစ်လို့...ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့ပါလဲ....။
Comments
ထောင်ကျတာကိုလား...မသိ..
ကဗျာလေး ကောင်းလိုက်တာ..
ကျနော်တော့..မြင်ရက်နဲ့ ကန်းနေတဲံမျက်လုံးတွေ
ရှိနေပြီလား...မသိ
အခုတော့သိသွားပါပြီ..ကိုနေဘုန်းလတ်ကို..
သုနှင်းဆီဆီမှာလည်း နေဘုန်းလတ်။ မမကေအိုအမ်ဆီမှာလည်း
နေဘုန်းလတ် ။ဒီမှာလဲ ဘုန်းမင်းဇွန်ဆိုတော့..
တွေးတော့တွေးမိတယ်..တစ်ခုခုပဲလို့..
နောက်..ကျနော်ဘလော့မှာ သုနှင်းဆီက လင့်ခ်လေးတွေလာပေးမှ
ရေလည်တော့တယ်။။
နှမျှောစရာနော်..