ဒီနေရာက ပုံလေးပါ။ သမီးလေးရေ... အိမ်မှာ မွေးထားတဲ့ hamster လေးတွေထဲမှာ အလှဆုံး အချောဆုံး သဘောအကောင်းဆုံးမို့ မေမေတို့ Queen လေး လို့ ချစ်စနိုးနဲ့ ခေါ်ခဲ့တဲ့ ဟမ်းစတားမလေးကတော့ ဟိုးအဝေးကြီးကို ထွက်သွားလို့ ငိုနေသလား သမီးငယ်ရယ်...။ အားလုံးထဲမှာ ထူးခြားစွာ လှပတာထက် ထူးဆန်းစွာ သဘောကောင်းနေခဲ့တဲ့ သမီးရဲ့ Queen လေးဟာ တိရိစ္ဆာန်ဘ၀က လွတ်မြောက်ပြီး နတ်သမီးလှလှလေး ဖြစ်နေမှာပါ။ မေမေလည်း ဘယ်စိတ်ကောင်းပါ့မလဲကွယ်...။ ဒါပေမယ့် သဘောကောင်းလွန်းတဲ့ သူမို့ ကောင်းရာမွန်ရာ ရောက်နေမှာပါ.. သမီးတို့၊ မေမေတို့ရော.. သူတို့လေးတွေပါ .. သံသရာခရီးသည်တွေပဲ ရှိနေသေးတာကိုး။ သူတို့က သည်ဘူတာမှာ ဆင်းသွားပေမယ့် နောက်ရထားတစ်စီးနဲ့ ခရီးဆက်ရဦးမှာလေ..။ ခုလည်း မေမေတို့ သမီးတို့ အတူတူ ရှိနေပေမယ့် ဘယ်အချိန် ဘယ်ဘူတာမှာ ဘယ်သူက ဆင်းသွားရမယ်မှန်း သိကြတာမဟုတ်...။ တကယ်လို့ . ...Queen လေးကို ကိုကို ငယ်ငယ်တို့ကို ပြချင်လို့ ခေါ်ခဲ့ဖို့ ဖေဖေ မပြောခဲ့ဘူး ဆိုရင်... တကယ်လို့. ... ဖေဖေပြောခဲ့တောင် မေမေက ခေါ်မလာခဲ့ဘူး ဆိုရင်... တကယ်လို့ .... မေမေ ခေါ်လာခဲ့တောင် ကိုကိုမိုးဟန်က ရုံးမှာသာ ထားခဲ့ပြီး နေပူပူထဲ ကားပေါ်သာ ခေါ်မလာခဲ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!