ဦးမင်းလူ နုတ်ထွက်သွားခြင်း
ယောကျာင်္းပီသတယ် ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာ ဆိုရင်....။
ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့
ကိုယ့်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာ ဆိုရင်.....။
ကြိုးစားတယ် ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာ ဆိုရင်...။
ဂုဏ်သရေရှိတယ် ဆိုတာ
သူတစ်ပါးအပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာ ဆိုရင်....။
အားကိုးရတယ် ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာ ဆိုရင်.....။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ရဲ့ ဘေးမှာ
"ရာသက်ပန် ဖျက်သိမ်း" ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။
(မင်းလူ၏ " ဦးမင်းလူကောင်းမှု" ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်)
Comments
အဲ..မဟုတ်ပါဘူး.
မမှတ်ပါဘူး။
သူ့စာတွေလိုပဲ...
ဖတ်ရတာ..ရင်ထဲတန်းကနဲထိတယ်..
မသိဂီ င်္ရေ..
ဦးမင်းလူရဲ့..ရယ်စရာမောစရာ(၁) လုံးချင်းရှိရင်တင်ပေးပါလား
မရှိလည်း..ရှာပေးပါနော်..
နော်..
နော်..
(ညုကလီယား လ်ုကြည့်တာ..)