၂၀၀၈ အတွက် အတွေ့အကြုံသစ်များ။
၁။ ပထမဆုံးသော သီလရှင် အတွေ့အကြုံ ( တကယ်တမ်း ၂၀၀၇- ဒီဇင်ဘာလကုန်မှာ ၀င်ဖြစ်တာပေမယ့် ၂၀၀၈.ဇန္န၀ါရီထိ ကူးသွားလို့)
၂။ ဧပြီလလယ်လောက်မှာ ထိုင်းနိုင်ငံ ဖူးခက်ကို အလည်တစ်ခေါက်ရောက်ခဲ့။ ဒါလည်း ဖူးခက်ကို ပထမဆုံးအကြိမ်ပဲ။
၃။ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖူးခက် ကူးဖို့ စောင့်တုန်း ဆိုနီ ဗွီဒီယိုကင်မရာလေး အလစ်သုတ်ခံလိုက်ရခြင်း။
၎။ ရန်ကုန်ပြန်မည့်ရက် နာဂစ်ဝင်သွားခြင်းကြောင့် မပြန်နိုင်တော့ဘဲ လေဘေး ဒုက္ခသည်ဖြစ်သွားရခြင်း။
၅။ မြို့ပျက်ကြီးနီးပါး ဖြစ်သွားရသော ရန်ကုန်မြို့ကိုမြင်တွေ့ရခြင်း။
၆။ မေလ-၂၅ ရက်နေ့တွင် ဘ၀ စ တင်ခဲ့ခြင်း။
၇။ အဲဒီနေ့မှာပဲ ကျိုက်လတ်၊ ဖျာပုံသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း။ ( ဖျာပုံကနေ ရွာတွေကို ရေကြောင်းနဲ့ သွားခဲ့ရတာ)
၈။ ဇွန်လ ၁၉-ရက်နေ့တွင် (ပထမဆုံးအကြိမ်) အန်တီစု မွေးနေ့အတွက် နှင့် ကျမတို့ မင်္ဂလာနေ့ ၁၂-နှစ်ပြည့်တွက် ဆွမ်းကျွေးအလှူ။
၉။ ပထမဆုံးအကြိမ် မိုးပေါ်ကျ ကထိန်ခင်းခွင့် ရခြင်း။
သည်နှစ်ထဲ အမှတ်တရ ကျေးဇူးတင်မိသူတွေ။
၁။ ရိပ်သာမှ ဆရာတော်ကြီးများနဲ့ ဓမ္မမိတ်ဆွေများ။
၂။ မေ့ချင်ယောင်ဆောင်နေတဲ့ မွေးနေ့ကို အမှတ်တရ မွေးနေ့ဖြစ်အောင် ကူညီပံ့ပိုးပေးခဲ့တဲ့ ကျမရဲ့ ချစ်ခင်ပွန်းနှင့် သတိတရ ဖုန်းဆက်ခေါ်ခဲ့တဲ့ သူငယ်ချင်း TTT။
၃။ ကျမ မွေးနေ့အမှတ်တရ၊ ချစ်သူ နှစ်ပတ်လည် အမှတ်တရ၊ မင်္ဂလာနှစ်ပတ်လည် အမှတ်တရ စတဲ့ အမှတ်တရပေါင်းများစွာကို မမေ့လျော့အောင် သတိဆောင်ပြီး လက်ဆောင်ပေးနေခဲ့ရတဲ့ ကျမ ဘ၀မှာ အလိုအပ်ဆုံး ချစ်သူ နဲ့ ငယ်ငယ်က(ပထမနှစ်) ကျမရဲ့ ပုံတူလေးကို မွေးနေ့လက်ဆောင်အဖြစ် ပို့ပေးခဲ့တဲ့ သူငယ်ချင်း။
၎။ တကယ်တော့ လူဆိုတာ တစ်ယောက်ထဲ နေလို့ မရတဲ့ အမျိုး။ ခုလိုအချိန်မှာ ကိုယ့်အလုပ်တွေနဲ့ကိုယ် ကိုယ့်ကိစ္စ၀ိစ္စတွေကြားမှာ မလူးသာ မလွန့်သာ ဖြစ်နေကြတဲ့ အခါ.. သူငယ်ချင်းတွေ ဆုံဖို့လည်းခက်..ကြုံဖို့လည်းခက်.. အဆက်အသွယ် မပြတ် ရှိနေနိုင်ဖို့ကလည်း ခက်တဲ့ကြားက... တခါတလေ သတိတရ ဆက်သွယ်တတ်တဲ့ သူငယ်ချင်းတွေ။
၅။ စိတ်ရဲ့ ထွက်ပေါက်အဖြစ်ရော.. မရေးရ မနေနိုင်ရော ရေးနေတဲ့ သည်ဘလော့ဂ်လေးကနေ ခင်လာခဲ့ရတဲ့ မိတ်ဆွေများ။
၅။ နောက်ဆုံးကတော့ ဘာပဲကြုံလာ ကြုံလာ သည်းခံပြီး ပါးစပ်ပိတ်၊ နားပိတ် မျက်စေ့မှိတ် နေတတ်ဖို့ လေ့ကျင့် သင်ကြားပေးနေတဲ့ ကျမတို့ရဲ့ ချစ်သော မြန်မာပြည်။ ။
Comments
၃.၄.၅.၆.၇.တွေ နောက်ထပ်မကြုံရပါစေနဲ့..
သီလရှင်တော့ သိပ်မ၀တ်ပါနဲ့နော်။
ဘိုမလေးရုပ်လေးနဲ့ ကတုံးနဲ့သိပ်မလိုက်ဘူးလေ။
တရားပိုအားထုတ် (ပြောင်းပြန်မဖတ်ရ)နိုင်ပါစေ။
(ဘ၀ကို ဦးအောင် စသွားလို့ တစ်မထဲမ ပစ်လိုက်တာ နောက်တစ်ခါ ခေါ်တော့ဘူးနော်။)
သိင်္ဂီနွယ်ရဲ့ မှတ်စုစာအုပ်လေးကို ဘေးကနေတိုးကြည့်ခွင့်ရလို့ ကျေးဇူးပါ။
မမKOMရေ.. water follow, fish follow ပါပဲ။
ပေးတဲ.ဆုနဲ. ပြည့်ပါစေ မွန်ရေ.. ဒီပုံစံအတိုင်းဆို တရားပဲ ပိုအားထုတ်နေရတော့မှာပဲ..ဟဲဟဲ
သီတာ ညီမလေးရေ.. ဘ၀ စည်းက ခြားသွားပြီ.. မမ တို.က ဒီ စည်းဝိုင်းထဲ ရောက်သွားပြီ.. ဖြေးဖြေး လိုက်ခဲ.နော်.. ဟဲဟဲ