Skip to main content

သဇင်အမှတ်တရ.. ဓာတ်ပုံ

ကေ-မမ ပို့ပေးတဲ့ ပထမနှစ် သဇင်အဆောင် ဒင်နာတုန်းက  ပုံလေးပါ။   အဲဒီပုံထဲမှာ သဇင်ကွန်း..အဲ..  ကွင်း မပါပါဘူး။ သူက ကြော်ငြာအတွက် ဓာတ်ပုံဆရာတွေ ၀ိုင်းဝိုင်းလည်နေတဲ့ အချိန်ပေါ့။
ကျမ ဆီမှာ မရှိတော့တဲ့ ပုံလေး ပြန်တွေ့ရလို့တော်တော်  ပျော်သွားရတယ်။

Comments

ThuHninSee said…
တို့အစ်မက ချောတယ်ဝေ့။ မေ၀င်းမောင်နဲ့ aishwarya raiကြားက ရုပ်မျိုး ။ ဒါနဲ့ မ "မမ "
က ဘယ်တစ်ယောက်လဲဟင်။ able- doဆိုတာ ၀တ်ထားတာလား။
Anonymous said…
အဟီး.. အန်တီtgကဘယ်ဟာလည်းဗျို့..။
ခုခေတ်မျက်လုံးနဲ့ကြည့်ရင် တစ်မျိုးကြီးတော့တစ်မျိုးကြီး
ဟီးး။းD
ThuHninSee said…
ဒါလေးတောင် မသိဘူးလားအေ့။ အရင်ပုံဟောင်းတွေကို ကြည့်ပြီး ရုပ်ဖမ်းလို့ရတာပဲ။ သားသိပ်ညံ့တယ်ကွယ်။
ဆယ်နှစ်.. :P
Sonata Cantata said…
မွန်ရေ နီးစပ်နေပြီ ရှေ့လေးနည်းနည်းတိုးလိုက်...
able-do ၀တ်ထားတဲ့ မမလည်း very capable woman
(အင်း..လွန်ခဲ့တဲ့ ၂၄နှစ်က)
PAUK said…
အရှေ့တန်းက ဘယ်ဖက်ကစရေရင် ၄ယောက်မြှောက်လား..
ပန်းရောင်ရင့် အင်င်္ကျီလေးနဲ့..
မဟုတ်ရင်..
အရှေ့တန်း ဘယ်ဖက်က ပထမဆုံးတစ်ယောက်လား..
အဖြူ အနီကျား Tee နဲ့..
ThuHninSee said…
အရှေ့ဘက်က အနီကျားနဲ့တစ်ယောက်ပဲ။ ဘေးကတစ်ယောက်က လက်ကိုကိုင်ထားတယ်။
မတီဂျီရဲ့ မျက်လုံးက တောက်တယ်။ ရုပ်ချင်းဆင်ပေမယ့်
မရမ်းရောင် နဲ့တစ်ယောက်ရဲ့ မျက်လုံးကမှိန်တယ်။
ကြီးလာတဲ့ပုံကိုကြည့်။ အဟိ..ဆားပုလင်းနှင်းမွန်။
http://bp0.blogger.com/_zJ0anPcjNuE/R4YBRBJMSbI/AAAAAAAAAMs/xq0GpGLY4UA/s1600-h/mum+%26+kids+in+noble+life.jpg
PAUK said…
ကျနော်ထင်တာလဲ..အနီကျားနဲ့ပဲ
မသိဂီ င်္က ဆံပင်နဂိုကောက်ရှိတယ်လို့ပြောဖူးတယ်
ငှဲငှဲ
ဇနိ said…
အမ သိဂီင်္ရေ သဇင်ဆောင်အဝင်ကို ပြန်သတိရသွားပြီ။
အမတို့တုန်းက အမှတ်တရပုံလေးတွေကြည့်ရတာလည်း တမျိုးချစ်စရာကောင်းတယ်နော်။
ရုပ်လေးတွေက နုနယ်နေတယ်တော့ အသေအချာပဲ။
နိနိက သဇင်ဆောင်ကို ခဏခဏရောက်ဖြစ်တယ်။
သဇင်ဆောင်နောက်ဖက်ကနေ စာတိုက်လေးဆီလာလို့လည်း ရတယ်နော်။
အမတို့တုန်းက ပျော်စရာပိုကောင်းမယ်။
tg.nwai said…
တို့ကို မွန်မှန်းတာ တော်ပါပေတယ်.. ဆားပုလင်းနှင်းမွန်ရယ်..
မမ လည်းပါတယ်..မနိုင်လည်း ပါတယ်..။

ကြယ်ပွင့်လေးရေ..အရင်ခေတ်ဟောင်းကားတွေ ကြည့်ရသလိုပေါ့..ဘယ်လိုကြီးမှန်းမသိ..နှစ် နှစ်ဆယ်ကျော်က ပုံတွေကိုး။

ပေါက်..သဇင်ကွင်းပုံ ဘယ်မှာတွေ့သွားလို့လဲ..သူ့ကော်မန့်မှာ ရေးထားတာ တွေ့လို့..။ မမကို ရှာပါဦး။ သင်းနွယ်ဇင်ဘလော့ဂ်ပိုင်ရှင်က ဒီပုံထဲမှာ မပါဘူးနော်..

နိနိက အဆောင်ကို ရောက်ဖူးတယ်ပေါ့..ဟုတ်တယ်.. သရဖီဘက်ကနေ သွားရင် အဆောင်ကင်တင်းန်ရောက်တယ်..အဲဒီမှာပဲ စာတိုက်နီနီလေးကနေ တဆင့်စာထည့်ရတာ..သက်ဆိုင်သူတွေဆီပေါ့..ဟဲဟဲ

သီတာကတော့ သည်လူတွေ အကုန်သိပါတယ်..ပြောနဲ့နော်..ဟဲဟဲ
အားလုံး Queen တွေပါဗျို့.. တောင်ငူ Queen, ပဲနွယ်ကုန်းQueen, ရေဉီး Queen, ......စသည်.. စသည်.. ဖြင့်....
Sonata Cantata said…
opps, sorry sorry မသီတာရှုပ်အောင်လုပ်ပြန်ပီ...ပထမ ကော်မန့်မှာ able-do ၀တ်ထားတဲ့ မမလို့ရေးလိုက်တာ K-မမကို ဆိုလိုတာမဟုတ်... K-မမကလေ..အဲ့ဒီ able-do ၀တ်ထားသူလေးရဲ့ ရှေ့ကိုနည်းနည်းသွားလိုက်လို့ ...(ဘွာတေး ဘွာတေး..ဘလော့ဂ် ပိုင်ရှင်က ပြောရဘူးတဲ့အေ့...)
PAUK said…
ဒါဆို..
မ မမက အရှေ့ဖက်တန်းက
ဘယ်ဖက်ကရေရင်..၄ယောက်မြှောက်
ပန်းရောင်နဲ့ မမ ပေါ့နော်..
ဟုတ်လား..မသီတာ..
ThuHninSee said…
ဒါဆို..၀မ်းတဆက်နဲ့ ဆံပင်တိုတို လှပျိုဖြူလေးပဲနေမှာပေါ့နော်။ ဆက်သွယ်ရေးမှာ လုပ်တဲ့သူဆိုရင်တော့..သူငယ်ချင်းဆီလာလို့ တွေ့ရင် နှုတ်ဆက်မယ်နော်..ဟိဟိ။
Sonata Cantata said…
မွန်ရေ ဟုတ်သေးဘူး ညီမလေးရဲ့
ထွက်ခဲ့ပါတော့ K-မမ ဆိုတဲ့နှမပျိုရေ
said…
ညီမလေး ThuHninSee ရေ Pauk ပြောတဲ့သူ က K-မမ ၊ tg နောက်ကရက်နေတာက ရေဦးသူ မနှိင် (ငတက်ပြားသရက်သီး)၊ခ်ျိတ်ထမိန်နဲ့က tg ရေးတဲ့ထဲပါတဲ့ ရွှေမန်းက အသန်း၊ able-do ဝတ်ထားသူကတော့ သီတာတို့နေရာလုရလောက်အောင် ဟာသတွေပြောတတ်သူ ဖြိုး၊ ညီမလေး ThuHninSee ပြောတဲ့ K-မမ ဘေးက နောက် post မှာပါမယ့် (လက်ထောက်ငတက်ပြား)။
သဇင်အကြောင်းလေးတွေကိုစိတ်ဝင်တစားနားထောင်(ဖတ်)ကြတဲ့ ညီမလေး မောင်ငယ်လေးတွေကို အထူးကျေးဇူးတင်ပါတယ်ကွယ်။
Sonata Cantata said…
K-မမရေ သီတာတို့ နေရာလုတာ "ပြူး" (Pyoo) ပါ (Metallaurgy) ကလေ day ကျောင်းသူပါပဲ၊ able-do ၀တ်ထားတဲ့ "ဖြိုး" ကို ပြောတာမဟုတ်ဖူးနော်
လက်ထောက် ငတတ်ပြားကို စောင့်မျှော်လျက်ပါ..
btw, tg သူငယ်ချင်းကြီးရေ မာကျန်းပါရဲ့လား ဟဲဟဲ

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ